ပြည်တွင်းခရီးက ပြန်လာသူများ ကျန်းမာရေး အစစ်ခံရမည်

ပြည်တွင်းခရီးမှ တနင်္သာရီတိုင်းသို့ ပြန်လာသူများမှာ စောင့်ကြည့်စခန်းတွင် ၁၄ ရက်နေထိုင်ရန် မလိုအပ်သော်လည်း ကျန်းမာရေးစစ်ခံရန် လိုအပ်ကြောင်း တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီးဦးကျော်မင်းက ပြောကြားသည်။ တနင်္သာရီတိုင်းဒေသကြီးအတွင်း ကျေးရွာအချို့တွင် ပြည်တွင်းခရီးမှ ပြန်လာသူများကို စောင့်ကြည့်စခန်းတွင် ၁၄...

မြိတ်ရွာတစ်ရွာတွင် တစ်အိမ်တစ်အိတ်နှုန်းဖြင့် ရွာလုံးကျွတ်ဆန်လှူ

အိမ်တစ်ဆောင်လျှင် ဆန်တစ်အိတ်နှုန်းဖြင့် မြိတ်ရှိကျေးရွာတစ်ရွာတွင် ရွာလုံးကျွတ်ဆန်များ လှူဒါန်းခဲ့ကြောင်း ရွာသားများနှင့် ကျေးရွာရာအိမ်မှူးထံမှ သိရသည်။ အိမ်ခြေနှစ်ရာနီးပါးရှိသည့် မြိတ်မြို့၊ ကလွင်ကျေးရွာအုပ်စု၊ မြကမ်းသာကျေးရွာတစ်ရွာလုံးအား သဲကျောက်လုပ်ငန်းရှင်ဦးဆန်းအောင်နှင့် ဒေါ်အေးအေးမူ မိသားစုက မတ်လ၂၇ရက်တွင် မြကမ်းသာဘုန်းတော်ကြီးကျောင်း၌ လာရောက်လှူဒါန်းခဲ့ကြောင်း ယင်းကျေးရွာ...

မြိတ်တွင် ကုန်ပစ္စည်း အလွန်အကျွံ ဝယ်မစုရန် စည်းရုံးလှုံ့ဆော်

ပြည်သူများအနေနှင့် ကုန်ပစ္စည်းများအား အလွန်အကျွံဝယ်ယူစုဆောင်းခြင်း မပြုလုပ်ရန်မြိတ်ခရိုင်ကျောင်းသားများသမဂ္ဂက မတ်လ၂၄ရက်က စည်းရုံးလှုံ့ဆော်မှုတစ်ရပ် ပြုလုပ်ခဲ့သည်။ မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိသူ နှစ်ဦးရှိနေကြောင်းကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက မတ်လ ၂၃ရက်တွင် သတင်းထုတ်ပြန်ပြီးနောက် အရောင်းဆိုင်များနှင့်ကုန်စုံပစ္စည်းအရောင်းဆိုင်တို့တွင် အပြေးအလွှားဝယ်ယူမှုများ ရှိနေခဲ့သည်။

တနင်္သာရီတိုင်း၏ အမြင့်ဆုံး ရပ်တော်မူဘုရား

သရက်ချောင်းမြို့နယ် ကနက်သီရိကျေးရွာ ဘုရားကိုးဆူ တောင်သစ်ကျောင်းတိုက်အတွင်းတည်နေသော တနင်္သာရီတိုင်း၏ ဉာဏ်တော်အမြင့်ဆုံးဖြစ်လာမည့် ရပ်တော်မူဘုရားသည် လာမည့် ကဆုန်လပြည့်ညောင်ရေသွန်း ပွဲတော်ကာလ (မေလ ၆ ရက်) တွင် ပြီးစီးမည်ဖြစ်ကြောင်း ယင်းဘုရားတည်နေသည့် ဆရာတော်က မိန့်သည်။ “ဓမ္မနိမ္မိ...

မောင်းမကန်ရေပူစမ်း အဆင့်မြှင့်ရေး လူနေအိမ်များ ဦးစွာပြောင်းရမည်

မောင်းမကန်ကမ်းခြေအနီးရှိ မောင်းမကန်ရေပူစမ်းအဆင့်မြှင့်တင်ရေး အစီအစဉ်များကို ရေပူစမ်းမြေဧရိယာအတွင်းရှိ လူနေအိမ်များပြောင်းရွှေ့ပြီးမှ စတင်နိုင်မည်ဟုကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်တိုင်းဦးစီး ဗိုလ်မှူးကြီးထွန်းထွန်းဝင်းက ပြောကြားသည်။ တပ်မတော်မှပိုင်ဆိုင်ပြီး ကုမ္ပဏီတို့က အဆင့်မြှင့်တင်ရန်ကမ်းလှမ်းခံထားရသော မောင်းမကန်-ပန်းတင်အင်းလမ်းဘေးရှိ ရေပူစမ်းမြေဧရိယာ ၁၉ ဒသမ ၆၇ ဧကအတွင်း လူနေအိမ်...

တနင်္သာရီတိုင်းအတွင်းမှ နောက်ဆုံးရ သတင်းများ (မတ် ၃၀ ရက်၊ ညနေ ၆ နာရီခွဲ)

ထားဝယ်ရှိ သံသယလူနာ ရောဂါပိုး မတွေ့ ထားဝယ်ဆေးရုံ သီးသန့်အဆောင်တွင်ထားရှိကုသနေသည့် သံသယလူနာတွင် ကိုရိုနာရောဂါပိုးပိုးမတွေ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာထွေးမြစိုးက ဆိုသည်။ ယင်းဓာတ်ခွဲခန်းအဖြေကို ယနေ့ တွင်...

ကိုရိုနာဗိုင်းရပ်စ်ကိစ္စ အရေးပေါ်ရန်ပုံငွေမှ သုံးစွဲမည်

တနင်္သာရီတိုင်းဒေသကြီးအတွင်းကိုရိုနာဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ် ကုသရေးအတွက် ပြည်ထောင်စုမှ သီးခြားချထားပေးသည့် အရေးပေါ် ရန်ပုံငွေ ၁ ဘီလီယံ (ကျပ်သိန်းပေါင်း တစ်သောင်း)ထဲမှ သုံးစွဲသွားမည်ဟု ဝန်ကြီးချုပ် ဦးမြင့်မောင်က ပြောသည်။ တိုင်းဒေသကြီး Corona Virus...

တနင်္သာရီတိုင်း ဆန်မပြတ်ဟု အာမခံ

လက်ရှိဖြစ်ပွားနေသည့် ကိုရိုနာ ဗိုင်းရပ်စ် ဂယက်ကြောင့် တနင်္သာရီတိုင်း အတွင်း ဆန်မပြတ်စေရေး အာမခံကြောင်း စားသုံးသူရေးရာ ဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးဝင်းထွန်းက ပြောသည်။ လက်ရှိတွင် တိုင်းအတွင်း ဆန် မပြတ်လပ်စေရေးနှင့်...

တနင်္သာရီတိုင်းအတွင်းမှ နောက်ဆုံးရ သတင်းများ (မတ် ၂၈၊ ညနေ ၆ နာရီခွဲ)

လူနာအသစ်နှစ်ဦး ဓာတ်ခွဲနမူနာပို့ တနင်္သာရီတိုင်းအတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုရှိ/မရှိ သိနိုင်ရန် လူနာအသစ်နှစ်ဦး၏ ဓာတ်ခွဲနမူနာကို မတ်လ ၂၈ ရက်နေ့(ယနေ့)က ရန်ကုန်မြို့ရှိ ဓာတ်ခွဲခန်းသို့ ပို့ထားကြောင်း တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။

တနင်္သာရီတိုင်းမှ နောက်ဆုံးရ သတင်းများ (မတ် ၂၅၊ ညနေ ၆ နာရီ)

ကိုရိုနာစောင့်ကြည့်လူနာ ငါးဦးရှိ တနင်္သာရီတိုင်းအတွင်း ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်လူနာ ငါးဦးရှိနေကြောင်း တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။ မတ်လ ၂၅ ရက်နေ့အထိ ကော့သောင်းဆေးရုံတွင် ၂ ဦး၊ မြိတ်ဆေးရုံတွင်...