အခြေခံကျောင်းများတွင် ထားဝယ်စာသင်ကြားရေး အဆင့်လေးဆင့် ဖြတ်ရန် ကျန်

ထားဝယ်စာပေအား အခြေခံပညာ မူလတန်းအဆင့်တွင် သင်ကြားနိုင်ရန်မှာ အဆင့်လေးဆင့်ကို ဖြတ်ရန်ကျန်နေသေးကြောင်း ထားဝယ်စာပေနှင့် ယဉ်ကျေးမှု ဗဟိုကော်မတီထံမှ သိရသည်။ မူလတန်းအဆင့်ဖြစ်သော KG ၊ ပထမတန်း၊ ဒုတိယတန်းတို့တွင် သင်ကြားမည့် ထားဝယ်စာဖြင့် ရေးသားထားသော ဒေသန္တရ...

ဆရာ၊ ဆရာမ ငါးရာကျော် အသစ်ခန့်

ကိုဗစ်ကာလအလွန် ကျောင်းဖွင့် ရာသီအတွက် တနင်္သာရီတိုင်းတွင် ဆရာ၊ ဆရာမ ငါးရာကျော်ကို အသစ်ခန့်ထားပြီး ဖြစ်ကြောင်း တိုင်းပညာရေးမှူးရုံးထံမှ သိရသည်။ အထက်တန်းပြ ၅၂ ဦး၊ မူလတန်းပြ ၄၇၂ ဦး စုစုပေါင်း ဆရာ၊...

ဝန်ခံကတိထိုး၍ အလုပ်ပြန်ဝင်ရန် CDM ဆရာ၊ ဆရာမများကို ထပ်မံခေါ်ယူ

သင်ကြားရေးဆရာ အင်အားမလုံလောက်သဖြင့် CDM (အာဏာဖီဆန်ရေး လှုပ်ရှားမှု) ဆရာဆရာမများ အလုပ်ပြန်ဝင်နိုင်မည့် အယူခံဝင်ရက်ကို ဇွန်လ ၁၄ ရက်အထိ ထပ်မံတိုးမြင့်လိုက်ကြောင်း စစ်ကောင်စီ၏ ပြန်ကြားရေးဌာနက ဇွန်လ ၈ ရက်နေ့တွင် ကြေညာခဲ့သည်။ ၂၀၂၂ ပညာသင်နှစ်တွင် တစ်နိုင်ငံလုံး...

တနသာင်္ရီတိုင်း အခြေခံဆရာများသမဂ်္ဂ ဖွဲ့စည်းရန်စီစဉ်

တနင်္သာရီတိုင်း အခြေခံဆရာများ သမဂ္ဂတစ်ခုဖွဲ့စည်းနိုင်ရန်အတွက် မြို့နယ် တစ်မြို့နယ်လျှင် ဆရာ၊ ဆရာမ နှစ်ဦး ပါဝင်သည့် အခြေခံဆရာများသမဂ်္ဂ ဦးဆောင်ကော်မတီကို သြဂုတ်လ ၂၈ ရက်က ဖွဲ့စည်းထားကြောင်း ယင်းကော်မတီ ထံမှ သိရသည်။ ယမန်နှစ်ကလည်း အခြေခံဆရာ များသမဂ်္ဂကို ဖွဲ့စည်းနိုင်ရန် စီစဉ်ခဲ့ဖူး...

မွန်အမျိုးသားကောလိပ်ကို မွန်ပြည်သစ်ပါတီ ယခုနှစ်စဖွင့်မည်

မွန်ပြည်သစ်ပါတီ လက်အောက်ရှိ မွန်အမျိုးသားပညာရေးဌာနတွင် မွန်အမျိုးသားကောလိပ်ကို ယခုနှစ် စတင် ဖွင့်လှစ်မည်ဖြစ်ကြောင်း မွန်အမျိုးသားပညာရေးကော်မတီ (MNEC) ထံမှ သိရသည်။ မွန်အမျိုးသားကောလိပ်ကို ရေးချောင်းဖျားဒေသရှိ မွန်ပြည်သစ်ပါတီထိန်းချုပ်ဒေသ မွန်အမျိုးသားပညာရေး ဗဟိုဌာန ညီစားစခန်းတွင် ဇွန်လအတွင်း ဖွင့်လှစ်မည်ဖြစ်ကြောင်း...

မလိုအပ်သည့် အခမ်းအနားများမလုပ်ရန် ပညာရေးဝန်ကြီးဌာန ညွှန်ကြား၊ တက္ကသိုလ်ကျောင်းသင်္ကြန် ဆက်ကျင်းပမည်

ကိုရိုနာဗိုင်းရပ်စ် ဂယက်ကြောင့် မလိုအပ်သည့် အခမ်းအနားများ မကျင်းပရန် ပညာရေးဝန်ကြီးဌာနအောက်ရှိဌာနများ အားလုံးကို ညွှန်ကြားထားသော်လည်း ထားဝယ်မြို့ရှိ ကွန်ပျူတာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်တို့က ကျောင်းသင်္ကြန်ကို ဆက်လက်ကျင်းပမည်ဖြစ် ကြောင်းသိရသည်။ ပညာရေးဝန်ကြီးဌာနက ကိုရိုနာ ဗိုင်းရပ်စ်(ပြင်းထန် အဆုတ်ရောင်ရောဂါ) ဂယက်ကြောင့်...

ကျောင်းတက်ရေး၊ မတက်ရေး ဝိရောဓိ

အခြေခံပညာကျောင်းတွေ ဖွင့်လှစ်ဖို့ စတင်ကျောင်းအပ် လက်ခံနေပြီ။ ဒီနှစ်သမီးဖြစ်သူကို ကျောင်းတက်ခိုင်းမှာလားဆိုတဲ့ မေးခွန်းအပေါ် ရုတ်တရက် ဒေါ်ရှိန်တစ်ယောက် ဘာဖြေရမှန်းမသိ။ ခဏတွေဝေသွားပြီးမှ “မသိသေးဘူး” ဟု တစ်လုံးချင်း လေးပင်စွာ ပြောဆိုလိုက်ပါတယ်။

ထိုင်းနိုင်ငံတွင် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်းပေးမည်

ထိုင်းနိုင်ငံတွင် ဟင်းသီးဟင်းရွက် နှင့် သစ်သီး၀လံ စိုက်ပျိုးထုတ်လုပ်နည်း သင်တန်းတက်လိုပါက ထားဝယ်ဒေသ ဟင်းသီးဟင်းရွက်နှင့် သစ်သီး၀လံစိုက် ပျိုးထုတ်လုပ်သူများအသင်းထံ ဆက်သွယ်နိုင်ကြောင်း ဦးဆောင်စီစဉ်နေသည့် တနင်္သာရီတိုင်းဒေသကြီး ကုန်သည်နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းထံ မှ သိရသည်။ အဆိုပါသင်တန်းသို့ တက်ရောက်လိုပါက...

ပညာရေးဝန်ထမ်းများ၏ ကိုယ်ရေးအချက်အလက်များ ကောက်ယူ

အခြေခံပညာ ဦးစီးဌာနရှိ ပညာရေး ဝန်ထမ်းများ၏ ကိုယ်ရေးအချက်အလက်များကို ကောက်ယူနေကြောင်း တနင်္သာရီ တိုင်းပညာရေးမှူးထံမှ သိရသည်။ ယင်းကိုယ်ရေးအချက်အလက်များတွင် ဝန်ထမ်းများ၏ ကိုယ်ရေးအကျဉ်း၊ တက်ရောက်ခဲ့ဖူးသည့်ကျောင်းများ၊ သွေးအုပ်စု၊ ဝန်ထမ်းအဖြစ် စတင်တာ ဝန်ထမ်းဆောင်သည့်နေ့၊ လက်ရှိ ရာထူး နှင့် လစာ စသည်ဖြင့် အချက်အလက်...

တက္ကသိုလ်ဝင်ခွင့် စာမေးပွဲဖြေဆို ခွင့်ကတ်ပြား ထုတ်မပေးပါက အရေးယူမည်

တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဆိုခွင့် လျှောက်ထားသူ အားလုံးကို ဖြေဆိုခွင့် ကတ်ပြား ထုတ်မပေးပါက အရေးယူမည် ဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာန က ဖေဖော်ဝါရီ ဒုတိယအပတ်က တက္ကသိုလ်ဝင်တန်း ကြီးကြပ်ရေးမှူး သင်တန်းတွင် ကျောင်းအုပ်ကြီး များကို သတိပေးထားသည်ဟု တိုင်းပညာရေး မှူးရုံးထံမှ သိရသည်။