လောင်းလုံး သကျက်တောရွာတွင် စစ်ကောင်စီ တပ်စွဲထား၊ ‌ပစ်ခတ်မှုဖြစ်မည်ကို ဒေသခံများစိုးရိမ်

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် သကျက်တောရွာ နယ်မြေရဲစခန်း ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီတပ်က အဆိုပါရဲစခန်းနှင့် ကျေးရွာထဲတွင် နေရာယူတပ်စွဲထားကြောင်း ဒေသခံအချို့က ပြောသည်။ ယင်းကဲ့သို့ တပ်လာစွဲထားသဖြင့် ပစ်ခတ်မှုဖြစ်ပွားလာမည်ကို စိုးရိမ်ပြီး ဒေသခံအချို့တိမ်းရှောင်နေကြ ကြောင်း ၎င်းတို့က ပြောကြားသည်။

ဧကနိရွာတွင် ဒလန်ဟုဆိုသူအမျိုးသားတစ်ဦး ပစ်သတ်ခံရ

ရေဖြူမြို့နယ် ဧကနိရွာက သတင်းပေးဒလန်ဟုဆိုသူ အမျိုးသားတစ်ဦး မေလ ၅ရက်နေ့ ညနေ ၅ နာရီခန့်က နေအိမ်၌ရှိနေစဉ် ပစ်ခတ်ခံရသဖြင့် သေဆုံးကြောင်း ဒေသခံများက ပြောသည်။ ပစ်ခတ်ခံရသူမှာ အသက်၅၅ နှစ်အရွယ် ဦးကြည်စိုး ဆိုသူဖြစ်ကြောင်း...

သကျက်တော နယ်မြေရဲစခန်းကို လောင်းလုံး PDF အဖွဲ့ဝင်ရောက်တိုက်ခိုက်၊ နှစ်ဖက်တိုက်ပွဲပြင်းထန်

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် သကျက်တောကျေးရွာနယ်‌မြေရဲစခန်းကို မေလ ၅ ရက် ညဆယ်နာရီကျော်ခန့်က နယ်မြေခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ကနဦးသတင်းရရှိသည်။  ယင်း ရဲကင်းစခန်းကို မေလ ၅ ရက်နေ့ ညဆယ်နာရီကျော်အချိန်တွင် လောင်းလုံးမြို့နယ်...

စစ်ရေးတင်းမာနေ၍ ထားဝယ်-ထီးခီးလမ်းပိုင်းကို နေ့ဘက်သာ အသုံးပြုသွားလာရန် သတိပေးချက်ထုတ်ပြန်

စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်(PDF)တို့ စစ်ရေးတင်းမာနေသဖြင့် ထားဝယ်-ထီးခီးကားလမ်းနှင့် ဆက်စပ်လျက်ရှိသော လမ်းများကို နေ့ဘက်၌သာ အသုံးပြုသွားလာကြရန် တနင်္သာရီစစ်ဒေသခွဲ-ကွပ်ကဲရေးအဖွဲ့၊ ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် ထားဝယ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယနေ့ထုတ်ပြန်လိုက်သည်။  အဆိုပါလမ်းကြောင်းများတွင် စစ်ကောင်စီတပ်ကလည်း စစ်ဆေးမှုများပြုလုပ်နေပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များကလည်း စစ်ရေးလိုအပ်ချက်အရ စစ်ဆေးကြပ်မတ်မှုများ...

လောင်းလုံး သာယာကုန်းရွာတွင် နေအိမ်တစ်လုံး မီးလောင် 

လောင်းလုံးမြို့နယ် သာယာကုန်းကျေးရွာ ရွာရှင်ဖိုးဖိုး(နတ်အိမ်) အနီးရှိ နေအိမ်တစ်လုံး ယနေ့ ‌မွန်တည့် ၁၁ နာရီခန့်က မီးလောင်းကျွမ်းခဲ့ကြောင်း ဒေသခံအချို့ထံမှ သိရသည်။  ဒေါ်ခင်ချိုဆိုသူ၏ ပျဉ်ထောင်အိမ်မီးလောင်ခြင်းဖြစ်ပြီး နေအိမ်တွင် လူကြီးများမရှိချိန်တွင် လောင်ကျွမ်းခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။ 

သရက်ချောင်းမြို့နယ် စော်ဖျားရွာဘုရားကုန်းတွင် တိုက်ပွဲဖြစ်

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် စော်ဖျားရွာဘုရားကုန်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို မေလ ၄ ရက်ည ၇ နာရီခွဲခန့်က ဒေသကာကွယ်ရေးအဖွဲ့(PDF)တစ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံအချို့ထံမှ သိရသည်။ မနေ့ညပိုင်းက စစ်ကောင်စီဘက်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည်ကို ကြားရကြောင်း စော်ဖျားရွာမှ ဒေသခံအမျိုးသမီးတစ်ဦးက...

ထားဝယ် ပကာရီကျေးရွာရှိ နေအိမ်အချို့ လက်နက်ကြီးအစများထိမှန်

ထားဝယ်မြို့နယ် ထားဝယ်-ထီးခီးသွားလမ်းပေါ်ရှိ ပကာရီကျေးရွာအနီး မနေ့ (မေ ၄) ညဆယ်နာရီကျော်ခန့်က လက်နက်ကြီး ပစ်ခတ်ခံခဲ့ရပြီး နေအိမ်အချို့လက်နက်ကြီးစ ထိမှန်ခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။ လက်နက်ကြီး ပစ်ခတ်သံလေးချက်ကြားရပြီး လက်နက်ကြီးတစ်ချက်မှာ ပကာရီရွာအဝင်ရှိ ရဲကင်းစခန်းအနီး လေပေါ်တွင်...

PPTT တစ်နှစ်သင်တန်းကို ၂ လခွဲသာသင်ပြီး လက်ထောက်မူလတန်းပြများခန့်အပ်

ယခင်ကတစ်နှစ်တက်ရသည့် PPTT(လုပ်ငန်းခွင်အကြို မူလတန်းဆရာ အတတ်ပညာသင်တန်း) ကို နှစ်လခွဲသာ တက်ခိုင်းပြီး သင်တန်းဆင်းများကို လက်ထောက်မူလတန်းပြများအဖြစ် ခန့်အပ်လိုက်ကြောင်း စစ်ကောင်စီ၏ ပညာရေး အသိုင်းအဝိုင်းထံမှ သိရသည်။ စစ်ကောင်စီ၏ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ PPTT အမှတ်စဉ်(၇/၂၀)သင်တန်းကို...

လောင်းလုံးတွင် တွေ့ရှိသောအလောင်းမှာ ဖမ်းဆီးခံထားရသည့် ပန်းဒလဲကျေးနုတ်ပြင်ရွာသားဖြစ်နေ

လောင်းလုံးမြို့နယ်၊ သာယာကုန်းရွာအနီး ထန်းပင်တန်းလမ်းတွင်တွေ့ရှိရသော လူသေအလောင်းမှာ အမည်မသိလူတစ်စု ဖမ်းဆီးသွားသည့် ပန်းဒလဲကျေးနုတ်ပြင်ရွာသားဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ မေ ၃ ရက်(ယမန်နေ့)က သာယာကုန်းရွာအနီး ထန်းပင်တန်းလမ်းတွင် လက်ပြန်ကြိုးတုတ်၍ ဦးခေါင်း ၊လက်မောင်းများတွင် သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသည့် လူသေအလောင်းတစ်ခုကို...

သတ်ဖြတ်ခံရမှုများကြောင့် ပြည်သူများ ညမထွက်ရန် PDF ပူးပေါင်းအဖွဲ့နှိုးဆော်

လောင်းလုံးတွင် ယခုရက်ပိုင်း ပြည်သူများ သတ်ဖြတ်ခံရမှုဆက်တိုက် ဖြစ်လာနေမှုကြောင့် ဒေသခံများ ညမထွက်ကြရန် PDF ပူးပေါင်းအဖွဲ့သုံးဖွဲ့က ယ‌နေ့ ရက်စွဲဖြင့် တိုက်တွန်းနှိုးဆော်ချက် ထုတ်ပြန်လိုက်သည်။ ယနေ့ မနက်ပိုင်းက သာယာကုန်းကျေးရွာအနီးတွင် သတ်ဖြတ်ခံထားရသော အမျိုးသား အလောင်းတွေရှိရပြီးနောက် ယင်းကဲ့သို့ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။