အာဆင်နယ်ဟာ ပျောက်သောလမ်းမှာ စမ်းတဝါးထဲ ရောက်သွားခဲ့ရလေပြီလား

ကြားရက် ပရီးမီးယားလိဂ်ပွဲစဉ်မှာ အာဆင်နယ်ကို မန်စီးတီးက အနိုင်ယူလိုက်ပါတယ်။ ဒါဟာ ဒီနှစ် ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ ကြီးမားလွန်းလှတဲ့ အလှည့်အပြောင်းကြီးပါပဲ။ အာဆင်နယ်ဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် သုံးပွဲဆက်တိုက် ခြေချော်ခဲ့ပါတယ်။ အကြောင်းရှိလို့ အကျိုးဖြစ်လာတယ် ဆိုတဲ့အတိုင်းပါပဲ။ နောက်ဆုံးမှာတော့...
video

တစ်ပတ်တာအကောင်းဆုံးပွဲစဉ်များ ရွေးချယ်ခြင်း

Dawei Watch ပရိသတ်တွေအတွက် တစ်ပတ်တာ အကောင်းဆုံးပွဲစဉ်ပွဲစဉ်ကို ရွေးချယ်သုံးသပ်တင်ဆက်ပေးလိုက်ပါတယ်။ အခုတစ်ပတ်မှာဆိုရင် ဥရောပထိပ်သီးလိဂ်တွေတိုင်းမှာ ပွဲစဉ်ကောင်းတွေ အများအပြား ရှိလို့နေပါတယ်။ ရှေ့လာမယ့် ကြားရက်တွေကိုရောက်ရင် ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်ပွဲစဉ်တွေကလည်း ပြန်လည်ဝင်ရောက်လာတော့မှာပါ။
video

မန်ယူကို ရောင်းထုတ်မယ့် ဂလေဇာနဲ့ ဖာဂူဆန်

မန်ယူကို ဂလေဇာမိသားစုက လက်လွှဲရောင်းချတော့မယ့်သတင်းတွေ အဆက်မပြတ် ထွက်ပေါ်လာခဲ့ပြီပဲဖြစ်ပါတယ်။ ဒီတော့ ဒီတစ်ကြိမ်မှာ အသင်းကို ဂလေဇာညီအစ်ကိုတွေ တကယ်ပဲ ရောင်းထုတ်ပေးလိုက်လေတော့မလားဆိုတာက စောင့်ကြည့်ချင်စရာပါပဲ။
video

တစ်ပတ်တာ အကောင်းဆုံးပွဲစဉ်များ ရွေးချယ်သုံးသပ်ခြင်း

ဒီတစ်ပတ်ရဲ့ ဘောလုံးပွဲစဉ်တွေထဲမှာလည်း ပွဲစဉ်ကောင်းတွေ အများအပြား ပါဝင်လို့နေပါတယ်။ ပရီးမီးယားလိဂ်မှာဆိုရင်လည်း လီဗာပူးနဲ့ အာဆင်နယ်တို့က တန်းမဆင်းရရေးတိုက်ပွဲဝင်နေတဲ့အသင်းတွေနဲ့ တွေ့နေရသလို မန်ယူဆိုရင်လည်း ခရစ္စတယ်လ်ပဲလေ့စ်နဲ့ကစားရမှာဖြစ်လို့ ပွဲကျပ်ရင်ဆိုင်နေရတဲ့သဘောပါပဲ။ စပါးနဲ့ မန်စီးတီးတို့ ထိပ်တိုက်တွေ့နေတဲ့ပွဲကတော့...
video

မန်ယူကောင်းကင်ထက်ဆီ ပြန်လည်မှိုင်းညို့လာတဲ့ တိမ်မည်းမိုးသားတွေ

မန်ယူအတွက် စိန်ခေါ်မှုတစ်ခု အစပြုလိုက်ပါပြီ။ အဲ့ဒါကတော့ ကွင်းလယ်လူ အဲရစ်ခ်ဆင် ခြေမျက်စိဒဏ်ရာရပြီး သုံးလ နားရဖို့ အကြောင်းဖန်သွားတာပါပဲ။ ပန်းဝင်ကာလဆီကို ရောက်ရှိလာချိန်၊ အသင်းအတွက် ဟန်ချက်ညီမှုတစ်ခုကို ရှာဖွေတွေ့ရှိချိန်မှာ အသင်းရဲ့အဓိက,ကစားသမားတစ်ယောက် ထိခိုက်ဒဏ်ရာရသွားတာက မန်ယူအတွက် နစ်နာလှပါတယ်။...
video

တစ်ပတ်တာအတွက် အကောင်းဆုံးပွဲစဉ်များ ရွေးချယ်သုံးသပ်ခြင်း

အပတ်စဉ် တင်ဆက်ပေးနေကျဖြစ်တဲ့ တစ်ပတ်တာအတွက် အကောင်းဆုံးပွဲစဉ်များ ရွေးချယ်သုံးသပ်ပေးခြင်းကဏ္ဍက ကြိုဆိုလိုက်ပါတယ်။ ဒီတစ်ပတ်မှာလည်း Dawei Watch ပရိသတ်တွေအတွက် ရင်ခုန်စိတ်လှုပ်ရှားစရာ ပွဲစဉ်ပေါင်းများစွာရှိတဲ့အနက်က အကောင်းဆုံးဖြစ်လာမယ့်ပွဲစဉ်တွေကို ရွေးချယ်ပြီး သုံးသပ်တင်ဆက်ပေးလိုက်ပါတယ်။
video

ယုံကြည်ချက်တွေကို မစွန့်လွှတ်ခဲ့တဲ့ အာဆင်နယ်အတွက် ဂန္ထဝင်ကျွန်း အစစ်အမှန် ရောက်လာချိန်တန်ပြီ

အာဆင်နယ်ဟာ ခရီးကြမ်းတစ်ခုကို ဖြတ်သန်းခဲ့ရပါတယ်။ အခုမှပဲ ငိုသံတွေဟာ ဝေးစပြုလာတာပါ။ အမှောင်ဖုံးနေတဲ့ သန်းခေါင်ယံကမ္ဘာကြီးဆိုတာကလည်း အာဆင်နယ်အတွက် အခုမှ အိပ်စက်စ ပြုလာခဲ့တာပါ။ အတူတူ မင်းနဲ့ငါ ဆိုတဲ့အတိုင်း ယုံကြည်ခြင်းရဲ့ကမ္ဘာဆီကို လျှောက်လှမ်းဖို့အတွက် အာတီတာနဲ့ အာဆင်နယ်တို့ဟာ အမှောင်ယံကာလထဲ လက်တွဲပြီး လျှောက်လှမ်းခဲ့ရတာပဲဖြစ်ပါတယ်။
video

ဒီအပတ်အတွက် အကောင်းဆုံးပွဲစဉ်များ ရွေးချယ်သုံးသပ်ခြင်း

အခုတစ်ပတ်မှာလည်း ပွဲကြီးပွဲကောင်းတွေ အများအပြား ရှိလို့နေပါတယ်။ ပရိသတ်တွေရဲ့အာရုံကို ထိပ်ဆုံးကနေ ဖမ်းစားထားတာကတော့ အာဆင်နယ်-မန်ယူ၊ လီဗာပူး-ချယ်လ်ဆီး အစရှိတဲ့ ပွဲစဉ်တွေပါပဲ။ လိဂ်အားလုံးဟာ အတိမ်းအစောင်းမခံ မခံတော့တဲ့ ကာလဆီကို ဝင်ရောက်လာခဲ့ပြီဖြစ်လို့ တစ်ချက်မှားတဲ့အသင်းက ဒုက္ခများတော့မှာပါ။
video

အာဆင်နယ် ချန်ပီယံဖြစ်ဖို့ ရေးထားတဲ့ ဇာတ်ညွှန်းတစ်ပုဒ်များ ဖြစ်နေလေသလား

အာဆင်နယ်ကို ဒီနှစ်မှာ ဒီလောက်အထိ ကောင်းမွန်လာ၊ တိုးတက်လာလိမ့်မယ်လို့ ဘယ်သူကမှ မျှော်လင့်မထားခဲ့ပါဘူး။ အခုတော့ အာဆင်နယ်ဟာ အတိုင်းအတာတစ်ရပ်အထိ ဖြစ်သွားခဲ့ပါပြီ။ တွန်းတင်လိုက်ရင် တက်သွားနိုင်တယ်ဆိုတဲ့အနေအထားမျိုးဆီ ရောက်ရှိလာခဲ့ပါပြီ။ ဒါကြောင့်လည်း အာဆင်နယ် ချန်ပီယံဖြစ်ရမယ်ဆိုတဲ့ အော်ပရာတစ်ပုဒ် အထမြောက်ဖို့ နီးစပ်သထက် နီးစပ်လာတာပါ။
video

အကောင်းဆုံးပွဲစဉ် ၄ ပွဲကို ရွေးချယ်ခြင်း

Dawei Watch ပရိသတ်တွေအတွက် အပတ်စဉ် စီစဉ်တင်ဆက်ပေးနေတဲ့ အကောင်းဆုံးပွဲစဉ်တွေ ရွေးချယ်သုံးသပ်တင်ဆက်ပေးခြင်းကဏ္ဍကနေ ကြိုဆိုလိုက်ပါတယ်။ ဒီတစ်ပတ်မှာလည်း အကြိတ်အနယ် ပွဲကောင်းတွေ အများအပြားရှိနေတဲ့အတွက် အားပြိုင်မှုပြင်းထန်တဲ့ပွဲတွေကို ကြည့်ရှုကြရဦးမှာပါ။ ပွဲဆက်တွေ များပြားလာတာကြောင့် အသင်းအားလုံးဟာ ပွဲပန်းမှုဒဏ်တွေကို ရင်ဆိုင်နေရပါတယ်။