တိုင်းအတွင်း စစ်ဆေးရန်ကျန်သည့် အလုပ်ရုံအလုပ်ဌာနငယ် သုံးရာကျော် စစ်ဆေး

တိုင်းအတွင်း စစ်ဆေးရန်ကျန်သည့် တစ်နိုင်တစ်ပိုင် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနငယ် သုံးရာကျော်ကို စစ်ဆေးနေပြီဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနထံမှ သိရသည်။ Covid -19 ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီး၏...

ကိုဗစ်ကာလ ကားမှောင်ခို

တိုင်းတွင်း၊ တိုင်းပြင် ခရီးသည် တင်ယာဉ်များ ပြေးဆွဲခွင့်ကို ဧပြီလ ၂၄ မှ စတင် ပိတ်လိုက်ပြီး နောက်ပိုင်း ထားဝယ်ခရိုင်အတွင်း မှောင်ခိုပြေးဆွဲ သည့် ခရီသည်တင်ယာဉ်အချို့ ရှိလာခဲ့သည်။ မှောင်ခိုပြေးဆွဲသူများသည် ခရီးသည် များကို...

တညင်းသီးဈေး ထိုးကျ

ထားဝယ် ဒေသထွက် သီးနှံများ အနက် တစ်ခုဖြစ်သည့် တညင်းသီးများ ဈေးနှစ်ဆခန့် ကျဆင်းနေကြောင်း ပွဲရုံများနှင့် ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့်နှစ်က အခွံပါ တညင်းသီး တစ်ပုံး (၉ ပိဿာခွဲ)လျှင် ငွေကျပ် ၁၂၀၀၀...

သင်္ကြန်ကာလအတွင်း အခြေခံစားသောက်ကုန်၊ ဆေးနှင့် ဆီဆိုင်မှလွဲ၍ အားလုံးပိတ်ရမည်

သင်္ကြန်ပွဲတော်ကာလအတွင်း အခြေခံစားသောက်ကုန်ဆိုင်၊ ဆေးဆိုင်နှင့် စက်သုံးဆီဆိုင်များသာ ဖွင့်ခွင့်ရမည့်ဖြစ်ပြီး အခြားဆိုင်အားလုံး ပိတ်ထားရမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီးဦးကျော်မင်းက ပြောသည်။ ယင်းကိစ္စနှင့် ပတ်သက်သည့် အသေးစိတ် ညွှန်ကြားချက်ထွက်ရှိမည်ဖြစ်ပြီး ညွှန်ကြားချက်ထွက်ချိန်တွင် စတင်အသက်ဝင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ကိုဗစ်ဂယက်ကြောင့် ဆံသလုပ်ငန်း ဝင်ငွေ ထက်ဝက်ကျဆင်း

ကိုရိုနာရောဂါဂယက်ကြောင့် အခြားစီးပွားရေးလုပ်ငန်းများ ထိခိုက်နေချိန်တွင် ထားဝယ်ဒေသရှိ ဆံသဆိုင်လုပ်ငန်းများလည်း ပါဝင်သည်။ ကိုရိုနာဂယက်မတိုင်မီကတစ်ရက်လျှင် ဆံပင်လာညှပ်သူဦးရေ ၃၀ ခန့်ရှိရာမှ လက်ရှိတွင် ၁၀ ဦးကျော်သာရှိတော့ကြောင်း ထားဝယ်မြို့ဝဲကျွန်းရပ်ကွက် ဇမ္ဗူဆံသဆိုင်မှ ကိုမျိုးမင်းလွင်က ဆိုသည်။

ကုန်ပစ္စည်းဈေး အဆမတန် တင်ရောင်းက ဖုန်းဆက်တိုင်ပါ

တနင်္သာရီတိုင်းအတွင်း ကိုရိုနာဗိုင်းရပ်စ်အရေးအကြောင်းပြကာ ကုန်ပစ္စည်းဈေးနှုန်းကို အဆမတန်တင်ရောင်းပါက စားသုံးသူရေးရာဦးစီးဌာနထံ ဖုန်းဆက်တိုင်ကြားနိုင်ကြောင်း အထက်ပါဌာနထံမှ သိရသည်။ အထက်ပါဌာန၏ တိုင်းဒေသကြီးဦးစီးမှူး၏ တယ်လီဖုန်းအမှတ် ဝ၉၅၁၂၇၃၈၇၊ ဝ၅၉၂၀၂၁၀၅၆၊ ဝ၅၉၂၀၂၁၂၀၄ ထံ ဆက်သွယ်တိုင်ကြားနိုင်သည်။

လက်ဖက်ရည် မှောင်ခိုသောက်ရသော ခေတ်

တကယ်တော့ ထိုမျှ အထိဖြစ်လာ မည်ကို ပြီးခဲ့သည့် တစ်လကျော်နှစ်လ လောက်က မည်သူမျှ ခန့်မှန်းခဲ့မည် မဟုတ်ပါ။ သို့သော် ယခုတော့ အမှန်တကယ်ပင် လက်ဖက်ရည်မှောင်ခို ထိုင်သောက်၊ ထမင်းမှောင်ခို ထိုင်စားရသည့် ခေတ်ကာလကို ဖြတ်သန်းနေရပြီဖြစ်သည်။...

မျိုးစပါး တင်းတစ်သောင်းကျော် ရောင်းမည်

ယခုနှစ်တွင် တနင်္သာရီတိုင်းရှိ လယ်သမားများသို့ မျိုးသန့်စပါး တင်း တစ်သောင်းကျော်(၁၃၁၅၇ တင်း) ကို ရောင်းချပေးမည်ဖြစ်ပြီး ဝယ်ယူသည့် မျိုးစေ့များ အပင်မပေါက်ပါက ပြန်လဲ ပေးမည်ဖြစ်ကြောင်း တိုင်းစိုက်ပျိုးရေးဦးစီးဌာန မျိုးစေ့ဌာနခွဲထံမှ သိရသည်။ ရောင်းချပေးမည့် မျိုးစပါးများမှာ...

မတ်ပဲစိုက် တောင်သူများ တွက်ခြေမကိုက်

ယခုနှစ်တွင် မတ်ပဲစတင်စိုက်ပျိုး စဉ်ကတည်းက အပင်အောင်မြင်မှုနည်း ပါးသည့်အပြင် ယခု သီးနှံပေါ်သည့် အချိန်တွင်လည်း သီးနှံထွက်နှုန်းကျဆင်း နေသဖြင့် တောင်သူများ တွက်ခြေမကိုက် ဘဲဖြစ်နေကြောင်း လောင်းလုံးမြို့နယ် တွင် မတ်ပဲစိုက်ပျိုးနေသည့် တောင်သူ အချို့ထံမှ သိရသည်။

ထားဝယ်စီမံကိန်း လိမ်ညာ အလုပ်ခေါ်ပါသလား၊ ...

အထူးစီးပွားရေးဇုန်အတွက် လိမ်ညာ အလုပ်ခေါ်နေပါက တိုင်ကြားရမည့် ဖုန်းနံပါတ် ပါဝင်သည့် ဗီနိုင်းများကို ပြီးခဲ့သည့်လက စိုက်ထူလိုက်သည်။ အဆိုပါဗီနိုင်းတွင် အထူးစီးပွား ရေးဇုန်အတွင်းရှိ မြေယာနှင့်ပတ်သက်၍ လက်ရှိတွင် ITD ကုမ္ပဏီနှင့် စီမံခန့်ခွဲ မှုကော်မတီက ကနဦးစီမံကိန်းအကောင်...