ဖောင်းတောရေအားလျှပ်စစ် အဆင့်မြှင့်ရန်အတွက် ရေကာတာအသစ်တည်ဆောက်ရန် စီစဉ်

ထားဝယ်မြို့နယ် အရှေ့တောဒေသ ဖောင်းတော‌ကျေးရွာရှိ ရေအားလျှပ်စစ်စက်ရုံငယ်ကို ၂၀ မဂ္ဂါဝပ်ထွက်ရှိသည်အထိ အဆင့်မြှင့်တင်ရန်အတွက် ရေကာတာသစ် တည်ဆောက်ရန် စစ်ကောင်စီက စီစဉ်ကြောင်း သိရှိရသည်။ ယင်းရေအားလျှပ်စစ်စက်ရုံမှာ မူလက ၇ ဒဿမ ၅ မဂ္ဂါဝပ်သာထွက်ရှိပြီး ယခု...

တနင်္သာရီတိုင်းတွင် နောက်နှစ်ရက်အထိ နေရာကွက်၍ မိုးကြီးနေဦးမည်

တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နောက်နှစ်ရက်ခန့်အထိ (စက်တင်ဘာ ၇ ရက်အထိ) နေရာကွက်၍ မိုးကြီးနေဦးမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ မွန်းလွဲပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေအားအသင့်အတင့်မှ အားကောင်းနေပြီး ကျန်ဘင်္ဂလားပင်လယ်အော်တွင်...

တနင်္သာရီတိုင်းတွင် မိုးကြီး၊ လေပြင်းတိုက်မှုနှင့်အတူ ရေကြီးနိုင်ဟု မိုး/ဇလသတိပေး

တနင်္သာရီတိုင်းတွင် ဩဂုတ်လ ၁၉ ရက်နှင့် ၂၀ ရက်နေ့အတွင်း မိုးကြီး၊ လေပြင်းတိုက်ခတ်မူကြောင့် ရုတ်တရက်ရေကြီးခြင်း ဖြစ်လာနိုင်ကြောင်း မိုလေသနှင့် ဇလဗေဒဦးစီးဌာနက သတိပေးထားသည်။ ဘင်္ဂလားပင်လယ်အော်နှင့် ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်းအနီးတွင် လေဖိအားနည်းရပ်ဝန်းသည် အားကောင်းလာပြီး မုန်တိုင်းငယ်အဖြစ်သို့ ပြောင်းလဲသွားနိုင်ကြောင်း...

တနင်္သာရီမြစ်ရေ စိုးရိမ်ရေအမှတ်မှ အနည်းငယ်ပြန်ကျသော်လည်း မြို့ပေါ်တွင် ရေကြီးနေဆဲ

စိုးရိမ်ရေအမှတ်ရောက်ခဲ့သည့် တနင်္သာရီမြစ်ရေမှာ ယနေ့တွင် ကိုးလက်မခန့် ပြန်ကျသွားသော်လည်း တနင်္သာရီမြို့ပေါ်တွင် ရေကြီးနေဆဲဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ ယခုလအစမှစပြီး မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် တနင်္သာရီမြစ်ရေသည် ဩဂုတ်လ ၁၁ ရက်နေ့ ညနေ ၄ နာရီအချိန်တွင်...

မြိတ်တွင် မန်ဂျန်ရှားအပင် စိုက်ပျိုးမှုများရှိလာ

မြိတ်မြို့ရှိ ဥယျာဉ်ခြံလုပ်ငန်း လုပ်ကိုင်သူအချို့ မန်ဂျန်ရှားအပင်အား စိုက်ပျိုးမှုများရှိလာနေကြောင်း ဥယျာဉ်ခြံ လုပ်ငန်း လုပ်ကိုင်များထံမှ သိရသည်။ မန်ဂျန်ရှားပင်သည် နှစ်ရှည်ပင်တစ်မျိုးဖြစ်ပြီး သက်တမ်းအားဖြင့် နှစ် ၃၀ မှ ၅၀ အထိရှိပြီး အမြင့်ပေ တစ်ရာနီးပါးအထိ...

ပါချန်မြစ်ဘေးတွင် ဒီရေတောအပင် ၁၂၀၀ ခန့်စိုက်မည်

ကော့သောင်းမြို့နယ် ထိုင်း-မြန်မာနယ်ခြား ပါချန်မြစ်ဘေးရှိ ရေလယ်ကျွန်းတွင် ဒီရေတောအပင် ၁၂၀၀ ခန့် စိုက်ပျိုးမည်ဖြစ်ကြောင်း ပါချန်မြစ်ထိန်းသိမ်းစောင့်ကြည့်ရေးနှင့် မြစ်ဝှမ်းဒေသဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ထံမှ သိရသည်။ ဒီရေတော အပင် ၁၂၀၀ ခန့်ကို ဇူလိုင်လ ၂၆ ရက် အပြည်ပြည်ဆိုင်ရာ...

ကံပေါက်ဒယ်(လ်)ကို သတ္တုမိုင်းတွင်းမြေပြိုမူဖြစ်၊ ဒေသခံများစိုးရိမ်

ထားဝယ်ခရိုင် ရေဖြူမြို့နယ် ကံပေါက်‌ကျေးရွာရှိ ဒယ်(လ်)ကိုကုမ္ပဏီ သတ္တုတူးဖော်ရေး ဧရိယာအတွင်း မနေ့(ဇူလိုင် ၁၅) နေ့လယ်ပိုင်းက မြေပြိုမူတစ်ခုဖြစ်ပွားခဲ့ကြောင်း ဒေသခံအချို့ကပြောသည်။ မြေမပြိုခင်ရက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး မြေပြိုသည့်နေ့တွင်မူ မိုးရွာသွန်းခြင်းမရှိဘဲ ပြိုကျလာခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။

တနင်္သာရီမြစ်ရေ စိုးရိမ်ရေအမှတ်သို့ နီးကပ်လာ

ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် တနင်္သာရီမြစ်ရေသည် ယနေ့ (ဇူလိုင် ၁၃) စိုးရိမ်ရေအမှတ်ရောက်ရှိရန် တစ်ပေကျော်သာလိုတော့ကြောင်း တနင်္သာရီမြို့နယ် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။ မြိတ်ခရိုင် တနင်္သာရီမြို့နယ်၏ မြစ်ရေအား စိုးရိမ်ရေအမှတ်အဖြစ် ၁၇...

မြိတ်တွင် လေပြင်းကြောင့် သစ်ပင်လဲကျသဖြင့် နေအိမ်တစ်လုံးပျက်စီး

မြိတ်မြို့နယ် ကဟန်းကျေးရွာတွင် ယနေ့ မိုးသက်လေပြင်းများ တိုက်ခတ်သဖြင့် သစ်ပင်တစ်ပင် လူနေအိမ်ပေါ်သို့ လဲကျသဖြင့် နေအိမ်ပျက်စီးကြောင်း မြိတ်ခရိုင် မီးသတ်ဦးစီးဌာနထံမှ သိရသည်။ အမြင့်ပေ ၅၀၊ လုံးပတ် ၃ ပေခန့်ရှိ သရက်ပင်သည် လေပြင်းများတိုက်မှုကြောင့်...

တနင်္သာရီတိုင်းတွင် မိုးပိုရွာမည်

တနင်္သာရီတိုင်းအတွင်း ဇူလိုင်လ ၁၁ ရက်မှ ၂၀ ရက်အတွင်း ပုံမှန်ထက်မိုပို မိုးရွာသွန်းနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက ထုတ်ပြန်သည်။ ဘင်္ဂလာပင်လယ်နှင့် ကပ္ပလီပင်လယ်ပြင်တွင် လေဖိအားနည်းရပ်ဝန်းတစ်ခုသည် မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိလာနိုင်ပြီး ယင်းအခြေအနေကြောင့် တိုင်းအတွင်း မိုးပိုရွာသွန်းနိုင်ကြောင်း...