ရေကြီးနစ်မြုပ်သဖြင့် ထားဝယ်ခရိုင်ရှိ လယ်များ စပါးမအောင်၊ ပျိုးပင်လည်း ဝယ်မရ

‌ထားဝယ်ခရိုင်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဒေသတွင်းရှိ စိုက်ပျိုးထားသည့် လယ်အများစု ရေလွှမ်းပျက်စီးသွားကြောင်း လယ်သမားအချို့ကပြောသည်။ ဇူလိုင်လ နောက်ဆုံးအပတ်မှစပြီး ထားဝယ်ခရိုင်အတွင်း မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ရေကြီးရေလျှံခဲ့သည်။ ရေကြီးရေလျှံချိန်တွင် စိုက်ပျိုးထားသည့် ပျိုးပင်ပေါက်များ ရေကြီးနစ်မြုပ်ခဲ့သဖြင့်...

ဘီးလင်းတွင် ရေဘေးကြောင့် ဒေသခံရှစ်ထောင်ကျော်ကို ကယ်ဆယ်ရေးစခန်းသို့ ရွှေ့ထားရ

မွန်ပြည်နယ်၊ ဘီးလင်းမြို့ရှိ ဘီးလင်းမြစ်ရေမြင့်တက်လာမှုကြောင့် မြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာအချို့တို့တွင် ရေကြီးရေလျှံနေပြီး ဒေသခံ ၈၃၀၀ ကျော်ကို ကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွှေ့ထားရကြောင်း ဘီးလင်းမြို့နယ် အတွင်းရှိ လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။ မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေများစီးဆင်းလာမှုကြောင့် ဩဂုတ်လဆန်းပိုင်းမှစပြီး...

ဘီးလင်းတွင် ရေကြီးပြီး ဒေသခံထောင်နှင့်ချီ ဘေးလွှတ်ရာပြောင်းရွှေ့ရ

မွန်ပြည်နယ်၊ ဘီးလင်းမြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအချို့တို့တွင် ရေကြီးရေလျှံနေပြီး ထောင်နှင့်ချီသည့် ဒေသခံများကို ကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွှေ့ထားရကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။ ဘီးလင်းမြို့နယ်အတွင်း မိုးအဆက်မပြတ် သည်းထန်စွာရွာသွန်းမှုကြောင့် ဩဂုတ် ၂ ရက်နေ့မှစတင်ကာ ဘီးလင်းမြစ်ရေ မြင့်တက်လာကြောင်း ဒေသခံတို့ထံမှ...

ရှင်ကိုးရှင်စာရင်းဝင် ကလိန်အောင်ဆံတော်ရှင် တောင်တက်လမ်းမြေပြို

တနင်္သာရီတိုင်းတွင် ထင်ရှားသည့် ရှင်ကိုးရှင်စာရင်းဝင် ကလိန်အောင်ဆံတော်ရှင်ဘုရား တောင်တက်လမ်း ဇူလိုင်လ ၃၀ ရက် နံနက်ပိုင်းက မြေပြိုကျကြောင်း ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။ မိုးသည်းထန်စွာရွာသွန်းသဖြင့် မြေသားပြိုကျပြီး ကိုးနာရီကြာ လမ်းပိတ်ဆို့ခဲ့ကြောင်း ဂေါပကအဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရေကြီးမှုကြောင့် လမ်းနှစ်ပိုင်းပြတ်သွားသဖြင့် ခမောင်းသွယ်တိုက်နယ်က အရေးပေါ်ကား ယာယီရပ်နား

ရေကြီး၊ ရေလျှံမှုကြောင့် လမ်းနှစ်ပိုင်းပြတ်တောက်သွားသဖြင့် ခမောင်းသွယ်တိုက်နယ်က အရေးပေါ်လူနာတင်ကား ပြေးဆွဲခြင်းကို ယာယီရပ်နားထားရကြောင်း စုံစမ်းသိရှိရသည်။ ထားဝယ် မြေးခံဘော်သွားလမ်းပေါ်ရှိ ညောင်တုန်းကျေးရွာတံတားထိပ်တွင် လမ်းနှစ်ပိုင်းပြတ်တောက်နေခြင်းဖြစ်ကြောင်း ဒေသခံအချို့ကပြောသည်။ ယင်းအတွက်ကြောင့် မြေးခံဘော်တိုက်နယ်အတွင်း အားထားနေရသည့်...

မိုးများ၍ ထားဝယ်မြို့သစ်တွင် ရေကြီး

ထားဝယ်တွင် မနေ့(ဇူလိုင် ၂၈) ညက‌စပြီး ယ‌နေ့မနက်ပိုင်းအထိရွာသည့်မိုးကြောင့် ထားဝယ်မြို့သစ် ၈ လမ်း နှင့် ၅ လမ်း တွင် ရေကြီးရေလျှံမှုဖြစ်ပေါ်လျက်ရှိသည်။ သက်ကြီးရွယ်အိုများနှင့် မကျန်းမာသူများကို လူမှုကူညီကယ်ဆယ်ရေးအသင်းဖွဲ့များက အရေးပေါ်ပြောင်းရွှေ့ ကူညီဆောင်ရွက်ပေးနေသည်။

လောင်းလုံးနှင့် အနီးဝန်းကျင်ကျေးရွာများ ရေကြီးရေလျှံမှုကြုံတွေ့

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လောင်းလုံးမြို့တွင်း ရပ်ကွက်အချို့နှင့် မြို့၏ အရှေ့ဘက် ပြင်းထိန်ကျေးရွာတို့တွင် ဇူလိုင်လ ၂၃ ရက်နေ့မနက်ပိုင်းကစပြီး ရေကြီးရေလျှံဖြစ်ပေါ်နေသည်ဟု ဒေသခံများထံမှသိရသည်။ မနေ့မနက်ပိုင်းကစတင်ပြီး လောင်းလုံးမြို့နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် စခန်းကြီးကျေးရွာအုပ်စု၊ ခမောင်းတောင်ကျေးရွာအုပ်စုနှင့် တောင်မင်းပြောင်ကျေးရွာများက ဒေသခံများ...

ကော့သောင်း လုံးဖော‌ရွာတွင် အိမ်ခြေတစ်ရာကျော် ရေနစ်မြုပ်၊ လူလေးရာကျော် ရေဘေးသင့်

ကော့သောင်းခရိုင် ခမောက်ကြီးကော့သောင်းခရိုင် ခမောက်ကြီးမြို့ လုံးဖောရွာတွင် အိမ်ခြေတစ်ရာကျော် ရေကြီးနစ်မြုပ်ပြီး လူလေးရာကျော် ရေဘေးသင့်ခဲ့ကြောင်း လုံးဖောရွာနေသူအချို့က ပြောသည်။မြို့ လုံးဖောရွာတွင် အိမ်ခြေတစ်ရာကျော် ရေကြီးနစ်မြုပ်ပြီး လူလေးရာကျော် ရေဘေးသင့်ခဲ့ကြောင်း လုံးဖောရွာနေသူအချို့က ပြောသည်။ မိုးသည်းထန်စွာရွာသွန်းကာ လေပြင်းတိုက်ခိုက်ပြီး...

မြိတ်တွင် မိုးသက်လေပြင်းကြောင့်သမ္ဗန်လှေ ၁၅ စီး နစ်မြုပ်

မြိတ်မြို့တွင် မိုးသက်လေပြင်းများကျရောက်သဖြင့် ဇူလိုင်လ ၁၈ နှင့် ၁၉ ရက် နှစ်ရက်တာအတွင်း သမ္ဗန်‌လှေ၁၅ စီးခန့် နစ်မြုပ်ခဲ့ရကြောင်း သမ္ဗန်‌ မောင်းနှင်သူအချို့က ပြောသည်။ မြိတ်ကမ်းနားလမ်းရှိ ဆားတံတား၊ ပြည်တော်သာတံတားနှင့် ဆိပ်ငယ်တံတားတို့ရှိ သမ္ဗန်‌လှေများ...

မော်လမြိုင်မြို့ပေါ်ရပ်ကွက်အားလုံးနီးပါး ရေကြီး၊ လူအချို့ပြောင်းရွှေ့နေရ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ပေါ်ရှိ ရပ်ကွက်အားလုံးနီးပါး ရေကြီးနစ်မြုပ်နေပြီး လူအချို့ပြောင်းရွှေ့နေရကြောင်း မြို့ခံနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။ မိုးအဆက်မပြတ် သည်းထန်စွာရွာသွန်းမှုကြောင့် ဇူလိုင်လ ၁၈ ရက်နေ့ ညနေပိုင်းမှစတင်ကာ မြို့ပေါ်ရှိ အနိမ့်ပိုင်းရပ်ကွက်အချို့တို့တွင် ရေကြီးရေလျှံမှု စတင်ဖြစ်ပွားခဲ့သည်။