လက်ရှိအစိုးရလက်ထက် တနင်္သာရီတွင် ကျပ်သန်းခြောက်သောင်းနီးပါးနှင့် အမေရိကန်ဒေါ်လာသန်း နှစ်ဆယ်ကျော် ရင်းနှီးမြှုပ်နှံ

လက်ရှိ NLD အစိုးရလက်ထက်တွင် တနင်္သာရီတိုင်းအတွင်း စီးပွားရေးလုပ် ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုပမာဏ ငွေကျပ် သန်းပေါင်း ခြောက်သောင်းနီးပါးနှင့် အမေရိကန်ဒေါ်လာ သန်းနှစ်ဆယ်ကျော် ရှိကြောင်း တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန(DICA)ထံမှ သိရသည်။ NLD အစိုးရ စတင်တာဝန်ထမ်း ဆောင်သည့် ၂၀၁၆ ခုနှစ် ဧပြီလမှ လက်ရှိ...

ဒေသဆိုင်ကယ်လိုင်စင်လုပ်သူ သိသိသာသာ နည်းလာ

မော်တော်ဆိုင်ကယ် ဒေသလိုင် စင် လာရောက်ပြုလုပ်သူ သိသိသာသာ လျော့နည်းလာကြောင်း တနင်္သာရီတိုင်း ဒေသကြီး ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (ကညန)ထံမှ သိရသည်။ ထားဝယ်မြို့ရှိ တိုင်းဒေသကြီး ကညနရုံးတွင် လိုင်စင်လာရောက် ပြုလုပ်သည့် ဆိုင်ကယ်အရေအတွက်မှာ ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက တစ်ရက်လျှင် အစီးရေ...

ဖမ်းမိ ငါးနှင့် ရေသယံဇာတများ ဆိပ်ကမ်းတွင် စစ်ဆေးရမည်

မြန်မာ့ပင်လယ်ပြင်တွင် ဖမ်းမိသည့် ငါးနှင့် ရေသယံဇာတများကို စစ်ဆေး ရေးဂိတ်ရှိသည့် ဆိပ်ကမ်းများတွင် စစ်ဆေးမှတ်တမ်းတင်ရန် တိုက်တွန်း သည့်အဆိုကို အမျိုးသားလွှတ်တော်တွင် အောက်တိုဘာလ ၂၅ ရက်က အတည်ပြု ခဲ့သည်။ ကော့သောင်းမဲဆန္ဒနယ်မှ အမျိုး သားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မျိုး ဝင်း တင်သွင်းခဲ့ပြီး အဆိုကို လျို့ဝှက် ဆန္ဒမဲပေး၍...

ဥပဒေ မလိုက်နာသဖြင့်သတ္တု ကုမ္ပဏီနှစ်ခု ယာယီရပ်ရမည်

ဥပဒေ မလိုက်နာသဖြင့်ထားဝယ် ဒေသအတွင်း သတ္တုတူးဖော်နေသည့်မြန် မာပွန်ပီပက်နှင့် အရှေ့တိုင်း သတ္တုကုမ္ပဏီနှစ်ခုကို ယာယီရပ်နားထားရန် အစိုးရက ညွန်ကြား လိုက်သည်။ တနင်္သာရီတိုင်း ဒေသကြီးအမှတ်၂ သတ္တုတွင်းလုပ်ငန်းက ဇွန်လကုန်တွင် ညွန်ကြားခဲ့ခြင်းဖြစ်ပြီး မြန်မာပွန်ပီပက်မှာ ဟိန္ဒား  သတ္တုလုပ်ကွက်တွင် သတ္တုတူးဖော် နေသည့်ကုမ္ပဏီဖြစ်ပြီး အရှေ့တိုင်း ကုမ္ပဏီမှာ ဘ၀ပင် သတ္တုလုပ်ကွက်တွင်...

“ခရိုနီက လုံးဝလည်း မဆက်ဆံလို့ မရဘူး”

ခရုနီများနှင့် အတူသွားသည်ဟု ဝေဖန်ခံရသော ထိုင်းနိုင်ငံခရီးစဉ်နှင့်ပတ်သက်ပြီး တနင်္သာရီအပတ်စဉ်၏ မေးမြန်းချက်အပေါ် ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်၏ ရှင်းလင်းချက် "ယိုးဒယားခရီးစဉ်က  G to G (အစိုးရချင်း) သွားတာပါ။ ပြည်ထောင်စု အစိုးရကို တင်ပြီးတော့မှ ပြည်ထောင်စု အစိုးရက လွှတ်တယ်။ နယ်စပ်မော တောင် လမ်းဖွင့်ဖို့ကိစ္စအတွက် သွား...

တနင်္သာရီဝန်ကြီးချုပ်၏ ထိုင်း ခရီးစဉ် ခရိုနီနှင့်အတူသွားဟု ဝေဖန်ခံရ

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်နှင့် အစိုးရအဖွဲ့ဝင်များက ထိုင်းနိုင်ငံပရာကျွတ်မြို့ ခရီးစဉ်အတွင်း ဒေသခံများက ခရိုနီဟု ခေါ်ဆိုသော မြို့ခံစီးပွားရေးလုပ်ငန်းရှင်များနှင့် အတူသွားရောက်ခဲ့သည့်အတွက် ဒေသခံများနှင့် အရပ်ဘက်အဖွဲ့အစည်း အချို့က ဝေဖန် ပြောဆိုလိုက်သည်။ မြိတ်ခရိုင် တနင်္သာရီမြို့နယ် မောတောင်နယ်စပ်ဒေသနှင့် တဆက်တည်းရှိ ထိုင်းနိုင်ငံပရာကျွတ်မြို့ ခရီးစဉ်တွင် ဆီအုန်းကုမ္ပဏီကြီး တစ်ခုဖြစ်သည့် ပြည့်ဖြိုးထွန်း...

ထားဝယ်အများပိုင် လုပ်ငန်းရပ်ဆိုင်းစေရေး လိုအပ်က မောင်းမကန်ဒေသခံများ ဆန္ဒပြမည်

မောင်းမကန်ကမ်းခြေတွင် ထားဝယ်အများပိုင်ကုမ္ပဏီက လုပ်ဆောင်နေသည့် လုပ်ငန်းများ ရပ်ဆိုင်းပေးရေးအတွက် လိုအပ်ပါက တိုင်းအစိုးရအဖွဲ့ကို ဆန္ဒပြတောင်းဆိုမည်ဖြစ်ကြောင်း မောင်းမကန်ဒေသခံများက ပြောသည်။ ထားဝယ်ဖွံ့ဖြိုးတိုးတက်မှု အများပိုင် ကုမ္ပဏီလီမီတက်(DDPC)၏ မောင်းမကန်ကမ်းခြေတောင်ဖက် လုပ်ကွက်အတွင်း သဲစုပ်မြေညှိခြင်းနှင့် ဆောက်လုပ်ရေးလုပ်ငန်း အရှိန်အဟုန်မြင့် လုပ်ဆောင်နေမှုများ ရပ်ဆိုင်းပေးရန် တိုင်းအစိုးရအဖွဲ့အား ရက်ပိုင်းအတွင်း တင်ပြသွားမည်ဖြစ်ကြောင်း ဒေသခံများက ပြောသည်။ “လိုအပ်ရင်...

ဟန်ပြစိုက်ပျိုးရေးလုပ်ငန်းများကြောင့် သစ်တောပိုမို ပြုန်းတီး ဟုဝန်ကြီးဆို

တိုင်းအတွင်း ဆီအုန်း၊ ရာဘာ စသည့် စိုက်ပျိုးရေး စီမံကိန်းအမျိုးမျိုးကို ဟန်ပြ အကောင်အထည်ဖော်ပြီး သစ်ခုတ်ခဲ့သဖြင့် သစ်တော်ပြုန်းတီးမှု ပိုမိုများပြားကြောင်း တနင်္သာရီတိုင်းဒေသကြီးအစိုးရ အဖွဲ့ ၀န်ကြီးတစ်ဦးက ပြောဆိုလိုက်သည်။ ဇွန်လ ၅ ရက်နေ့က ထားဝယ်မြို့ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်သော ကမ္ဘာ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အခမ်းအနားတွင်...

လကမ္ဘာ အဝေးပြေးကွင်း အဆင့်မြှင့်မည်

ကျောက်ခဲများ၊ ချိုင့်ခွက်များဖြင့် ဆိုးဆိုးရွားရွားဖြစ်နေသောကြောင့် လကမ္ဘာဟု တင်စားခံရသည့် ထားဝယ်အဝေးပြေး ကားကွင်းကို အဆင့်မြှင့်ရန် ဒေသဆိုင်ရာ တိုင်းအစိုးရက ပြင်ဆင်လျက်ရှိသည်။ သို့သော် ကားဝင်းကို ဗဟိုအစိုးရက တိုက်ရိုက်ထိန်းချုပ်ထားသဖြင့် နေပြည်တော်သို့ တင်ပြရန် လိုအပ်နေသည်။ ခရီးသည်တင်ယာဉ်များနှင့် ကုန်တင်ယာဉ်များ အဆင်ပြေစွာ ရပ်နားနိုင်ရန် လက်ရှိ ကားကွင်း ဧရိယာ...

ကျောက်ထုတ်လုပ်ငန်း ရပ်ဆိုင်းရေး ပေါင်တွင် ဆန္ဒပြ

မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်း ကျောက်ထုတ်လုပ်နေသည့် ကုမ္ပဏီတစ်ခုကြောင့် သဘာဝပတ် ဝန်းကျင်ထိခိုက်သည်ဟုဆိုကာ လုပ်ငန်း ပိတ်သိမ်းပေးရန် ဒေသခံ ၅၀၀ ခန့်တို့က ဇွန်လ ၅ ရက် နံနက်ပိုင်းက ဆန္ဒပြခဲ့ကြသည်။ ဆန္ဒပြခံရသော ကုမ္ပဏီ၏ အမည်မှာ Long Life Aggregate Co.Ltd ဖြစ်ပြီး ကျောက်ထုတ်လုပ်မှုကြောင့် ရေအရင်းအမြစ်...