တနင်္သာရီတိုင်းဒေသကြီး မြန်မာ့ရုပ်ရှင်လုပ်ငန်းတွင် ၁၉၈၁ခုနှစ် မှစတင်၍ ဖျက်သိမ်းသည်အထိ တာဝန်ထမ်းဆောင်ခဲ့သူ မော်ကွန်း ဦးစိုးနိုင်နှင့်တွေ့ ဆုံခြင်း

ထားဝယ်သားတို့က “အရိပ်ကပွဲ” ဟု ချစ်စနိုးခေါ်တွင်ဖူးခဲ့သော တိုင်းဒေသကြီး မြန်မာ့ရုပ်ရှင်လုပ်ငန်း ဖျက်သိမ်းလိုက်လေ ပြီ။ မော်လမြိုင်တွင်လည်း ရုပ်ရှင်ရုံ အဟောင်းများသာ ကျန်တော့၏။ အကယ်ဒမီ ပေးပွဲများသည် မြန်မာ ပြည်တောင်ပိုင်းသား တို့အတွက် ရင်မခုန်ရတော့။ ယင်းသို့ တနင်္သာရီတိုင်းမှ မြန်မာ့ ရုပ်ရှင်တရားဝင် နောက်ဆုံး ဖျာလိပ်သိမ်း ပြီးချိန်တွင်...

ရှေးခေတ် ကုန်သွယ်ရေး ဆိပ်ကမ်းမြို့တနင်္သာရီ

“နတ်ဝှက်ခံထားရတဲ့မြို့” ခေါင်းစဉ်ဖြင့် တနင်္သာရီဂျာနယ်မှာ ကျွန်မဆောင်းပါး တစ်ပုဒ်ရေးခဲ့ဖူး ပါသည်။လူသိနည်းလွန်းလှသော ကျွန်မတို့တနင်္သာရီမြို့လေး အကြောင်းကို ရေးသားထားခြင်းဖြစ်သည်။ အမှန်ပင် လူသိနည်းလွန်းလှပါသည်။ တိုင်းကိုသာ သိပြီးမြို့ကိုမသိသောမြို့ဟု ကဗျာဆရာနောင်မင်းခန့်က ဆိုထားပါ သေးသည်။သိပ်ကို မှန်ပါပေသည်။ Facebook ပေါ်မှာ...

ဘီအိုင်အေ ကော့သောင်းရောက် စဉ်က

ဗြိတိသျှ နယ်ချဲ့ကို ဆန့်ကျင်၍မြန်မာနိုင်ငံလွတ်လပ်ရေး ကြိုးပမ်းမှုတွင် ဘီအိုင်အေသည် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ ဘီအိုင်အေသည် ဂျပန်တို့နှင့်အတူအင်္ဂလိပ်ကို တိုက်ခိုက်ရာတွင် အစွမ်းပြနိုင်ကြသည်။ ၁၉၄၁ ခုနစ် ဒီဇင်ဘာလ ၂၆ ရက်တွင် ယိုးဒယားနိုင်ငံဗန်ကောက်၌ ဘီအိုင်အေကို ဖွဲ့စည်း၍လွတ်လပ်ရေးမျိုးချစ်ရဲဘော် သုံးကျိပ်တို့ ရှေးအစဉ်အလာ ထုံးစံအတိုင်း လက်မောင်း သွေးဖောက်...

မြိတ်မြို့မှ သင်္ချိုင်းစာနှင့် ဆင်မြူရယ်ဝိုက်

အချိန်ကား ၁၉၁၇ ခုနှစ်ခန့်လောက်က ဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက မြိတ်မြို့ အရေးပိုင်အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ မစ္စတာ ဂျေအက်(စ်)ဖာနီဘယ် တစ်ယောက် အပျင်းပြေလမ်း လျှောက်ထွက်လာရင်း ဒိုဘီကုလားတစ်ယောက်က လျော်ဖွတ်နေတဲ့ ကျောက်ပြားတစ်ချပ်ကို အမှတ်မထင် မျက်စိရောက်သွားခဲ့ပါတယ်။ အဲဒီကျောက်ပြားထက်မှာ ...RE LYETH T.... BODY OF MA.... ...SAM WHI... THIS LIF... O...

မီးပုံးပျံ ဦးကျော်ရင်နှင့် မြိတ်အရေးပိုင် မောရစ်ကောလစ်

ကျွန်တော်တို့ငယ်ငယ်က မီးပုံပျံဦးကျော်ရင်လို့ ဆိုလိုက်ရင် ကလေးလူကြီး အားလုံးလိုလို သိကြပါတယ်။ အဲဒီအချိန်တွေက သူ့အကြောင်းကို ကျောင်းသုံးဖတ်စာအုပ်မှာ ပြဋ္ဌာန်းခဲ့တာကြောင့်လည်း မီးပုံးပျံ ဦးကျော်ရင်ဆိုတာ ထားဝယ်ဒေသဖွား တစ်ယောက်၊ တိတိကျကျ ပြောရရင် ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်ထဲက ပန္ဒလဲရွာသား မီးပုံပျံစီး သူရဲကောင်း တစ်ယောက်ဖြစ်တဲ့အကြောင်း...

ကြိုရေး ပုံတူပန်းချီ

ပြီးခဲ့တဲ့ တစ်ပတ်လောက်က ကျွန် တော့်အစ်ကို ထားဝယ်ကနေ ရန်ကုန်ကို ပြန်ရောက်လာတော့ သူရိုက်ယူခဲ့တဲ့ ပန်းချီကား ဓာတ်ပုံတစ်ပုံ ထုတ်ပြပါတယ်။သူပြတဲ့ပုံကို ယူကြည့်လိုက်တော့ အသက် ၈၀ ဝန်းကျင် အဖွားအို တစ်ယောက်ရဲ့ပုံကို ဆွဲထားတဲ့ ပန်းချီပုံ ကို မြင်ရပြီး ဓာတ်ပုံ အောက်နား ဘယ်ဘက်ဒေါက်စွန်းလေးမှာလည်း...

ရာဇ၀င်ထဲက မင်းသမီးကို ပြန်လည်ရှာဖွေခြင်း (၂)

KNU စစ်ဆေးရေး ဂိတ်အလွန်ကတည်းက တဖြေးဖြေး တက်လာလိုက်တဲ့ တောင်တန်းဟာ ဆုံးတယ်လို့ကိုမရှိပါဘူး။တောကလည်း တဖြေးဖြေးပိုနက် လာတယ်လို့ ထင်ရပါတယ်။လမ်းက လဲမြေနီလမ်းကြမ်း ဆိုတော့ ဖုန်တထောင်းထောင်းပေါ့။ဒါပေမယ့် ဘာဖြစ်ဖြစ် ထားဝယ်မြို့ဝန်းကျင်မှာမြင်ခွင့်မရနိုင်တော့တဲ့ သဘာဝ သစ်တောကြီးကို ကားလမ်းတဖက်တချက်မှာမြင်နေရတာကိုက တကယ့်ထူးခြားတဲ့ရသ တခုပါပဲ။ ‘’ရှေ့ကတောင်အမည်က ဆင်ချီးပန်းတောင်၊ဒီဒေသမှာအမြင့်ဆုံးပဲ။ဂီယာကို သတိထားကားဆရာ’’ ဆိုပြီးကျနော်ဘေးမှာ ထိုင်နေတဲ့...

ရာဇ၀င်ထဲက မင်းသမီးကို ပြန်လည်ရှာဖွေခြင်း (၁)

ပထမအခေါက်ပြန်တော်ပြန်ရီးစဉ်ကတည်းကဒီနေရာဆီမဖြစ်ဖြစ်အောင်သွားမယ်ဆိုပြီးစိတ်ကူးထားခဲ့၊ကြေညာထားခဲ့ပေမဲ့  အခြေနေအရပ်ရပ်ကြောင့်မသွားဖြစ်ခဲ့ပါ။ဒီတခေါက်မှာလည်းကန်ချနပူရီ-ဖုနန်းလွန်-ထီးခီးလမ်းကနေ၀င်ပြီးမင်းသမီးခစန်းဆီဝင်မယ်လို့စီစဉ်ထားပေမဲ့အထမမြောက်ခဲ့ပြန်ပါဘူး။ ဒါပေမယ့်သွားချင်စိတ်ကတော့ကြီးစိုးနေဆဲ။ ခက်နေတာကမင်းသမီးစခန်းဆိုတာဟာပြီးခဲ့တဲ့ခရီးစဉ်နှစ်ခေါက်အတွင်းဘုရားဖူးအလည်သွားခဲ့သလိုမျိုးအများသွားနေကြ (Tourist Attraction) ကမ္ဘာလှည့်ခရီးသည်တွေစိတ်ဝင်စားတဲ့နေရာမျိုးမဟုတ်။ကန့်သတ်နယ်မြေလား၊စစ်တပ်ကထိမ်းချုပ်ထားသလား၊ KNU ကရင့်အမျိုးသားအစည်းရုံးကထိမ်းချုပ်ထားသလား၊ဘယ်အဖွဲ့အောက်မှာရှိနေသလဲဆိုတာကိုအသေချာဘယ်သူမှမသိ။ ဒီလို ဘာမှမသိတဲ့နေရာတခုကို အရဲစွန့်သွားဖို့ဆိုတာ ဘယ်လွယ်ပါ့မလဲ။ မိဘတွေကို ဖွင့်ပြောလိုက်ရင် မသွားဖို့ တားမှာအသေအချာပါပဲ။ ပထမ အခေါက်တုန်းကလဲ အဲဒီလိုတိုင်ပင်မိလို့ အတားခံခဲ့ရပြီးပြီလေ။ ဒီတော့ ''လူဆိုး တွေနဲ့မောင်တိုင်ပင်'' ဆိုသလို မိတ်ဟောင်းဆွေဟောင်း၊ ရဲဘော်ဟောင်းတွေနဲ့ပဲ တိုးတိုးတိတ်တိတ် တိုင်ပင်ရပါတယ်။ သူတို့ရဲ့အကြံပေးချက်အရထားဝယ်-ကန်ချနပူရီနယ်စပ်ဆီပြေးနေတဲ့မှန်လုံကားတွေကိုစုံစမ်းကြည့်တော့...