တနင်္သာရီတိုင်းတွင် ခရီးသွားဇုန်ကြေး စမ်းသပ်ကောက်ခံ

တနင်္သာရီတိုင်းပင်လယ်ပြင်ရှိ ကျွန်းများသို့ နေ့ချင်းပြန်သွားရောက်လည်ပတ်မည့် နိုင်ငံခြားခရီးသွားတစ်ဦးလျှင် ဇုန်ဝင်ကြေး ကျပ်ငါးထောင်နှုန်းကို ဇန်န၀ါရီလ ၂၀ ရက်မှ စတင်ကာ စမ်းသပ်ကောက်ခံခဲ့ကြောင်း တိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန(ဟိုတယ်/ခရီး)ရုံးမှ တာဝန်ရှိသူက ပြောသည်။ တနင်္သာရီတိုင်းအတွင်း ယင်းသို့ဇုန် ၀င်ကြေးကောက်ခံခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်သည်။

မိုးစပါးချေးငွေလျာထားချက် ယမန်နှစ်ထက် ကျပ်သိန်းပေါင်းတစ်သောင်းကျော် လျော့

ယခုနှစ်ထုတ်ချေးရန်လျာထားသည့် မိုးစပါးချေးငွေမှာ ယမန်နှစ်မိုးစပါးချေးငွေလျာထားချက်ထက် ကျပ်သိန်းပေါင်း တစ်သောင်းကျော် လျော့နည်းကြောင်း တနင်္သာရီတိုင်း မြန်မာ့လယ်ယာဖွံ့ဖြိုးဘဏ်ထံမှ သိရသည်။ ယမန်နှစ်က မိုးစပါးချေးငွေထုတ်ချေး ရန် ကျပ် ၁၇ ဘီလီယံကျော်လျာထားသော်လည်း ယခု ၂၀၁၉ ခုနှစ်တွင်မူ ကျပ် ၁၆ ဘီလီယံကျော်သာ ထုတ်ချေးပေးရန် ကနဦး...

မြိတ်လျှပ်စစ်မီး ယခုလအတွင်း မြိတ်အများပိုင် တာဝန်စယူမည်

မြိတ်မြို့အတွက် လျှပ်စစ်ထုတ်လုပ် ဖြန့်ဖြူးရေးလုပ်ငန်းကို ယခုလအတွင်း မြိတ်အများပိုင်ကော်ပိုရေးရှင်းလီမိတက်က စတင်တာဝန်ယူမည်ဖြစ်ကြောင်း ယင်းကော်ပိုရေးရှင်းထံမှ သိရသည်။ မြိတ်အများပိုင်ကော်ပိုရေးရှင်းသည် ဒီဇယ်ဈေးနှုန်းအပေါ်မူတည်တွက်ချက်ထားသည့် သတ်မှတ်မီတာခနှုန်းထားထက် နှစ်ဆယ်ရာခိုင်နှုန်းလျှော့ဈေးဖြင့် မီးပေးမည်ဟု ထုတ်ပြန်ထားသည့်ကုမ္ပဏီ ဖြစ်သည်။ “ဒီလ(ဖေဖော်ဝါရီလ)အတွက် ဈေးက မသိရသေးဘူး၊ အကြမ်းအဖျင်း လျာထားတာက ကျပ် ၃၉၀ နှုန်းပါ”ဟု မြိတ်အများပိုင် ကော်ပိုရေးရှင်း လီမိတက်၏...

မော်လမြိုင်၊ ရန်ကုန်မှ အဓိက တင်သွင်းရသည့် စားသောက်ကုန် အချို့ ထားဝယ်ဈေးကွက်တွင် သိသိသာသာ ဈေးနှုန်းမြင့်တက်

ထားဝယ်- ရေးလမ်းပိုင်းရှိ မလွှဲတောင်လမ်းပိုင်းပြတ်တောက်မှုကြောင့် မော်လမြိုင်၊ ရန်ကုန်မှ အဓိက တင်သွင်း နေသည့် စားသောက်ကုန်ပစ္စည်းအချို့ သိသိသာသာ ဈေးနှုန်းမြင့်တက်လာကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိ ရှိရသည်။ ထားဝယ်-ရေး လမ်းပိုင်းဖြစ်သည့် မလွှဲတောင်တွင် သြဂုတ်လ ၁၀ ရက် နံနက်ပိုင်းတွင် ကားလမ်းမပေါ် မြေပြို ခြင်း၊...

သန္တာကျောက်တန်းရောင်းချသည့်ဆိုင်များကို ၀င်ဖမ်း

မောင်းမကန်ကမ်းခြေတွင် သန္တာကျောက်တန်းများရောင်းချနေသည့်ဆိုင်များကို ၀င်ရောက်ဖမ်းဆီးခဲ့ပြီး ထပ်မံရောင်းချပါက ထောင်ဒဏ် ၁၀ နှစ်အထိချမှတ်နိုင်မည့် ဥပဒေပုဒ်မဖြင့် အရေးယူမည် ဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာန ထားဝယ်ခရိုင်ဦးစီးမှူး (ယာယီ) ဦးထွန်းထွန်းနိုင်က ပြောသည်။ သန္တာကျောက်တန်းမှ ကျောက်ခက်ကျောက်ပန်းများ၊ ကြယ်ငါး၊ ကျောက်မှို အစရှိသည့် ပစ္စည်းများ ရောင်းချနေသည့် မောင်းမကန်ကမ်းခြေရှိ အမှတ်တရပစ်္စည်း အရောင်းဆိုင်...

ရန်ကုန်-ထားဝယ်လမ်း ဆက်သွယ်မှုပြတ်ချိန် ထိုင်းနိုင်ငံမှ ကြက်ဥ နှစ်သောင်းကျော် တင်သွင်း

ရေကြီးမြေပြိုမှုများကြောင့် ရန်ကုန်- ထားဝယ်လမ်းပိုင်း ဆက်သွယ်မှုပြတ် တောက်သွားချိန်တွင် ထားဝယ်ဒေသ တွင်စားသုံးရန် ထိုင်းနိုင်ငံမှ ကြက်ဥ အလုံးရေနှစ်သောင်းကျော် တင်သွင်းခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းထံမှ သိရသည်။ အထက်ပါလမ်းပိုင်း ရေကြီးမြေပြို မှုများကြောင့် ဒေသတွင်း ကြက်ဥပြတ်...