video

စိန်ခေါ်ပွဲ မထိုးသတ်ခင်မှာတင် စကားလုံးတိုက်ပွဲ ပြင်းထန်လာနေတဲ့ ဒေဝနဲ့ ပရွမ်းဆမ်းနန်

မြန်မာ့လက်ဝှေ့အလွတ်တန်းချန်ပီယံဟောင်း ဒေ့ဗ်လက်ပ်ဒက်ဗ်(ခ)ဒေဝ ဟာ လာမယ့်သီတင်းပတ် တစ်ပတ်ကျော်ကာလမှာ သူ့ရဲ့ပရော်ဖက်ရှင်နယ် ကစားသမားဘဝဖြတ်သန်းမှုရဲ့နောက်ဆုံးပွဲစဉ်ကို ထိုးသတ်တော့မှာပါ။ ဒီပွဲစဉ်ကို အရှေ့တောင်အာရှရဲ့အကြီးကျယ်ဆုံးပွဲစဉ် ဖြစ်လာလိမ့်မယ်လို့တောင် ဒေဝက တင်စားရည်ညွှန်းထားပါတယ်။ ဒေဝဟာ မြန်မာနိုင်ငံတစ်ခုတည်းမှာတင် ကြည့်ရှုအားပေးသူ...
video

ရင်ခုန်ခံစား Dawei Watch ပရီးမီးယားလိဂ်သုံးသပ်ချက်များ

ပရီးမီးယားလိဂ် ပွဲစဉ် ၉ ကစားပါတော့မယ်။ ဒီတစ်ပတ်က ပွဲကြီးပွဲကောင်းတွေ များနေပါတယ်။ ပရိသတ်တွေအနေနဲ့ ပထမဆုံးအဖြစ် မာဆေးဆိုက်ဒါဘီပွဲစဉ်ကို ရှုစားရမှာပါ။ အဲဗာတန်ဟာ ဘယ်လိုအခြေအနေမျိုးကိုပဲရောက်ရောက် လီဗာပူးကိုဆိုရင် အခက်တွေ့အောင် လုပ်တတ်လို့ ပွဲကောင်းတစ်ပွဲဖြစ်လာဦးမှာပါပဲ။
video

မန်ယူ အလုံးစုံပျက်စီးရေး နိဒါန်းကို ဂလေဇာမိသားစု အစပြုလိုက်ပြီ

ဒီလိုခေါင်းစဉ်ကြောင့် မန်ယူအားပေးသူပရိသတ်တွေ သဘောမတွေ့တာမျိုး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ တကယ်လည်းပဲ အခြေအနေက ဒီအတိုင်းဖြစ်လာခဲ့တာပါ။ လက်ရှိမှာ မန်ယူက အခြေယိုင်နေတာမျိုးပဲ ရှိပါသေးတယ်။ အခြေပျက်မသွားသေးပါဘူး။ နည်းမှန်လမ်းမှန်နဲ့ စနစ်တကျ ဆွဲတင်နိုင်ရင်...
video

ရင်ခုန်ခံစား တစ်ပတ်တာ အကောင်းဆုံးဘောလုံးပွဲစဉ်များ

ဒီတစ်ပတ်မှာတော့ မန်ယူ နိုင်ပွဲပြန်ရှာနိုင်ပါ့မလားဆိုတာကို စောင့်ကြည့်ရဖို့ ရှိနေသလို အာဆင်နယ်နဲ့ မန်စီးတီးတို့ ထိပ်တိုက်တွေ့နေတဲ့ စူပါဆန်းဒေး ပွဲကြီးပွဲကောင်းကလည်း ရှိလို့နေပါတယ်။ ဒီပွဲစဉ်ပြီးရင် နိုင်ငံတကာပွဲစဉ်တွေ ဝင်ရောက်လာတော့မှာဖြစ်လို့ အသင်းအများစုကို ကိုယ့်ရပ်တည်မှုကို ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့နဲ့ ဖိအားတွေအောက်ဆီ ရောက်မသွားစေဖို့...
video

ညီမဖြစ်သူ ကွယ်လွန်သွားလို့ အောင်မြင်နေတဲ့ ကစားသမားဘဝကို ကျောခိုင်းစွန့်လွှတ်လိုက်တဲ့ အန်ဂျလာလီ

သူမ နားသွားခဲ့ပြီ။ အောင်မြင်နေတဲ့ ကစားသမားဘဝကို စောစောစီးစီးပဲ အဆုံးသတ်သွားခဲ့ပါပြီ။ ၁၉၉၆ ခုနှစ် ဇူလိုင်လ ၈ ရက်နေ့မှာ ဖွားမြင်ခဲ့တဲ့ သူမရဲ့နာမည်က အန်ဂျလာ လီ ပဲဖြစ်ပါတယ်။
video

မန်ယူလမ်းမကြီးထဲ ၂ နှစ်တစ်ခါ ပေါ်လာတတ်တဲ့တစ္ဆေကျိန်စာဟာ နောက်တစ်ကြိမ် နောက်တစ်ခါလား

ဖာဂူဆန်ခေတ်လွန်ကာလဟာ မန်ယူအတွက် ကြမ်းတမ်းလွန်းခြင်းမက ကြမ်းတမ်းလွန်းလှပါတယ်။ ပရီးမီးယားလိဂ် ဆုဖလားက အသင်းရဲ့ဆုဖလားပြခန်းဆီ မျက်စိလည် လမ်းမှားပြီးတောင် ရောက်မလာတော့သလို ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာစာ ရနိုင်ဖို့အရေးကလည်း အသည်းအသန် ကစားရတဲ့အနေအထားမျိုး ဖြစ်သွားခဲ့ပါပြီ။ ယာယီခန့်အပ်ခဲ့တဲ့...
video

မန်ယူ ပြန်လာနေပါပြီ….. ​နိုင်ပွဲ​တွေ ဆက်​နေမလား

ဒီနေ့မှာ ပရီးမီးယားလိဂ်ပွဲစဉ် ၇ ရဲ့ပွဲစဉ်တွေ စတင်ယှဉ်ပြိုင်ပါတော့မယ်။ ပရီးမီးယားလိဂ်အသင်းကြီးတွေဟာ အခုဆိုရင် ပွဲကျပ်တွေကို ဆက်တိုက်ဆိုသလိုပဲ ဖြတ်သန်းနေရပါပြီ။ ဥရောပပွဲစဉ်တွေ၊ ခရာဘောင်းဖလားပွဲတွေ၊ ပရီးမီးယားလိဂ်ပွဲတွေကို မရပ်မနား ကစားရင်း အသင်းကြီးတွေဟာ ပွဲဆက်တွေ များသထက် များလာခဲ့ပါပြီ။
video

လမ်းပျောက်နေတဲ့ မန်ယူ နိုင်ပွဲရှာတွေ့နိုင်မှာလား

ပရီးမီးယားလိဂ် ပွဲစဉ် ၆ ရောက်ရှိလို့ လာပါပြီ။ ဒီတစ်ပတ်မှာဆိုရင် ပွဲကြီးပွဲကောင်းတွေ အများအပြား ပါဝင်လို့နေပါတယ်။ အာဆင်နယ်နဲ့ စပါးတို့ အားပြိုင်ကြမယ့် မြောက်လန်ဒန်ဒါဘီပွဲစဉ်၊ နိုင်ပွဲရဖို့အတွက် မဖြစ်မနေ ရုန်းကန်ရတော့မယ့် မန်ယူ၊ ဝက်စ်ဟမ်းနဲ့ ပွဲကျပ်ကစားရဖို့...
video

ရင်ခုန်ခံစား Dawei Watch ရဲ့ဘောလုံးပွဲသုံးသပ်ချက်များ

ဒီနေ့ညမှာ ပရီးမီးယားလိဂ်ပွဲစဉ် ၅ ရဲ့ပွဲစဉ်တွေ စတင်ယှဉ်ပြိုင်ရပါတော့မယ်။ နိုင်ငံတကာပွဲစဉ်တွေပြီးတာနဲ့ ကလပ်ပွဲတွေ ဆက်လက် ကစားရတော့မှာဖြစ်လို့ ကစားသမားတွေ ပွဲပန်းနေနိုင်တာ သတိပြုရပါလိမ့်မယ်။ ဒါပြီးရင်တော့ ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်ပြိုင်ပွဲတွေ ဆက်တိုက်ဆိုသလို ရောက်လာတော့မှာပါ။
video

အိမ်တံခါးဝဆိုတော့ ဘယ်တော့မှမအေးစက်ဘူး ရာမို့စ်ရေ

“ဒီနေရာကို ကျွန်တော် စွန့်ခွာခဲ့ပါတယ်။ ဘဝတိုးတက်မှုအတွက် ကျွန်တော် အရမ်းချစ်တဲ့နေရာလေးကို ကျောခိုင်းခဲ့ရပါတယ်။ ဒီနေရာဆီကို ပြန်လာဖို့အတွက် ကျွန်တော် အမြဲပဲ စိတ်ကူးရှိနေခဲ့တာပါ”တဲ့။ ဒီစကားကို ပြောကြားလိုက်သူက ဆာဂျီယို ရာမို့စ် ဖြစ်ပါတယ်။ သူ့ကို စင်တင်ပေးခဲ့၊...