စင်ခွန်းတွင် သစ်ခွပန်းအရောင်း အ၀ယ်ပါးလာ

မောတောင်နယ်စပ်ဂိတ်ကို မြန်မာ ဘက်မှ ၂၀၁၃ ခုနှစ် မေလတွင် တရားဝင်ဖွင့်လှစ်ခဲ့ပြီး နောက်ပိုင်းတွင် သစ်ခွပန်း အရောင်းအ၀ယ် တဖြည်း ဖြည်း နည်းပါးလာကြောင်း ထိုင်းနယ်စပ် စင်ခွန်းဂိတ် တောင်ခြေဈေး တွင် သစ်ခွပန်း ရောင်းချနေသူအချို့က ပြောသည်။ မြန်မာနိုင်ငံဘက်မှ သစ်ခွပန်းလာ ရောက်ရောင်းချသူ...

အိမ်ခြံမြေရောင်းဝယ်မှုများမှ ၀င်ငွေခွန် ကျပ် ၉၅ သန်းရ

တနင်္သာရီတိုင်းတွင် အိမ်ခြံမြေ ရောင်းဝယ်မှုများမှ ရှစ်လအတွင်း ၀င်ငွေခွန် ၉၅ သန်းကို ကောက်ခံရရှိခဲ့ကြောင်း တိုင်းဒေသကြီး ပြည်တွင်းအခွန်များဦးစီး ဌာနထံမှ သိရသည်။ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်စတင်သည့် အောက်တိုဘာလမှ မေလအထိ ရှစ်လတာ ကာလအတွင်း အိမ်ခြံမြေ ရောင်းဝယ်မှု အရေအတွက် ၂၁ ခုမှ...

ကန်ဖျားကုန်စိမ်းဈေး ဆိုင်ခန်းအားလုံး ဇူလိုင်လ ၁၃ ရက် နောက်ဆုံးထား ပြောင်းရမည်

မြိတ်မြို့ ကန်ဖျားရပ်ကွက်တွင် ရောင်းချနေသည့် ကန်ဖျားကုန်စိမ်းဈေးရှိ ဆိုင်ခန်းအားလုံး ဇူလိုင်လ ၁၃ ရက် နောက်ဆုံးထားကာ  ပြောင်းရွှေ့ရမည်ဖြစ် ကြောင်း မြိတ်မြို့နယ်စည်ပင်သာယာရေးအဖွဲထံမှ သိရသည်။ တနင်္သာရီတိုင်း ဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက်အရ တိုင်းစည်ပင်သာယာ ရေးအဖွဲ့မှ အားလုံး ပြောင်းရွှေ့ရန် ညွှန်ကြားစာထုတ်ခဲ့ကြောင်း မြိတ်မြို့ နယ် စည်ပင်သာယာရေးအဖွဲ့ ဒုတိယ ညွှန်ကြားရေးမှူး...

မြိတ် – ကျွန်းစု အမြန်ယာဉ်ခ တိုးကောက်ခွင့်မပြု

မြိတ်မြို့မှ ကျွန်းစုမြို့သို့ ပြေးဆွဲနေသည့် အမြန်ယာဉ်ခနှုန်းထား တိုးကောက် မည့်အစီအစဉ်ကို ခွင့်မပြုကြောင်း မြိတ်မြို့နယ် အုပ်ချုပ်ရေးမှူးက ပြောသည်။ အမြန်ရေယာဉ်များအရှုံးပေါ်နေ သည်ဟုဆိုကာ ဇွန်လ ၂၀ ရက်မှ စတင်၍ ခရီးသည်တစ်ဦးလျှင် လေးရာကျပ် တိုးကောက်မည်ဖြစ်ကြောင်း အမြန်ယာဉ်အသင်းက ကြေညာခဲ့သည်။

ငါးမဖမ်းရကာလ ထားဝယ်ဈေးကွက် သို့ ထိုင်းငါး ၀င်ရောက်

ငါးမဖမ်းရကာလသတ်မှတ်ထားသည့် အချိန်တွင် အိမ်နီးချင်းထိုင်းနိုင်ငံမှ ငါးများ ထီးခီးနယ်စပ်ဂိတ်မှတစ်ဆင့် ထားဝယ်ဈေး ကွက်အတွင်း ၀င်ရောက်ရောင်းချခြင်းများရှိနေကြောင်း ထားဝယ်မြို့ ကမ်းနားဈေး ရှိ ငါးဒိုင်အချို့ထံမှ သိရသည်။ ယခုနှစ် ငါးမဖမ်းရကာလကို ငါးသားပေါက်ရာသီဖြစ်သည့် ဇွန်လမှ သြဂုတ်လအထိ သုံးလ သတ်မှတ်ထားပြီး ယင်း ကာလအတွင်း ကမ်းဝေးငါးဖမ်းလှေများကို ငါးဖမ်းခွင့်...

ထီးခီးစက်မှုဇုန် ခွင့်ပြုမိန့်ရပါက ဧကခြောက်ဆယ်ခန့်တွင် စီးပွားေ၇းဇုန်အရင်အကောင်အထည်ဖော်မည်

ထိုင်း-မြန်မာနယ်စပ်ရှိ ထီးခီးစက်မှုဇုန် ခွင့်ပြုချက်ရရှိပါက ဧက ၆၀ ခန့်ပေါ်တွင် စီးပွားရေးဇုန်ကို ပထမဆုံး အကောင် အထည်ဖော်မည်ဖြစ်ကြောင်း KNU ကိုယ်စားပြု ကုမ္ပဏီဖြစ်သည့် Sun and Rainbow ကုမ္ပဏီ ဒါရိုက်တာဖြစ်သူ ဦးရဲမြင့်က ဆိုသည်။ ထီးခီးဒေသတွင် KNU (ကရင်အမျိုးသား...

ထားဝယ်လျှပ်စစ်ယူနစ်ဈေးနှုန်း ဇွန်လမှသာ တိုးကောက်ခွင့်ပြု

ထားဝယ်ခရိုင်တွင် လျှပ်စစ်တစ်ယူနစ်လျှင် ကျပ် ၂၅၀ နှုန်းဖြင့် တိုးမြှင့်ကောက်ခံခြင်း ကို လက်ရှိ ဇွန်လမှသာ ကောက်ခံခွင့်ပြု တော့မည်ဖြစ်ကြောင်း တနင်္သာရီတိုင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးအောင်သူရက ပြော သည်။ ယင်းအပြင် လမ်းမီးကြေးကိုလည်း...

ကျွန်းသုံးကျွန်းနှင့် ကမ်းခြေကိစ္စ သီးခြားအဖွဲ့ဖြင့် စစစ်

လောင်းလုံးမြို့နယ်အတွင်းရှိ ပဲ့စင်ကျွန်း အပါအ၀င် ကျွန်းသုံးကျွန်းနှင့် ကမ်းခြေ တစ်ခုတွင် အပန်းဖြေစခန်းဆောက်ရန် မြေနေရာ လျှောက်ထားမှုအပေါ် ကန့်ကွက် သူများရှိသည့်အတွက် သီးခြားအဖွဲ့ဖြင့် စတင်စစ်ဆေးနေကြောင်း သရက်ချောင်းမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန(မြေစာရင်း)ထံမှ သိရသည်။ တွေ့ရှိချက်အစီရင်ခံစာကို ဇွန်လအတွင်း တင်ပြမည်ဖြစ်ကြောင်း ယင်းဌာန ထံမှ သိရသည်။

အလုပ်သမား တစ်ထောင်နီးပါး အလုပ်ရစေမည့် ရင်းနှီးမြှုပ်နှံမှု နှစ်ဆယ်ကျော် ခွင့်ပြု

တနင်္သာရီတိုင်း ရင်းနှီးမြှုပ်နှံမှုကော်မတီ ဖွဲ့စည်းပြီး အချိန် ၂ နှစ်ခန့်အတွင်း အလုပ်သမား တစ်ထောင်နီးပါးကို အလုပ်အကိုင် ပေးနိုင်မည့် လုပ်ငန်းအရေအတွက် နှစ်ဆယ်ကျော်ကို ခွင့်ပြုပေးခဲ့ကြောင်း အထက်ပါကော်မတီထံမှ သိရသည်။ အလုပ်သမားတစ်ထောင်နီးပါး အလုပ်ရစေမည့် လုပ်ငန်း ၂၁ ခုကို ခွင့်ပြု လိုက်ခြင်းဖြစ်ပြီး ဟိုတယ်လုပ်ငန်း၊...

ထားဝယ်တွင် ဟွာဝေဖုန်းများ ရောင်းအားကျ

ဟွာဝေး (Huawei) ဖုန်းနှင့်ပတ်သက် ပြီး သတင်းများထွက်ပေါ်လာပြီးနောက် ထားဝယ်ဈေးကွက်အတွင်း ယင်းဖုန်းများ ရောင်းအားကျဆင်းနေကြောင်း ထားဝယ် မြို့ရှိ ဖုန်းဆိုင်ပိုင်ရှင်အချို့ထံမှ သိရ သည်။ အမေရိကန်အစိုးရသည် တရုတ် နိုင်ငံရှိ ဟွာဝေး နည်းပညာကုမ္ပဏီကို ပြီးခဲ့သည့် မေလ ဒုတိယအပတ်က ကုန်...