သဲနှစ်တန်းကျွန်း(နှစ်ဖက်လှကျွန်း)အား ပုလဲစခန်း ခရီးသွားလုပ်ငန်းအဖြစ် ဖွင့်လှစ်
ကျွန်းစုမြို့နယ်အတွင်းရှိ
သဲနှစ်တန်းကျွန်း(နှစ်ဖက်လှကျွန်း)အား ဖေဖော်ဝါရီလ ၁၂ ရက်မှစပြီး ပုလဲစခန်း ခရီးသွားလုပ်ငန်းအဖြစ်
စတင်ဖွင့်လှစ်ခဲ့ကြောင်း မြန်မာအတ္တလန်တစ်ကုမ္ပဏီလီမီတက်ထံမှ သိရသည်။
သဲနှစ်တန်းကျွန်းစခန်းခွဲသည်
မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်းနှင့် မြန်မာအတ္တလန်တစ် ကုမ္ပဏီလီမီတက်တို့
အကျိုးတူပူးပေါင်း လုပ်ကိုင်လျက်ရှိသည့် ဧရိယာထဲတွင် ပါဝင်ကြောင်း ယင်းကုမ္ပဏီလီမိတက်မှ
သိရသည်။
မော်လမြိုင် သံလွင်တံတားပေါ်တွင် ယာဉ်တိုက်မှုဖြစ်၊ မွန်အမျိုးသားနေ့မှ ပြန်လာသူ ၇ ဦး ဒဏ်ရာရ
မော်လမြိုင်
သံလွင်တံတားပေါ်တွင် ကားနှစ်စီး တိုက်မိမှု ဖြစ်ပွားခဲ့ပြီး မွန်အမျိုးသားနေ့(ဗဟို) အခမ်းအနားမှ
ပြန်လာသည့် လူငယ် ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မော်လမြိုင် ဒိုင်းဝန်ကွင်းနယ်မြေရဲစခန်းမှ
သိရသည်။
ဖေဖော်ဝါရီ
၂၀ ရက် ည ၈ နာရီ အချိန်ခန့်က မော်လမြိုင်မှ...
ကားကြုံဖြင့် ကျောင်းတက်နေရသည့် ရေဖြူကျောင်းသားများအတွက် ကျောင်းကားပြေးဆွဲရန် အစီအစဉ် မရှိ
ရေဖြူမြို့နှင့်
ကလိန်အောင်မြို့အကြားရှိ ကားကြုံဖြင့် ကျောင်းတက်နေရသော အခြေခံပညာ ကျောင်းသားများ အတွက်
ကျောင်းကားစီစဉ်ပေးရန် မရှိသေးကြောင်း လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်က
ပြောသည်။
ဖေဖော်ဝါရီလ
၂၀ ရက်က ကျင်းပသည့် တိုင်းလွှတ်တော်ပုံမှန်အစည်းအဝေးတွင် ၀န်ကြီးဦးဟိုပင်က အထက်ပါ အတိုင်း
ပြောကြားခဲ့ခြင်းဖြစ်သည်။
အိမ်ပြန်ချိန်
ဘိလပ်မဟာတန်း ကျောင်းသား (နိဂုံး)
ကျမ်းစာတမ်းတင်ပြီးသည်နှင့်
သုံးရက် အကြာတွင် အိမ်ပြန်သည်။ ယခုနှစ်တွင် ဗြိတိန်အစိုးရ ပညာသင်ဆုဖြင့် မြန်မာနိုင်ငံမှ
လာရောက်သော ကျောင်းသား အချို့တစ်ဝက်မှာလည်း အိမ်ပြန်ကုန်ကြ လေပြီ။ မကြာမီလပိုင်းအတွင်း
ဘွဲ့ယူရန် ရှိသော ကျောင်းသား ကျောင်းသား...
အမေရိကန်သွားတောလား – ၃
အမေရိကန်ပြည်ထောင်စု အနောက် ပိုင်း မွန်တားနားပြည်နယ်ရှိ တောမြို့ ကလေးမစ်ဇူလာတွင် ၁ လနီးပါးခဲ့ နေထိုင်ခဲ့ပြီးနောက် မိုင်ပေါင်း ၁၈၀၀ ကျော်ပျံသန်းကာ နိုင်ငံ၏ အုပ်ချုပ်ရေး မြို့တော်သို့ ရောက်ရှိလာပေပြီ။
ဝါရှင်တန်ဒီစီ။
ဒီမိုကရေစီ အသည်းနှလုံးမြို့တော် ဟု တချို့က တင်စားကြသော အမေရိကန် ပြည်ထောင်စု၏ အုပ်ချုပ်ရေးဗဟိုချက် နေရာ။...
စိမ်းတဲ့မြေသို့ အပြန်
အကြာကြီး မရေးဖြစ်ဘဲ အဆက် ပြတ်သွားတဲ့အတွက် တောင်း ပန်ပါ၏။ ယခု အပိုင်းအစကို ဝယ်လင်တန် ကျောင်းသားအဆက်ဟု ယူသော်က လည်းရ၏။ မယူရင်လည်း သဘောပါ။ ကီဝီမြေမှာ ခြောက်လကြာပြီးနောက် မည်သို့ပင် ဆိုစေကာမူ မိုင်သောင်းချီ ပျံသန်းကာ အိမ်ပြန် ရောက်လေပြီ။
လာရာလမ်းတစ်လျှောက် အင်ဒို နီးရှားနှင့်...
အထည်ကြီးပျက်မြို့
" ညီလေး ဘယ်မြို့က ကျောင်းလာ တက်တာလဲ"
" ကော့သောင်းမြို့ပါ အစ်ကို"
" သား ဘယ်ကနေ ကျောင်းလာ တက်တာလဲ"
" ကော့သောင်းမြို့ကပါ အဒေါ် "
"ကိုယ့်လူ ဘယ်က ပြန်လာတာလဲ"
" ကော့သောင်းကပါ နောင်ကြီး"
ခေါ်ချင်ပြောချင်သူ အရမ်းများခဲ့တဲ့ တစ်ချိန်က ကော့သောင်းကနေ ကျောင်း သွားတက်တဲ့ မြို့ခံ...
တာပို နှင့် ဒါပေမဲ့ ခရီး
ဝယ်လင်တန်ကျောင်းသား အပိုင်း (၄)
နယူးဇီလန်ကို အလှတရားတို့ စိုးမိုးရာ တိုင်းပြည်တဲ့လေ။
လှတော့ လှလေ၏။ ဒါပေမယ့် ရောက်ပြီး ၂ လ ကြာလောက်တဲ့ အထိ အဲဒီ စကားလုံးနဲ့ ထိုက်တန်တဲ့ အံ့မခန်း အလှမျိုး မတွေ့သေးတော နည်းနည်း တော့ မချိတင်ကဲ ဖြစ်မိသည်။
မကြာပါ။ အချိန်ကားရောက်...
အမေရိကန်သွားတောလား (၄)
ကမ္ဘာ့နိုင်ငံပေါင်း ၄၀ကျော်မှ လူ ပေါင်း ၃၀၀ ခန့်နှင့်အတူ ခန်းမကျယ် ကြီးတစ်ခုတည်းတွင် ရောက်ရှိနေသည်။ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် အမေရိကန်နိုင်ငံ အနှံ့အပြားသို့ ရောက်ရှိနေသော ကမ္ဘာ့ နိုင်ငံအသီးသီးမှ လူငယ်ခေါင်းဆောင်များ ညီလာခံ ဖြစ်သည်။
ဤကဲ့သို့ နိုင်ငံ၊ အသားအရောင်၊ နောက်ခံအကြောင်းအရာနှင့် ကွဲပြားခြား...
ကျွန်းစုရေပြင်တွင် အန္တရာယ် သတိပေးမှတ်တိုင် စိုက်ထူရန် လိုအပ်နေဟုဆို
တနင်္သာရီတိုင်း၊
ကျွန်းစုမြို့နယ် ပင်လယ်ပြင်အတွင်း ကျောက်ပုံ၊ ကျောက်ဆောင်နှင့် ကျောက်တန်းများရှိသည့်နေရာများအား
အန္တရာယ် သတိပေးမှတ်တိုင်များ စိုက်ထူပေးရန် လိုအပ်နေကြောင်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်
ဒေါက်တာထူးနေအောင်က ပြောသည်။
ကျောက်ပုံ၊
ကျောက်ဆောင်နှင့် ကျောက်တန်းများကို ရှပ်ပြေးရေယာဉ်များ၊ ကုန်တင်လှေများနှင့် ငါးဖမ်းလှေငယ်များ
မတိုက်မိစေရန်အတွက် ထင်ထင်ရှားရှား တွေ့မြင်နိုင်မည့် သံတိုင်သို့မဟုတ် ကျောက်တိုင်များ
စိုက်ထူသင့်ကြောင်း...