အိမ်ခြံမြေရောင်းဝယ်မှုများမှ ၀င်ငွေခွန် ကျပ် ၉၅ သန်းရ

တနင်္သာရီတိုင်းတွင် အိမ်ခြံမြေ ရောင်းဝယ်မှုများမှ ရှစ်လအတွင်း ၀င်ငွေခွန် ၉၅ သန်းကို ကောက်ခံရရှိခဲ့ကြောင်း တိုင်းဒေသကြီး ပြည်တွင်းအခွန်များဦးစီး ဌာနထံမှ သိရသည်။ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်စတင်သည့် အောက်တိုဘာလမှ မေလအထိ ရှစ်လတာ ကာလအတွင်း အိမ်ခြံမြေ ရောင်းဝယ်မှု အရေအတွက် ၂၁ ခုမှ...

စီးပွားဖြစ် ကျွဲ၊ နွား သယ်ယူပါက မွေးမြူရေးနှင့် ကုသရေးဌာနတွင် လျှောက်ထားရမည်

ယခင်က အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနထံတွင် လျှောက်ထားရသည့် စီးပွားဖြစ် ကျွဲ၊ နွား သယ်ယူခွင့်ကို မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနထံတွင် လျှောက်ထားရမည် ဖြစ်သည်။ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်...

ထန်းရည်လိုင်စင်ခွင့်ပြုရန် တင်ပြ

ထားဝယ်ခရိုင်အတွင်း ထန်းရည် ရောင်းချခွင့် လေလံလိုင်စင်ပေးရန် ရုံးချုပ်ကို တင်ပြထားကြောင်း ခရိုင်အုပ် ချုပ်ရေးမှူးက ပြောသည်။ ထန်းရည်လေလံလိုင်စင်ခွင့်ပြုနိုင် ရန် ပြီးခဲ့သည့် သုံးလခန့်ကပင် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရုံးချုပ်ထံ တင်ပြထားပြီး ထန်းရည်ဆိုင်ရှိသည့် မြို့နယ်တစ်ခုလျှင် လေလံလိုင်စင်လေးခု...

ကြိုမှာထားသည့် အောင်ဘာလေထီ လက်မှတ်အုပ်ရေ သုံးထောင်နီးပါး ကိုယ်စားလှယ်များ လာမထုတ်

ဧပြီလ ၁ ရက်နေ့ ဖွင့်လှစ်မည့် ၅၀၀တန် ထီနှင့် ၁၀၀၀တန် ထီလက် မှတ်အုပ်ရေ သုံးထောင်နီးပါးကို ကြိုတင် မှာယူထားသည့် ကိုယ်စားလှယ် ၃ ဦး သတ်မှတ်ချိန်အထိ လာရောက်ထုတ်ယူ ခြင်းမရှိကြောင်း တနင်္သာရီတိုင်းဒေသ ကြီး ပြည်တွင်းအခွန်များ ဦးစီးဌာနထံမှ သိရသည်။

မွန်တွင် ဆားကွင်းဧက ၄၀၀၀ ကျော် ဆားကြမ်း ထုတ်လုပ်နေ

၂၀၁၉-၂၀၂၀ ဆားထုတ်လုပ်ရာသီတွင် မွန်ပြည်နယ်အတွင်း ဆားကြမ်း ထုတ်လုပ်မှု ဧက ၄၀၀၀ ကျော် လုပ်ကိုင် နေသည်ဟု သတ္တုတွင်းဝန်ကြီးဌာန မြန်မာ့ဆားနှင့် အဏ္ဏဝါဓာတုဗေဒပစ္စည်း ထုတ်လုပ်ရောင်းဝယ်ရေးလုပ်ငန်း(မွန်ပြည် နယ်)ရုံးမှ သိရသည်။ ယခုနှစ် ဆားထုတ်လုပ်ရာသီတွင် ဆားလုပ်တောင်သူ...

ကော့သောင်းရေပြင် မိုင် ၇၀ ပတ်လည်ခန့် ငါးဖမ်းခွင့် အကန့်အသတ်မရှိပိတ်၊ ရေလုပ်သားတို့ အကြပ်ရိုက်

မြန်မာနိုင်ငံတောင်ပိုင်းရှိ အဓိက ငါးဖမ်းကွက်များအနက် တစ်ခုဖြစ်သော ကော့သောင်းပင်လယ်ရေပြင် မိုင် ၇၀ ပတ်လည် (စတုရန်းမိုင် ၄၉၀၀) ခန့်တွင် ကမ်းဝေးငါးဖမ်းလှေများ ငါးဖမ်းခွင့် အကန့်အသတ်မရှိ ပိတ်လိုက်ပြီ ဖြစ်သည်။ မြောက်လတ္တီတွဒ် ၁၀ ဒီဂရီနှင့် ၁၁ ဒီဂရီအကြား၊ အရှေ့လောင်ဂျီတွဒ် ၉၇ ဒသမ ၃၀...

ထားဝယ်စီမံကိန်း လိမ်ညာ အလုပ်ခေါ်ပါသလား၊ ...

အထူးစီးပွားရေးဇုန်အတွက် လိမ်ညာ အလုပ်ခေါ်နေပါက တိုင်ကြားရမည့် ဖုန်းနံပါတ် ပါဝင်သည့် ဗီနိုင်းများကို ပြီးခဲ့သည့်လက စိုက်ထူလိုက်သည်။ အဆိုပါဗီနိုင်းတွင် အထူးစီးပွား ရေးဇုန်အတွင်းရှိ မြေယာနှင့်ပတ်သက်၍ လက်ရှိတွင် ITD ကုမ္ပဏီနှင့် စီမံခန့်ခွဲ မှုကော်မတီက ကနဦးစီမံကိန်းအကောင်...

တနင်္သာရီတိုင်းအတွင်း အိမ်တွင်းစက်မှုလက်မှုလုပ်ငန်း ငါးရာနီးပါး မှတ်ပုံတင်ထား

တနင်္သာရီတိုင်းအတွင်း အိမ်တွင်း စက်မှုလက်မှုလုပ်ငန်း ငါးရာနီးပါး မှတ်ပုံတင်ထားကြောင်း တိုင်းဒေသကြီး အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီး ဌာနထံမှ သိရသည်။ အင်ဂျင်ပါဝါမြင်းကောင်ရေ သုည ဒသမ ၂၅ ကောင်မှ ၅ ကောင်အား အထိရှိပြီး အလုပ်သမား ၉ ဦးထက် မပိုသည့်...

မြိတ်ဒေသငှက်သိုက်လုပ်ငန်းရှင်များ အသင်းဖွဲ့ရန် စီစဉ်

မြိတ်ဒေသငှက်သိုက်လုပ်ငန်းရှင်များအသင်း ဖွဲ့စည်းရန်အတွက် စီစဉ်နေကြောင်း ခရိုင်ကုန်သည်နှင့် စက်မှုလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။ ငှက်သိုက်ကုန်ချောနည်းပညာများ ရယူရေးနှင့် နိုင်ငံတကာဈေးကွက်များရရှိနိုင်ရေး ရည်ရွယ်ချက်ဖြင့် ယင်းသို့ ဖွဲ့စည်းရန်စီစဉ်နေကြောင်း အထက်ပါ အသင်းတာဝန်ရှိသူက ပြောသည်။

မြိတ် – ကျွန်းစု အမြန်ယာဉ်ခ တိုးကောက်ခွင့်မပြု

မြိတ်မြို့မှ ကျွန်းစုမြို့သို့ ပြေးဆွဲနေသည့် အမြန်ယာဉ်ခနှုန်းထား တိုးကောက် မည့်အစီအစဉ်ကို ခွင့်မပြုကြောင်း မြိတ်မြို့နယ် အုပ်ချုပ်ရေးမှူးက ပြောသည်။ အမြန်ရေယာဉ်များအရှုံးပေါ်နေ သည်ဟုဆိုကာ ဇွန်လ ၂၀ ရက်မှ စတင်၍ ခရီးသည်တစ်ဦးလျှင် လေးရာကျပ် တိုးကောက်မည်ဖြစ်ကြောင်း အမြန်ယာဉ်အသင်းက ကြေညာခဲ့သည်။