ကျူ ဝင်နေသူများကို အကဖြင့် ဖျော်ဖြေမည်

ထားဝယ်မြို့ပေါ်တွင် ၂၁ ရက် အသွားအလာကန့်သတ်စောင့်ကြည့် စခန်းဝင်နေသူများကို မြူးကြွသည့် တေးသီချင်းဖြင့်သီဆိုကာ ကိုယ်လက်လှုပ်ရှား အားကစားတစ်မျိုးဖြစ်သော Physical Fitness Dance ဖြင့် လိုက်လံဖျော်ဖြေမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းအားကစားနှင့် ကာယပညာဦးစီးဌာနထံမှ သိရသည်။ ယင်းအစီအစဉ်ကို ထားဝယ်မြို့ပေါ်ရှိ...

မွန်ငါးလုပ်ငန်း ၈၀ ရာခိုင်နှုန်းခန့် ရပ်ဆိုင်း

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါကြောင့် မွန်ပြည်နယ်ငါးလုပ်ငန်း၈၀ ရာခိုင်နှုန်း ခန့်ရပ်ဆိုင်းထားရကြောင်း မွန်ပြည်နယ်ငါးလုပ်ငန်းရှင်များနှင့် ငါးလုပ်ငန်းအဖွဲ့ချုပ်တို့ထံမှ သိရသည်။ မွန်ပြည်နယ်မှ ထွက်ရှိသည့်ငါးများကို တရုတ်ဈေးကွက်သို့ ၈၀ရာခိုင်နှုန်းကျော်တင်ပို့ရောင်းချနေပြီး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါကြောင့် တရုတ်နိုင်ငံက ငါးအဝယ်လျော့ကျသွားခဲ့သည်။ “တရုတ်ပြည်နယ်အနေနဲ့က အရင်တုန်းကငါးတွေကို...

မွန်တွင် လူစုလူဝေးလုပ်သူကို ထောင်ဒဏ် ၉ လထိ ပြစ်ဒဏ်ချမှတ်

လူစုလူဝေး ဦးဆောင်ပြုလုပ်ခဲ့သည့် မွန်ပြည်နယ်ကျိုက်မရောမြို့နယ် ကော့ခလိန်းကျေးရွာအုပ်စု ကြာအင်းချောင်းကျေးရွာနေ ဦးဇော်မင်းကို ထောင်ဒဏ် ၉ လ ကျခံစေရန် ကျိုက်မရောမြို့နယ်တရားရုံးက အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် လူစုလူဝေးမပြုလုပ်ရန် ညွှန်ကြားချက်ထုတ်ပြန်ထားသည့်အပေါ် လိုက်နာမှုမရှိသည့် ဦးဇော်မင်းကို...

ကိုဗစ်ရိုက်ချက်ထိ အလှဖန်တီးရှင်များ

စီးပွားရေးအခြေအနေကလည်း မဆိုး။ လထပ်နှစ်ဖြစ်နေသည့် အခြေအနေများကြောင့် ယခုနှစ် မင်္ဂလာဆောင်ရာသီတွင် အလုပ်အပ်သူများလိမ့်မည်ဟု သူတို့မျှော်လင့်ထားခဲ့ကြသည်။ သို့သော် ထင်သလိုဖြစ်မလာခဲ့ပါ။ ထိုသို့မျှော်လင့်ထားသူများက မင်္ဂလာဆောင်အခမ်းအနားများတွင် သတို့သား၊ သတို့သမီးကိုလှပအောင် မိတ်ကပ်လိမ်းခြယ်ဖန်တီးပေးရသည့် အလှဖန်တီးရှင်များပင်ဖြစ်သည်။
video

Dawei Watch Tv/ကိုဗစ်ကြားက တိုင်းလွှတ်တော်

တိုက်တိုက်ဆိုင်ဆိုင်ပဲ ဒီနေ့ တနင်္သာရီတိုင်းမှာ ပထမဆုံး ကိုဗစ်လူနာစတွေ့တဲ့ နေ့ပါ။ တိုင်းဒေသကြီး လွှတ်တော်ကို ကိုဗစ်ကပ်ဘေးအကြား စတင်ကျင်းပနေတာပါ။ သတင်းနှင့်ရိုက်ကူး - ကျော်သူစိုးDawei Watch TV
video

Dawei Watch TV/ တနင်္သာရီတိုင်းက ပထမဆုံး ကိုဗစ်လူနာ အခြေအနေ

တနင်္သာရီတိုင်းက ပထမဆုံး ကိုဗစ်လူနာ အခြေအနေ သူဟာ တနင်္သာရီတိုင်းမှာ ပထမဆုံး တွေ့ရတဲ့ ကိုဗစ်လူနာပါ။ ဒါကြောင့် တနင်္သာရီတိုင်းကတော့ ဘဲဥကွဲသွားပါပြီ။ မလေးရှားက ပြန်လာတဲ့ အမျိုးသားတစ်ဦးမှာ ကိုရိုနာရောဂါပိုး...

ရေမီတာတစ်ယူနစ် နှစ်ရာလျှော့ရန် ပုဂ္ဂလိက လုပ်ငန်းရှင်များ သဘောတူ

မြိတ်မြို့တွင် ယခုလမှစ၍ ရေတစ်ယူနစ် နှစ်ရာလျှော့ကောက်ရန် ရေပေးဝေနေသည့် ပုဂ္ဂလိကလုပ်ငန်းရှင်များမှ သဘောတူခဲ့ကြောင်း စည်ပင်သာယာရေးကော်မတီနှင့် ရေစက်လုပ်ငန်းရှင်များ ထံမှသိရသည်။ ကိုဗစ်နိုင်တင်းကာလအတွင်း မေ၊ ဇွန်၊ ဇူလိုင် သုံးလအတွက် ရေတစ်ယူနစ်လျှင် နှစ်ရာကျပ်နှုန်းလျှော့ကာကောက်ယူရန် ပုဂ္ဂလိကရေပေးဝေရေး လုပ်ငန်းရှင်များနှင့်...

ကိုဗစ်လွန်မှ မင်္ဂလာဆောင်မည်

မင်္ဂလာမဆောင်ခင် အမေးငွေအပ်အတွက် ဖိတ်စာတွေဝေပြီးအချိန် မအေမီသုန်ဦး ရွာထဲတွင် အသံချဲ့စက်ဖြင့်လိုက်လံ သတိပေးနှိုးဆော်သံတစ်ခုကို ကြားလိုက်ရသည်။ ကိုရိုနာဗိုင်းရပ်ကာကွယ်တားဆီးရေးအတွက် မင်္ဂလာဆောင်၊ အလှူနှင့် ဘာသာရေး အခမ်းအနားများ မလုပ်ရဆိုသည့် သတိပေးနှိုးဆော်သံ ဖြစ်သည်။

ထွက်နှုန်းမြင့်မွေးမြူရေး (သို့) ရောဂါပိုးစက်ရုံများ

အခန်း (၃) အမေရိကန်နိုင်ငံ ဖလော်ရီဒါ ပြည်နယ်တောင်ပိုင်းမှာ ၂၀၁၉ ခုနှစ်က တုပ်ကွေး(Dengue) ရောဂါကူးစက်ပျံ့နှံ့မှု ဖြစ်ခဲ့ပါတယ်။ ခြင်ဆေးဖြန်းခြင်း အစရှိ တဲ့နည်းလမ်းတွေနဲ့ စစ်ဆင်ရေးသဖွယ် နှိမ်နင်းဖို့ ကြိုးစားကြရပါတယ်။ တကယ် က...

ခေါင်းလောင်းသံ ကြားကြပါ၏လော

အမျိုးမျိုးသော ကပ်ဘေးများ ဆက်တိုက်လာနေသည်။ ပိုပူလာပြီးရေရှားလာ သည်။ သီးနှံများ ပျက်လာသည်။ ရှေးအစဉ်အဆက် မှတ်သားလာခဲ့သော ရာသီဥတု ဖြစ်စဉ်များ ကမောက်ကမ ဖြစ်လာသည်။ ဥတုဘေးက ကမ္ဘာကြီးကို ဒဏ်ပေးနေသည်မှာ ကြာမြင့်ခဲ့ပြီး ဖြစ်သည်။ ယခု...