ကုန်ကြွေးနှင့် လုပ်အားခ ကျပ်သိန်းခြောက်ရာနီးပါး ကုမ္ပဏီပိုင်ရှင် လာမရှင်းဟု စွပ်စွဲ

တင်ဒါအောင်လုပ်ငန်းများပြီးစီးခဲ့ပြီး ဖြစ်သော်လည်း လုပ်အားခနှင့် ကုန်ပစ္စည်း အကြွေး ကျပ်သိန်းခြောက်ရာနီးပါးအား ကုမ္ပဏီပိုင်ရှင်မှ လာရောက်ရှင်းလင်းပေး ချေခြင်းမရှိသေးကြောင်း ယင်းကုမ္ပဏီ၏ ထွေထွေမန်နေဂျာနှင့် အလုပ်သမားအချို့က စွပ်စွဲပြောဆိုလိုက်သည်။ ယင်းကိစ္စနှင့်ပတ်သက်၍ V.S.C Group ကုမ္ပဏီ၏ အထွေထွေမန်နေဂျာနှင့် အလုပ်သမား ၁၂ ဦးသည် ဖေဖော်ဝါရီ လ...

တံမြက်စည်းအပင်ဈေး ကော့သောင်းနှင့် ရနောင်း ဈေးထက်ဝက်ကွာ

တံမြက်စည်းပင် ဈေးသည် ကော့သောင်းနှင့် ရနောင်း ဈေးထက်ဝက်ကွာကြောင်း တံမြက်စည်းလုပ်သူများထံမှ သိရသည်။ အခြောက်ခံပြီးသား တံမြက်စည်းပင် တစ်ထောင်ပါ တစ်စည်းကို ထိုင်းနိုင်ငံ ရနောင်းဘက်ခြမ်းတွင် ထိုင်းဘတ်ငွေ တစ်ရာ ( မြန်မာ ကျပ်ငွေ ၄၇၀၀ ) အထိ ပေးဝယ်လျက်ရှိပြီး မြန်မာဘက်ခြမ်း ကော့သောင်းတွင် တစ်စည်း...

ဖမ်းမိ ငါးနှင့် ရေသယံဇာတများ ဆိပ်ကမ်းတွင် စစ်ဆေးရမည်

မြန်မာ့ပင်လယ်ပြင်တွင် ဖမ်းမိသည့် ငါးနှင့် ရေသယံဇာတများကို စစ်ဆေး ရေးဂိတ်ရှိသည့် ဆိပ်ကမ်းများတွင် စစ်ဆေးမှတ်တမ်းတင်ရန် တိုက်တွန်း သည့်အဆိုကို အမျိုးသားလွှတ်တော်တွင် အောက်တိုဘာလ ၂၅ ရက်က အတည်ပြု ခဲ့သည်။ ကော့သောင်းမဲဆန္ဒနယ်မှ အမျိုး သားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မျိုး ဝင်း တင်သွင်းခဲ့ပြီး အဆိုကို လျို့ဝှက် ဆန္ဒမဲပေး၍...

လောင်းလုံး CBT ဈေးနှုန်းလျှော့ချ

လောင်းလုံးမြို့နယ် စမ်းလှမ်းကျေးရွာတွင် ဖွင့်လှစ်ထားသည့် ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်း(CBT)တွင် တည်းခိုနေထိုင်ခနှုန်းထားများကို ဖေဖော်ဝါရီလ ပထမအပတ်မှစတင်ကာ ဈေးလျှော့ထားကြောင်း ထားဝယ်ခရိုင် ခရီးသွားလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။ ယခင်က နိုင်ငံခြားသားတစ်ဦးလျှင် တစ်ရက် ငွေကျပ် ၃၈၅၀၀ နှင့် နှစ်ဦးလျှင် ကျပ် ၇၇၀၀၀ သတ်မှတ်ထားပြီး လက်ရှိတွင်...

မြိတ်ဒေသငှက်သိုက်လုပ်ငန်းရှင်များ အသင်းဖွဲ့ရန် စီစဉ်

မြိတ်ဒေသငှက်သိုက်လုပ်ငန်းရှင်များအသင်း ဖွဲ့စည်းရန်အတွက် စီစဉ်နေကြောင်း ခရိုင်ကုန်သည်နှင့် စက်မှုလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။ ငှက်သိုက်ကုန်ချောနည်းပညာများ ရယူရေးနှင့် နိုင်ငံတကာဈေးကွက်များရရှိနိုင်ရေး ရည်ရွယ်ချက်ဖြင့် ယင်းသို့ ဖွဲ့စည်းရန်စီစဉ်နေကြောင်း အထက်ပါ အသင်းတာဝန်ရှိသူက ပြောသည်။

ဝါး ရောင်းအား ထက်ဝက်ကျဆင်း

ထားဝယ်မြို့တွင် ဝါးရောင်းအား ထက်ဝက်နီးပါး ကျဆင်းလာကြောင်း ဝါးနှင့် ဝါးထွက်ပစ္စည်း ရောင်းချသူအချို့ ထံမှ သိရသည်။ ပြီးခဲ့သည့် ၂ နှစ်ခန့်က တစ်လလျှင် ဝါးအလုံးရေ ၃၀၀၀ ခန့် ရောင်းချရပြီး လက်ရှိတွင် အလုံးရေ...

ထားဝယ်လျှပ်စစ် တစ်ယူနစ် ၁၃ ကျပ်ဈေးတက်၊ ဈေးထပ်တိုးရန် တင်ပြထား ဟုဆို

ထားဝယ်ခရိုင်အတွင်း သြဂုတ်လအတွက်သုံးစွဲခဲ့သည့် လျှပ်စစ်တစ်ယူနစ်လျှင် ၁၃ ကျပ် ဈေးတက်သွားကြောင်း သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လအတွက် သုံးစွဲခဲ့သည့် တစ်ယူနစ်ဈေးနှုန်းကို ၂၃၅ ကျပ် ကောက်ခံနေရာမှ သြဂုတ်လအတွင်း သုံးစွဲယူနစ်ဈေးနှုန်းကို ၂၄၈ ကျပ် သတ်မှတ်ကောက်ခံခဲ့ခြင်းဖြစ်သည်။

Shell ကို မြန်မာ့ ကမ်းလွန်တွင် စွမ်းအင်ရှာခွင့်ပြု

နယ်သာလန် အခြေစိုက် Shell ကုမ္ပဏီ နှင့် မိတ်ဖက် Mitsui Oil Exploration Co.,Ltd group (MOECO) တို့ကို မြန်မာ့ ကမ်းလွန် ရေနက်ပိုင်းလုပ်ကွက် သုံးကွက်အတွက်  စွမ်းအင် ရှာဖွေတူးဖော်ရေးနှင့် ထုတ်လုပ်မှု အပေါ်ခွဲဝေခံစားရေးအတွက် နိုင်ငံပိုင် မြန်မာ့ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း တို့...

ရေထွက်ကုန် ဈေးနှုန်းထိုးဆင်း

ငါးဖမ်းရာသီသုံးလရာနှုန်းပြည့် ပိတ်ခဲ့သဖြင့် ငါး၊ ပုစွန်၊ ကင်းမွန်စသည့် ရေထွက်ပစ္စည်း ထိမိရရှိမှုများသော်လည်း ဈေးနှုန်း ထိုးဆင်းနေသည်ဟု ရေလုပ်ငန်းရှင်နှင့် ရေထွက်ပစ္စည်း ရောင်းဝယ်သည့် လုပ်ငန်းရှင်အချို့ထံမှ သိရသည်။ ရေထွက်ကုန်အဓိကတင်ပို့နေသည့် ထိုင်းနိုင်ငံတွင် အလုပ်သမားအရေးကိစ္စကြောင့်...

ထားဝယ်တွင် ကွမ်းသီးဈေး သိသိသာသာ မြင့်တက်

ဖေဖော်ဝါရီလအတွင်း ကွမ်းသီးဈေး သိသိသာသာ မြင့်တက်လာကြောင်း ထားဝယ်မြို့ရှိ ကွမ်းသီးရောင်းဝယ်ရေးလုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။ ဇန်န၀ါရီလ နောက်ဆုံးအပတ်က တစ်ပိဿာလျှင် ကျပ် ၃၆၀၀ ခန့်သာရှိခဲ့ သည့် ကွမ်းသီးဈေးသည် ဖေဖော်ဝါရီလ အတွင်း ဈေးတက်လာပြီး ဖေဖော်ဝါရီလ နောက်ဆုံးအပတ်တွင် ကျပ် ၄၄၀၀ မှ...