ထားဝယ်မြို့ပေါ် ညပိုင်း ပစ်ခတ်မှုဖြစ်

ထားဝယ်မြို့ပေါ် တွင် ယခုည တိုက်ပွဲအသွင် နှစ်ဖက်အပြန်လှန် ပစ်ခတ်မှုဖြစ်ပွားလျက်ရှိသည်။ ထားဝယ်မြို့ အနောက်တောင်ဘက် မြစ်ကမ်းဘေး ပစ်ခတ်မှု ဖြစ်နေခြင်းဖြစ်သည်။ “ဘုမ္မော်နဲ့ စောမိညိုကြား ဟိုဖက်ဒီဖက်ပစ်နေကြတာ” ဟု ပစ်ခတ်သံများကို...

ပြည်သူ့ကာကွယ်ရေးတပ်များ မောင်းမကန် ရဲစခန်းကို ဝင်တိုက်

ပြည်သူ့ကာကွယ်ရေး တပ်များက စစ်ကောင်စီ၏ မောင်းမကန်မြို့နယ် ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်နေသဖြင့် လောင်းလုံးမြို့နယ်၊ မောင်းမကန်ရွာတွင် ယနေ့(ဇန်နဝါရီ ၃၁) နံနက် ၆ နာရီခန့်မှစပြီး တိုက်ပွဲဖြစ်ပွားနေသည်။ "စောစောကတည်းက လက်နက်ကြီးတွေ လက်နက်ငယ်တွေနဲ့ပါ ပစ်နေကြတယ် "ဟု...

တိုက်ပွဲဖြစ်နေသဖြင့် ပုလောတွင် ခရီးသည်ကားများ ပိတ်မိနေ

မြိတ် - ထားဝယ် ပြည်ထောင်စုကားလမ်းမပေါ်တွင် တိုက်ပွဲဖြစ်ပွားနေသဖြင့် ပုလောမြို့တွင် ခရီးသည်ကားများ ပိတ်မိနေကြောင်း မြို့ခံအချို့ကပြောသည်။ ပလမြို့၊ မီးလောင်ချောင်းကျေးရွာအနီးဝန်းကျင်တွင် ယနေ့နံနက်ပိုင်းမှစပြီး တိုက်ပွဲဖြစ်ပွားနေသဖြင့် ခရီးသည်တင်ကားများ ပိတ်မိနေခြင်းဖြစ်ကြောင်း ပိတ်မိနေသည့် ခရီးသည်တစ်ဦးက ပြောဆိုသည်

လောင်းလုံးမြို့ပေါ် တိုက်ပွဲဖြစ်

လောင်းလုံးမြို့ပေါ်တွင် ယနေ့ ဇန်နဝါရီ ၃၀ ရက် နံနက် ၆ နာရီဝန်းကျင်ခန့်ကစပြီး တိုင်ပွဲဖြစ်နေကြောင်း ဒေသခံများထံမှ သိရသည်။ လောင်းလုံးမြို့ပေါ်တွင်ရှိသော စစ်ကောင်စီတပ်တပ်စွဲထားသည့် ရဲစခန်း၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးတို့ကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်နေကြခြင်းဖြစ်ကြောင်း...

တနင်္သာရီတိုင်း၏ ပထမဆုံးစခန်းသိမ်းတိုက်ပွဲအဖြစ် ကျောက်ထုစခန်းကို သိမ်းပိုက်

တနင်္သာရီတိုင်းအတွင်း ပထမဆုံး စခန်းသိမ်းတိုက်ပွဲအဖြစ် ထားဝယ်အရှေတောဒေသရှိ စစ်ကောင်စီ၏ ကျောက်ထုစခန်းကို ဇန်နဝါရီလ ၂၄ ရက်နေ့တွင် တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း Dawei Watch က စုံစမ်းသိရှိရသည်။ ကျောက်ထုစခန်းမှာ ဘန်းချောင်းဒေသတွင် တည်ရှိပြီး စခန်းသိမ်းတိုက်ပွဲနှင့်...

ထိုင်းတွင် မီးရှုးမီးပန်းစက်ရုံ ပေါက်ကွဲမှုကြောင့် အနည်းဆုံး ၁၈ ဦး သေဆုံး

ထိုင်းနိုင်ငံ စူဖန်ဘူရီခရိုင်ရှိ မီးရှူးမီးပန်းစက်ရုံ ပေါက်ကွဲမှုကြောင့် သေဆုံးသူ အနည်းဆုံး ၁၈ ဦးအထိ ရှိလာခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ပေါက်ကွဲမှုသည် ယနေ့ ဇန်နဝါရီလ ၁၇ ရက်နေ့ မွန်းလွဲပိုင်း ၃ နာရီခွဲအချိန်တွင်...

ထားဝယ်တွင် ကွမ်းယာဆိုင်အတွင်း လက်ပစ်ဗုံးဖြင့်ပစ်သူ ၂ ဦးကိုဖမ်းဆီး

ထားဝယ်မြို့ပေါ်တွင် ယနေ့(ဇန်နဝါရီ ၂)နေ့လယ် ၂ နာရီဝန်းကျင်ခန့်က ကွမ်းရာဆိုင်အတွင်း လက်ပစ်ဗုံးဖြင့် လာရောက်ပစ်ခတ်သူ နှစ်ဦးကို ဝိုင်းဝန်းဖမ်းဆီးခဲ့ကြောင်း ကနဦးသတင်းများ အရသိရသည်။ ဗျောတောဝ ရပ်ကွက်၊ရွာလယ်ဇရပ် အနီးရှိ ကွမ်းယာရောင်းသည့် ဆိုင်အတွင်းသို့ အမျိုးသား နှစ်ဦးဆိုင်ကယ်ဖြင့်...

လောင်းလုံး စစ်ပြဲနှင့် လေးသွန်းခံရွာ မီးရှို့ခံနေရ

လောင်းလုံးမြို့နယ် စစ်ပြဲကျေးရွာနှင့် လေးသွန်းခံကျေးရွာရှိ နေအိမ်အချို့ကို စစ်ကောင်စီတပ်က မီးရှို့နေကြောင်း ဒေသခံအချို့ကပြောသည်။ စစ်ကောင်စီတပ်က ယနေ့(ဒီဇင်ဘာ ၂၈) နံနက်ပိုင်းမှစပြီး စစ်ကြောင်းနှစ်ကြောင်းဖြင့် စစ်ပြဲရွာနှင့် လေးသွန်းခံရွာတို့သို့ ဝင်ရောက်လာခြင်းဖြစ်ပြီး ညနေ ၅ နာရီဝန်းကျင်တွင် ယင်းကျေးရွာများကို...

သရက်ချောင်း ရငဲရွာတွင် အိမ်မီးလောင်နေ

သရက်ချောင်းမြို့နယ်၊ ရငဲကျေးရွာတွင် ယခုည နေအိမ်တစ်ဆောင်မီးလောင်ကျွမ်းနေကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “မီးလောင်နေတာတော့ မှန်တယ်။ တစ်ဆောင်ပဲ လောင်တာပါ။ တဲအိမ်လေးပါ” ဟု ရငဲရွာခံ လူငယ်တစ်ဦးက ယခု ဒီဇင်ဘာလ ၂၁ရက် ည ၁၀...

မိုင်းရှင်းနေသော စစ်ကောင်စီတပ်က နေအိမ်တစ်လုံးကိုမီးရှို့

လောင်းလုံးမြို့အဝင် သဗျာရွာ အုန်းသီးပုံအနီးတွင် မိုင်းရှင်းနေသော စစ်ကောင်စီတပ်က လူမနေသည့်နေအိမ်တစ်လုံးကို မီးရှို့သွားသည်ဟု ဒေသခံများထံမှသိရသည်။ "အိမ်ကတော့ပြာကျသွားပြီ အဲဒီအိမ်မှာလူမနေ‌တာတော့ကြာပြီ ပစ္စည်းတွေ ပဲထားတော့တယ် "ဟု ၎င်းကပြောသည်။ ယနေ့(ဒီဇင်ဘာ ၂၀...