ကိုဗစ်ကန့်သတ်ချက်ဖောက် ယာဉ်မောင်းကို အရေးယူ

ကိုဗစ်ကာလတွင် ခရီးသည်တစ်ဝက်သာ တင်ဆောင်ရမည်ဟု အစိုးရ၏ကန့်သတ်ချက်ကို ရှောင်ကွင်းသည့် ယာဉ်မောင်းတစ်ဦးကို အရေးယူထားကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ ငွေရတနာယာဉ်လိုင်းမှ ခရီးသည်တင်ကားသည် ဇွန်လ ၁၇ ရက်နေ့တွင် တနင်္သာရီမြို့နယ် ချောင်းလမုကျေးရွာမှ ဘုတ်ပြင်းမြို့သို့ ခရီးသည်...
Dawei Watch, Dawei News, Dawei News Mediavideo

ကုန်ကားသမားတွေ ကိုဗစ်အစစ်ခံပြီးမှ ဆက်သွားခွင့်ရမည်

ထားဝယ်ကထွက်မယ့် ကုန်ကားသမားတွေကို ကိုဗစ်ရောဂါပိုးရှိ မရှိ စစ်ဆေးနေပါတယ်၊ အဲဒီလိုစစ်ဆေးပြီး ကိုဗစ်ပိုးမတွေ့မှဘဲ ထောက်ခံချက်ပေးပြီး သွားလိုတဲ့ တိုင်းနဲ့ပြည်နယ်ကို သွားခွင့်ပြုနေတာပါ။ တနင်္သာရီတိုင်းထဲကို လာမယ့်ကုန်ကားသမားတွေမှာ ဘာတွေလိုအပ်လဲ၊ တိုင်းထဲက ပြန်ထွက်ရင်ရော ဘာတွေလိုအပ်ပါသလဲ။

ကိုရိုနာ ဗိုင်းရပ်စ် ရောဂါပိုးတွေ့ရှိသူ နှစ်ဦး ထပ်တွေ့

မြန်မာနိုင်ငံတွင် ကိုရိုနာ ဗိုင်းရပ်စ် ရောဂါပိုးတွေ့ရှိသူ နှစ်ဦး ထပ်တွေ့ကြောင်း ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာနက ယနေ့ နံနက် ၂ နာရီ၀န်းကျင်တွင် သတင်းထုတ်ပြန်သည်။ အဆိုပါ ပိုးတွေ့သူနှစ်ဦးအနက် တစ်ဦးမှာ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်တွင်...

ကော့သောင်းတွင် ညမထွက်ရ အမိန့် အပြစ်ပေးခံရသူမရှိသေး

ကော့သောင်းမြို့နယ်အတွင်းညမထွက်ရအမိန့်ကို ဖောက်ဖျက်ကျူးလွန်မှုကြောင့် အရေးယူအပြစ်ပေးခံရသူမရှိသေးကြောင်း ကော့သောင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းထွန်းက ပြောသည်။ Covid ၁၉ ရောဂါသည်အများ ပြည်သူတို့၏ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးများကိုထိခိုက်စေသည့်အပြင် အသက်အန္တရာယ်သေဆုံးသည်အထိဖြစ်ပွားနိုင်သဖြင့် ကော့သောင်းမြို့နယ် သတ်မှတ်နယ်နိမိတ်အတွင်း နေအိမ်ပြင်ပသို့ထွက်ခွာခြင်း၊ စုဝေးခြင်းများကိုည ၁၀နာရီမှ နံနက်...

အခြေခံလူတန်းစား စာရင်းကိစ္စ တိုင်းအစိုးရနှင့် ရပ်/ကျေး အချိတ်အဆက်လွဲ

ကိုဗစ်ကာလ ငွေကြေးခံစားခွင့် အတွက် အခြေခံလူတန်းစား စာရင်းကို ကောက်ခံရာတွင် တိုင်းအစိုးရ ပြောကြား ချက်နှင့် ရပ်/ကျေးအချို့တွင် ကောက်ခံ နေသော ပုံစံမှာ အချိတ်အဆက် လွဲချော် နေပြီး စာရင်းကောက်ယူရာတွင်လည်း အငြင်းပွားမှုများ ဖြစ်နေသည်။
video

COVID-19 ကာလ အလုပ်သွားအလုပ်ပြန်သင့်ခရီးစဉ်တစ်လျှောက်ရောဂါမှ ကာကွယ်နိုင်ရန် လိုက်နာရမည့် အချက်များ

COVID-19 ကာလ အလုပ်သွားအလုပ်ပြန်သင့်ခရီးစဉ်တစ်လျှောက်ရောဂါမှ ကာကွယ်နိုင်ရန် လိုက်နာရမည့် အချက်များ

ကိုဗစ်အတွက် ပြန်အပ်ရသည့် အခြေခံပညာ ရန်ပုံငွေ ကျပ်သန်းငါးထောင်ကျော်

တနင်္သာရီတိုင်း အခြေခံပညာ ဦးစီးဌာန ဆောက်လုပ်ရေးလုပ်ငန်းများ အတွက် အသုံးပြုမည့် ရန်ပုံငွေထဲမှ ပြည်ထောင်စုကို ကျပ်သန်းငါးထောင် ကျော် (ကျပ် ၅၅၀၅ သန်းကျော်) ပြန်အပ် လိုက်ရကြောင်း တိုင်းပညာရေးမှူးရုံး ထံမှ သိရသည်။ တနင်္သာရီတိုင်းမှ...

လူနာ အမှတ်၁၅ ၏ မိသားစု၀င် ၄ ဦး တွင် ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးတွေ့

ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ အမှတ် ၁၅ ၏ အနီးကပ်ထိတွေ့ဆက်စပ်သူ မိသားစုဝင် (၄)ဦးအား ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့ရှိ ၎င်းတို့၏နေအိမ်တွင် အသွား အလာကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုပြီး ဓာတ်ခွဲနမူနာရယူ၍ စစ်ဆေးခဲ့ရာ ၎င်း၏ ခင်ပွန်းဖြစ်သူ အသက် (၄၇)နှစ်၊ သားဖြစ်သူ အသက်...

ထီးခီးနယ်စပ်မှ တစ်ပတ်တစ်ရက် ဂက်စ်တင်သွင်းခွင့်ပြန်ရ

အိမ်သုံးဂက်စ်ကို ထီးခီးနယ်စပ်ဂိတ်မှ တင်သွင်းခွင့်ပြန်ရပြီဖြစ်ကြောင်း ဂက်စ်တင်သွင်းနေသည့် ကုမ္ပဏီထံမှ သိရသည်။ ထီးခီးနယ်စပ်ဂိတ်မှ ဂက်စ်တင်သွင်းခွင့်ကို ပြီးခဲ့သည့်အပတ်က စတင်ခွင့်ပြုလိုက်ခြင်းဖြစ်ပြီး တစ်ပတ်လျှင်တစ်ကြိမ် ကြာသပတေးနေ့တိုင်း တင်သွင်းခွင့်ပြန်ရပြီဖြစ်ကြောင်း ဂက်စ်တင်သွင်းနေသည့် ကစယ်ဒိုထူးကုမ္ပဏီ၏ အရောင်းမန်နေဂျာဒေါ်ခင်မူက ဆိုသည်။

မရပ်နိုင်သေးသည့် ကိုဗစ်ထိန်းချုပ်ရေး မာရသွန်ခရီး

ကိုဗစ်ကပ်ရောဂါ မြန်မာနိုင်ငံကို စတင်ဝင်ရောက်လာကတည်းက တိုင်း အတွင်းရှိ စေတနာ့ဝန်ထမ်းများသည် တစ်ဦးချင်းသော်လည်းကောင်း၊ အဖွဲ့ လိုက်သော်လည်းကောင်း ကိုဗစ်ထိန်းချုပ်ရေးလုပ်ငန်းများကို အစိုးရနှင့် ပူးပေါင်းက ရှေ့တန်းမှ တက်တကြွ်ကြွက ပါဝင်ဆောင်ရွက်လျက်ရှိကြသည်။ ကိုရိုနာဗိုင်းရပ်စ်ကို ကမ္ဘာ့ကူးစက် မြန်ကပ်ရောဂါအဖြစ် ကြေညာခဲ့သည်မှာ...