PPTT တစ်နှစ်သင်တန်းကို ၂ လခွဲသာသင်ပြီး လက်ထောက်မူလတန်းပြများခန့်အပ်

ယခင်ကတစ်နှစ်တက်ရသည့် PPTT(လုပ်ငန်းခွင်အကြို မူလတန်းဆရာ အတတ်ပညာသင်တန်း) ကို နှစ်လခွဲသာ တက်ခိုင်းပြီး သင်တန်းဆင်းများကို လက်ထောက်မူလတန်းပြများအဖြစ် ခန့်အပ်လိုက်ကြောင်း စစ်ကောင်စီ၏ ပညာရေး အသိုင်းအဝိုင်းထံမှ သိရသည်။ စစ်ကောင်စီ၏ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ PPTT အမှတ်စဉ်(၇/၂၀)သင်တန်းကို...

B.Ed. ကို ဝင်ခွင့်မစစ်ဘဲ တက်ရောက်ခွင့်ပြုနေ၊ ထားဝယ်တွင် ၃၀၀ ကျော်တက်

ပညာရေးဘွဲ့ (B.Ed.) စာပေးစာယူ ပထမနှစ်သင်တန်းကို ထားဝယ်ပညာရေး ဒီဂရီကောလိပ်တွင် ဧပြီလ ၂၀ ရက်နေ့မှစ၍ စတင်ဖွင့်လှစ်ရာ ဆရာ/ဆရာမ ၃၀၆ ဦးတက်ရောက်နေကြောင်း တနင်္သာရီတိုင်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာနက သတင်းထုတ်ပြန်သည်။ အခြေခံပညာကျောင်းများတွင် အထက်တန်းပြ ဆရာ...

CDM အခြေခံပညာကျောင်းသားများအတွက် ပညာရေးအခွင့်အလမ်းသစ်များ ပေါ်ပေါက်

စစ်ကောင်စီ၏ပညာရေးကို သပိတ်မှောက်ပြီး ကျောင်းမတက်ဘဲ ဆန္ဒပြခဲ့ကြသော CDM ကျောင်းသား၊ ကျောင်းသူများအတွက် ပညာရေးအခွင့်အလမ်းသစ်များ ပေါ်ပေါက်လာကြောင်း ပညာရေးအသိုင်းအဝိုင်းမှ သိရှိရသည်။ ကိုဗစ်ကြောင့် ကျောင်းတက်ခွင့်တစ်နှစ် ဆုံးရှုံးနစ်နာခဲ့သော မြန်မာနိုင်ငံမှ ကျောင်းသားများမှာ စစ်တပ်အာဏာသိမ်းမှုကြောင့် စစ်ကောင်စီ၏ပညာရေးစနစ်ကို သပိတ်မှောက်ပြီး...

မွန်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသူ သုံးပုံတစ်ပုံကျော်သာရှိ

စစ်ကောင်စီက ကျင်းပပြုလုပ်သည့် ၂၀၂၁-၂၀၂၂  ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မွန်ပြည်နယ်တွင် ကျောင်းသား၊ကျောင်းသူ သုံးပုံတစ်ပုံကျော်သာ ဝင်ရောက်ဖြေဆိုကြောင်း ပြည်နယ်ပညာရေးဌာနရှိ စာရင်းများအရ သိရှိရသည်။ ပုံမှန်ပညာသင်နှစ်များတွင် မွန်ပြည်နယ်အတွင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုသူ ၃၀၀၀၀ ကျော်အထိ ရှိခဲ့သော်လည်း ယခုနှစ်တက္ကသိုလ်ဝင်တန်းစာမေပွဲတွင် ဖြေဆိုသူ ၁၁၀၀၀ ကျော်သာရှိသည်။ “တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ဖြေတဲ့ကျောင်းသားအရေအတွက်က...

စာမေးပွဲခန်းထဲ ကျောင်းသားများထိုင်နေချိန် ရေဖြူ အထက်တန်းကျောင်းတွင် အသံဗုံးပေါက်ကွဲ

တက္ကသိုလ်ဝင်စာမေးပွဲကျင်းပနေသည့် ရေဖြူမြို့နယ် အထက်တန်းကျောင်းစာစစ်ဌာနတွင် စာမေးပွဲ ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ ရောက်ရှိနေစဉ် ယနေ့ (ဧပြီ ၁) နံနက် ၈ နာရီ ၄၅ မိနစ်ခန့်က အသံဗုံးပေါက်ကွဲကြောင်း တိုင်းပညာရေးမှူးရုံးထံက သိရသည်။

ထားဝယ်တက္ကသိုလ် ကျောင်းဖွင့်ပထမရက် ကျောင်းတက်သူမရှိ

ထားဝယ်တက္ကသိုလ်၌ ပထမဆုံး ကျောင်းဖွင့်ရက်တွင် ကျောင်းတက်သူမရှိကြောင်း တက္ကသိုလ်ကျောင်းသူ၊ ကျောင်းသားအချို့ထံမှ သိရသည်။ ဒီဇင်ဘာလ ၆ ရက်နေ့မှစပြီး တက္ကသိုလ်အားလုံး တစ်ပြိုင်တည်း ဖွင့်လှစ်ကြောင်း ကြေညာခဲ့သော်လည်း အထူးပြုဘာသာရပ်အချို့ကိုသာ သင်ကြားနိုင်မည်ဖြစ်ကြောင်း ကြေညာထားသည်။

နိုဝင်ဘာ ၂၁ အထိ ကျောင်း အပ်လက်ခံမည် ဟုဆို

ယခုအကြိမ် အခြေခံ ပညာကျောင်းပြန်ဖွင့်ချိန်တွင် နိုဝင်ဘာ ၂၁ ရက်နေ့ အထိ ကျောင်းအပ် လက်ခံမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ပညာရေးမှူးရုံထံမှ သိရသည်။ စစ်ကောင်စီ လက်ထက် ဒုတိယ အကြိမ်အဖြစ် နိုဝင်ဘာလ ၁ ရက်နေ့မှ...

မြိတ်တွင် အထက်တန်းကျောင်းရှေ့ ဗုံးပေါက်

မြိတ်မြို့ပေါ်ရှိ အထက်တန်းကျောင်း တစ်ကျောင်းရှေ့တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ဗုံးပေါက်မှုကြောင့် တစ်စုံတစ်ရာ ထိခိုက်မှုမရှိကြောင်း ရပ်ကွက်သားများ ထံမှသိရသည်။ မြို့သစ်ရပ်ကွက်၊ ဦးမြတ်လေးပေါ်ရှိ၊ အထက(၇)အထက်တန်းကျောင်းရှေ့တွင် နိုဝင်ဘာ ၅ ရက်ည ၈ နာရီက ပေါက်ကွဲခဲ့ပြီး ထိခိုက်မှုမရှိကြောင်း...

မွန်တွင် ကျောင်းတက်သူ ဆယ်ရာခိုင်နှုန်းခန့်

မွန်ပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နေပြီး ကျောင်းတက်သည့် ကျောင်းသား ကျောင်းသူ ဆယ်ရာခိုင်နှုန်းခန့်သာ ရှိသေးသည်ဟု ပြည်နယ်ပညာရေးတာဝန်ရှိသူတို့ထံမှ သိရသည်။ ပြည်နယ်တစ်ခုလုံးတွင် ကျောင်းသား ကျောင်းသူ လေးသိန်းကျော်ရှိပြီး ယခုကျောင်းပြန်ဖွင့်ချိန်တွင် ကျောင်းသား ကျောင်းသူ တစ်ဆယ်ရာခိုင်နှုန်းခန့်သာ ကျောင်းလာတက်ကြသည်။
ချင်းမိုင်ကနေ အလုပ်လုပ်ကြမယ်

ချင်းမိုင်ကနေ အလုပ်လုပ်ကြမယ်

ရုံးသွားစရာ မလိုဘဲ အွန်လိုင်းကနေ တစ်ဆင့် အလုပ်လုပ်နိုင်တဲ့ The Work-from-Anywhere ညွှန်းကိန်းအရ နိုင်ငံခြားသားများအနေနဲ့ နေထိုင်အလုပ်လုပ်ချင်စရာ အကောင်းဆုံးမြို့တွေထဲမှာ ချင်းမိုင်က ကမ္ဘာ့အဆင့် ၃၄ချိတ်ခဲ့ပါတယ်။ ဒီထုတ်ပြန်ချက်အတွက် ကမ္ဘာတစ်ဝန်း လူနေအိမ်ခန်းနဲ့ အခန်းများ အငှားဝန်ဆောင်မှုလုပ်ငန်းတွေကို...