ပိတ်ဆို့မှုကြောင့် ဒုက္ခတွေ့နေသည့် တောင်ပျောက်တိုက်နယ်

သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ်တွင် စစ်ကောင်စီက လမ်းကြောင်းများတွင် ပိတ်ဆို့ စစ်ဆေးနေသဖြင့် ဒေသခံများ စားနပ်ရိက္ခာ သယ်ယူပို့ဆောင်ရန်ပင် အခက်တွေ့နေပြီး သတ်ဖြတ်မှု၊ မီးရှို့မှု၊ ဖမ်းဆီးမှုများလည်း ဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရသည်။ တောင်ပျောက်တိုက်နယ် အဝင်အထွက်လမ်းတစ်ခုဖြစ်သည့် သဲချောင်းကြီးရွာတွင်...

သရက်ချောင်း သဲချောင်းကြီးရွာက NLD အမာခံ၏ နေအိမ် ချိတ်ပိတ်ခံရ

သရက်ချောင်းမြို့နယ်၊ သဲချောင်းကြီးကျေးရွာက NLD ပါတီအမာခံ ဦးဆန်းထွန်း၏ နေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ချိတ်ပိတ်လိုက်ကြောင်း အိမ်ပိုင်ရှင်နှင့် ဒေသခံရွာသားအချို့က ပြောသည်။ အသက် ၄၃ နှစ်အရွယ် ဦးဆန်းထွန်း (ခေါ်) ကိုရန်ကုန် ၏ နေအိမ်မှာ...

ထားဝယ်ခရိုင်လျှပ်စစ်မီတာခ လစဉ်ဈေးတက်၊ တင်ဒါအောင်ဈေးထက် ၄၅ ကျပ်ပို

ထားဝယ်ခရိုင်တွင် လျှပ်စစ်မီတာခမှာ ပြီးခဲ့သည့် ဇူလိုင်လမှစကာ လစဉ်ဈေးတက်နေပြီး ဈေးတက်မည့် အကြောင်းကို ကြိုတင်အသိပေးခြင်းလည်း မရှိကြောင်း လျှပ်စစ်သုံးစွဲသည့် ပြည်သူများထံမှ သိရသည်။ ဇူလိုင်လက လျှပ်စစ်တစ်ယူနစ်လျှင် ၂၃၅ ကျပ် ကောက်ခံနေရာမှ ဒေါ်လာဈေးတက်သည်ဟုဆိုကာ နိုဝင်ဘာလအတွင်း...

ဆိုင်ကယ်တစ်ပတ်ရစ်ဈေး မြင့်တက်

ထားဝယ်ဒေသတွင် ပြီးခဲ့သည့်တစ်လခန့်မှစကာ ဆိုင်ကယ်တစ်ပတ်ရစ်ဈေး မြင့်တက်နေကြောင်း ဆိုင်ကယ်ဝယ်ရောင်းလုပ်နေသူအချို့ထံမှ သိရသည်။ ဆိုင်ကယ်အသစ် (ပါကင်) ဈေးတက်နေသည့်အတွက် အသုံးပြုပြီး ဆိုင်ကယ်တစ်ပတ်ရစ်ဈေးလည်း တက်သွားကြောင်း ထားဝယ်မြို့ရှိ ဆိုင်ကယ်ဝယ်ရောင်းလုပ်နေသူတစ်ဦးက ဆိုသည်။ ဆိုင်ကယ်...

လောင်းလုံး ဝေဒီရွာတွင် ရွာသားသုံးဦးအဖမ်းခံရ၊ ဆိုင်ကယ်အချို့ကိုလည်း ဒဏ်ရိုက်

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် ဝေဒီကျေးရွာတွင် စစ်တပ်က တပ်လာစွဲပြီး‌နောက် ရွာသားသုံးဦး အဖမ်းခံရကာ ဆိုင်ကယ်အချို့ကိုလည်း ဖမ်းဆီးဒဏ်ရိုက်ကြောင်း ဒေသခံအချို့က ပြောသည်။ ဒီဇင်ဘာလ ၁၄ ရက်တွင် စစ်တပ်က ဝေဒီကျေးရွာဈေးအနီးရှိ ဘုန်းကြီးကျောင်းတွင် တပ်စွဲထားကြောင်း ဒေသခံတစ်ဦးကပြောသည်။

ထားဝယ် ရေဝိုင်းရွာက အမျိုးသားနှစ်ဦး ပစ်သတ်ခံရ

ထားဝယ်မြို့နယ်၊ ပကာရီကျေးရွာအုပ်စု၊ ရေဝိုင်းရွာက အမျိုးသားနှစ်ဦး ဒီဇင်ဘာလ ၁၄ ရက် ညတွင် သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း အဆိုပါကျေးရွာက ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ညနေ ၅ နာရီခန့်က ရေဝိုင်းရွာနှင့် မြင်းမတပ်ရွာကြားလမ်းပိုင်းတစ်နေရာတွင် ပစ်သတ်ခံရခြင်း...

ရေဖြူတွင် NLD မြို့နယ်အလုပ်အမှုဆောင်နှစ်ဦး၏ နေအိမ် ချိတ်ပိတ်ခံရ

ထားဝယ်ခရိုင် ရေဖြူမြို့တွင် NLD ပါတီ မြို့နယ်အလုပ်အမှုဆောင် နှစ်ဦး၏ နေအိမ်အား စစ်ကောင်စီက ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ချိတ်ပိတ်လိုက်ကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ရေဖြူမြို့ (ဃ) ရက်ကွက် နှင်းဆီလမ်းရှိ ဦးသိန်းဇော်ဦး...

သရက်ချောင်း ကျွဲမင်းကုန်းရွာက NLD ပါတီအမာခံ၏ နေအိမ် ချိတ်ပိတ်ခံရ

သရက်ချောင်းမြို့နယ်၊ ကျွဲမင်းကုန်းရွာက NLD ပါတီအမာခံ ဦးစိုးသိန်း၏ နေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဒီဇင်ဘာ ၁၄ ရက်တွင် လာရောက်ချိတ်ပိတ်သွားကြောင်း ဒေသခံအချို့၏ ပြောပြချက်အရသိရသည်။ ကျွဲမင်းကုန်းရွာ အနီးဝန်းကျင်က ကနက်သီရိရွာ၌ ပြည်သူ့စစ်နှစ်ဦး အသတ်ခံရသည့်ဖြစ်စဉ်တွင် ပါဝင်သည်ဆိုသည့်...

သရက်ချောင်းမြို့ပေါ်ရှိ ဆိုင် ၃၀ ကျော်ကို ပိတ်ခိုင်း

သရက်ချောင်းမြို့ပေါ်ရှိ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်နှင့် ကုန်စုံဆိုင် စသည်ဖြင့် ဆိုင်ပေါင်း ၃၀ ကျော်ကို ဒီဇင်ဘာလ ၁၁ ရက်တွင် ပိတ်ထားခိုင်းထားကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံက သိရသည်။ ကိုဗစ်ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ လုပ်ဆောင်မထားဘဲ ဖွင့်လှစ်နေသည့် ဆိုင်များကို...

ထားဝယ်တက္ကသိုလ်ကျောင်းသားသမဂ္ဂ ဒုဥက္ကဋ္ဌ၏ မိခင် တရားစွဲခံရ

ထားဝယ်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဒုတိယဥက္ကဋ္ဌ မသီရိမိုး၏ မိခင်ဖြစ်သူ ဒေါ်သက်သက်ထွေးကို စစ်ကောင်စီက ဖမ်းဆီးကာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ ဖြင့် တရားစွဲထားကြောင်း မသီရိမိုးက ပြောသည်။ မသီရိမိုး၏ မိခင် အသက် ၄၆ နှစ်အရွယ်...