စစ်ကောင်စီကိုကြောက်၍ ထားဝယ်က ရွှေဆိုင်အများစု ဈေးမဖွင့်

အခေါက်ရွှေစျေး စံချိန်တင်မြင့်တက်နေမှုကို စစ်ကောင်စီက အာဏာဖြင့် ထိန်းချုပ်ကန့်သတ်ရန် လုပ်ဆောင်လာမှုကြောင့် ထားဝယ်မြို့ရှိ ရွှေဆိုင်အများစုက ဈေးမဖွင့်တော့ဘဲ အရောင်းအဝယ် ရပ်နားထားကြကြောင်း ရွှေဆိုင်ပိုင်ရှင်အချို့ထံမှ သိရသည်။ အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၄၂ သိန်းနီးပါးရှိလာချိန်တွင် ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းက...

ထားဝယ်တွင် အမျိုးသမီးငယ်တစ်ဦး ပျောက်ဆုံးပြီးခြောက်ရက်အကြာတွင် အလောင်းပြန်တွေ့

ထားဝယ်မြို့နယ်တွင် အသက် ၁၈ နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦး အသတ်ခံရကြောင်း မိသားစုဝင်များထံမှသိရသည်။ သေဆုံးသူမှာ ထားဝယ်မြို့နယ် မောင်မယ်ရှောင်ကျေးရွာအုပ်စု ပဒိုင်းချောင်းရွာသူ မပန်းအိဖြိုး ဆိုသူဖြစ်သည်။ မပန်းအိဖြိုးသည် မတ်လ ၁၁...

လောင်းလုံးတွင် စစ်မှုထမ်းရန် တစ်ရပ်ကွက်လျှင် ငါးဦးနှုန်းဆင့်ခေါ်

လောင်းလုံးမြို့ပေါ်တွင် စစ်မှုထမ်းရန် တစ်ရပ်ကွက်လျှင် ၅ ဦးနှုန်းဖြင့် မြို့ပေါ်ရပ်ကွက်အချို့တွင် ယခုအပတ်မှစပြီး စတင်ဆင့်ခေါ်နေကြောင်း မြို့ခံအချို့ကပြောသည်။ ယင်းသို့ ဆင့်ခေါ်နေသဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးအချို့နှင့် လူငယ်များ ထွက်ပြေးနေကြရကြောင်း မြို့ခံအချို့က ဆိုသည်။

ထားဝယ်မြို့လယ်ရှိ တံတားနှစ်စင်းကို စစ်ကောင်စီထပ်ပိတ်ပြန်

ထားဝယ်မြို့လယ်ရှိ ဘုမ္မော်ချောင်းကူးတံတားနှစ်စင်းကို စစ်ကောင်စီတပ်က ယနေ့ မတ်လ ၁၅ ရက်တွင် ထပ်ပိတ်လိုက်ကြောင်း မြို့ခံအချို့ထံမှ သိရသည်။ အဆိုပါ ဘုမ္မော်ချောင်းမှာ မြို့ မြောက်ဘက်အပိုင်းနှင့် တောင်ဘက်ကို ဖြတ်သန်းစီးဆင်းနေသည့်ချောင်းဖြစ်ပြီး ယင်းချောင်းပေါ်တွင် တံတား ၆...

ထားဝယ်နည်းပညာတက္ကသိုလ်က ဆရာသုံးဦး လဝက်ကျော်ကြာသည်အထိ ပြန်မလွတ်သေးဟုဆို

ဗထူးတပ်မတော်က ဖမ်းဆီးခေါ်ဆောင်သွားသည့် ထားဝယ်နည်းပညာတက္ကသိုလ်က ဆရာသုံးဦး ပြန်မလွတ်လာသေးကြောင်း ယင်းတက္ကသိုလ်ရှိ ကျောင်းသားအချို့က ပြောသည်။ ထားဝယ်နည်းပညာတက္ကသိုလ်ကျောင်းအုပ်ကြီးအပါအဝင် ဆရာ၊ ဆရာမသုံးဦးကို ဗထူးတပ်မတော်က ဖေဖော်ဝါရီလ ၂၈ ရက်‌က ဖမ်းဆီးသွားခြင်းဖြစ်သည်။

ထားဝယ်ဒေသရှိ အင်တာနက်ကန့်သတ်ခံထားရသည့်နေရာများတွင် တော်လှန်ရေးစာစဥ်များဖြန့်ဝေ

ထားဝယ်ခရိုင်အတွင်းရှိ အင်တာနက် ကန့်သတ်ခံထားရတာသည့် ဒေသများတွင် မတ်လမှစ၍ ဂိမှာန် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးကော်မတီက တော်လှန်ရေးစာစဥ်များ အပတ်စဥ် စတင်ဖြန့်ချီပေးနေကြောင်း ယင်းကော်မတီထံက သိရသည်။ “သတင်းအချက်အလက်တွေ အဆက်အသွယ်မပြတ်ကြဖို့ ရည်ရွယ်ချက်နဲ့ အဓိကဖြန့်ဝေတာပါ” ဟု...

ဟိန္ဒားရွာက CDM ရဲတပ်သား အသတ်ခံရဟု မိသားစုဆို

ထားဝယ်အရှေ့တောဒေသ ဟိန္ဒားရွာက CDM ရဲတပ်သား ကိုမျိုးသီဟကျော် (ခ) ကိုသီဟ အသတ်ခံရသည်ဟု ကြားသိရပြီး အလောင်း ပြန်မရသေးကြောင်း ၎င်း၏မိသားစုဝင်နှင့် ဒေသခံအချို့က ပြောသည်။ မတ်လ ၁၁ ရက်က ဝကုန်းရွာတွင် အကြွေးသွားတောင်းပြီးအပြန်...

တိုက်ပွဲမရှိဘဲ လောင်းလုံးမြို့အနီး ကျေးရွာများဘက်သို့ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လောင်းလုံးမြို့အနီးရှိ ကျေးရွာများဘက်သို့ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုများ ဆက်တိုက်ပြုလုပ်လာကြောင်း ဒေသခံတို့က ပြောသည်။ မတ်လ ၁၀ ရက်ကစပြီး ည ၁၁ နာရီဝန်းကျင်တွင် ပစ်ခတ်ခြင်းဖြစ်ပြီး သုံးညဆက်တိုက် ထိုသို့ပစ်ခတ်ခြင်းဖြစ်ကြောင်း ဒေသခံတို့က...

ထားဝယ်အရှေ့တောဒေသကို စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဗုံးထပ်ကြဲ

ထားဝယ်အရှေ့တောဒေသကို စစ်ကောင်စီတပ်က ယနေ့ မတ်လ ၁၂ ရက် နံနက် ၁၀ နာရီခန့်တွင် တိုက်လေယာဉ်ဖြင့် ထပ်မံ ဗုံးကြဲတိုက်ခိုက်ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့နှင့် ဒေသခံအချို့က ပြောသည်။ လတ်တလောရရှိသည့် သတင်းများအရ မေတ္တာမြို့အနီးတဝိုက်နှင့် ပျဉ်းသားတော၊...

လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ဝင်းဝရွာက ဒေသခံလေးဦးဒဏ်ရာရ

သရက်ချောင်းမြို့နယ် ဝင်းဝရွာစခန်းကုန်းပေါ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည် နှစ်လုံး နေအိမ်ခြံဝန်းထဲ ကျရောက်ပေါက်ကွဲပြီး ဒေသခံ လေးဦးဒဏ်ရာရကြောင်း ဒေသခံအချို့က‌ ပြောသည်။ မတ်လ ၉ ရက် ညနေပိုင်းတွင် ဝင်းဝစခန်းကုန်းက ပစ်ခတ်သည့်...