ပုစွန်ခြောက်ဈေး နှစ်ဆတက်

အာဏာသိမ်းပြီး ၂ နှစ်အတွင်း မြိတ်ဒေသထွက် ပုစွန်ခြောက်ဈေးနှုန်းနှစ်ဆ တက်သွားကြောင်း ယင်းဈေးကွက်အတွင်းမှ သိရသည်။ အာဏာမသိမ်းမီအချိန်က ပုစွန်ခြောက်အကြီး တစ်ပိဿာလျှင် လေးသောင်းကျပ်သာရှိခဲ့ပြီး လက်ရှိတွင် ခုနှစ်သောင်းကျော်မှ ရှစ်သောင်းအထိ ရှိလာနေကြောင်း ပုစွန်ခြောက်ရောင်းဝယ်ရေး လုပ်ကိုင်သူအချို့က ပြောသည်။

ပြည်သူများ စစ်ရေးသတိဖြင့် နေထိုင်ကြရန်တိုက်တွန်း

နှစ်သစ်တွင် စစ်ရေးပြင်းထန်မည်ဖြစ်၍ တိုင်းအတွင်းနေ ပြည်သူများ စစ်ရေးသတိဖြင့် နေထိုင်ဖြတ်သန်းကြရန် တနင်္သာရီစစ်ဒေသခွဲ၊ ကွပ်ကဲရေးအဖွဲ့က ယနေ့ (ဇန်နဝါရီလ ၁) ထုတ်ပြန်လိုက်သည်။ ၂၀၂၃ ခုနှစ်သည် တော်လှန်နှစ်သစ်ဖြစ်ပြီး အဆုံးသတ်တိုက်ပွဲဆင်နွဲမည့် နှစ်ဖြစ်သည့်အတွက် စစ်ရေးသတိရှိရှိဖြင့် ကြိုတင်ပြင်ဆင်ကြရန်...

ထီးခီးနယ်စပ်မှ ဝင်လာသူများကို လက်မခံတော့

ကိုဗစ်ထိန်းချုပ်ရေးဟုဆိုကာ တရားမဝင်ပြန်တော်ပြန်လာသူများကို အရေးယူရေးကိစ္စပြည်ထောင်စု၏ အဖြေမရမမီ ဇွန်လ ၁၄ ရက်နေ့မှစကာ ထီးခီးနယ်စပ်ဂိတ်မှ ဝင်လာသူများကို လက်ခံမည်မဟုတ်တော့ကြောင်း ထားဝယ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးက ဆိုသည်။ “အရေးယူမယ့်အပိုင်းကတော့ အစိုးရအဖွဲ့ကိုလည်း တင်ပြရမှာပေါ့နော်” ဟု ၎င်းကပြောသည်။

ကမ်းရိုးတန်းစစ်ဌာနချုပ်တိုင်းမှူး အပြောင်းအလဲဖြစ်

တနင်္သာရီတိုင်းဒေသကြီး၏ စစ်ဘက်ရေးရာကိစ္စရပ်များကို အဓိကကိုင်တွယ်ရသော ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးကိုအပြောင်းအလဲလုပ်လိုက်ကြောင်း တပ်မတော်သတင်းရင်းမြစ်များထံမှ စုံစမ်းသိရှိရသည်။ မူလတိုင်းမှူးဗိုလ်ချုပ်သောင်းထိုက်ရွှေအား နေပြည်တော်တိုင်းစစ်ဌာန ချုပ်တိုင်းမှူးအဖြစ်မေလ ၁ ရက်က ပြောင်းရွှေ့ခန့်ထားလိုက်ခြင်း ဖြစ်သည်။ ဗိုလ်ချုပ်သောင်းထိုက်ရွှေ၏ ကမ်းရိုးတန်းတိုင်းမှူးနေရာသို့...

မြိတ်ဒေသထွက် ဒူးရင်းသီးဈေး ထက်ဝက်ကျ

မြိတ်ဒေသမှ ထွက်ရှိလာသည့် ရာသီပေါ်ဒူးရင်းသီးများ ဈေးထက်ဝက်ကျဆင်းပြီး ဝယ်ယူစားသုံးသူများလည်း နည်းပါးလာကြောင်း ဒူးရင်းသီးရောင်းချသူများထံမှ သိရသည်။ ယခင်နှစ်များက ဒူးရင်းသီးတစ်လုံးလျှင် ကျပ်တစ်ထောင်မှ ကျပ်သုံးထောင်အထိ ရောင်းချခဲ့ရပြီး ယခုနှစ်တွင် ကျပ်ငါးရာမှ ကျပ်တစ်ထောင့်ငါးရာအထိသာ ပေါက်ဈေးရှိတော့ကြောင်း မြိတ်ကမ်းနားလမ်းရှိ ဒူးရင်းသီးရောင်းဝယ်သူများက...

ကိုဗစ်ကာလထောက်ပံ့သည့် အခြေခံစားကုန်အကြွေး တိုင်းအစိုးရမပေးသေး

ကိုဗစ်ကပ်ဘေးသင့်ကာလ သင်္ကြန်ရုံးပိတ်ရက်ရှည်အတွင်း ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများကိုထောက်ပံ့သည့် အခြေခံစားသောက်ကုန်ပစ္စည်း ဝယ်ယူစဉ်က အကြွေးကို တိုင်းအစိုးရကလက်ရှိအချိန်ထိ မပေးသေးကြောင်း ကုန်သည်အချို့ထံမှ သိရသည်။ ထိုအချိန်က ပေးဝေခဲ့သည့် ဆန်၊ ကြက်သွန်၊ ပဲ စသည့် ပစ္စည်းများကို တိုင်းအစိုးရကကုန်သည်များထံမှ...

အဖမ်းအဆီးများသဖြင့် ကမ်းနီးငါးဖမ်းလှေကြီးအချို့ ငါးဖမ်း မထွက်ရဲ

ပင်လယ်ပြင်တွင် တပ်မတော် (ရေ) မှ အရွယ်လွန်ကမ်းနီးငါးဖမ်းလှေများကို ယခုရက်ပိုင်းအတွင်း တင်းတင်းကျပ်ကျပ် လိုက်လံဖမ်းဆီးလာသဖြင့် ငါးဖမ်းမထွက်ရဲဖြစ်နေကြကြောင်း လောင်းလုံးမြို့နယ်အတွင်းရှိ ငါးဖမ်းလှေသမားများထံမှ သိရသည်။ ယင်းသို့ တင်းတင်းကျပ်ကျပ် လိုက်လံဖမ်းဆီးလာသည်မှာ သင်္ကြန်ပြီးကတည်းကဖြစ်ပြီး ယခုအချိန်တွင် အရွယ်လွန်ကမ်းနီးငါးဖမ်းလှေ အတော်များများ...

မိုးစပါးချေးငွေ အတိုးနှုန်း ထပ်လျှော့

ယခုနှစ် မိုးရာသီတွင် လယ်သမားများအားထုတ်ချေးမည့် စိုက်ပျိုးစရိတ်ချေးငွေ တစ်နှစ် အတိုးနှုန်းကို ၃ ရာခိုင်နှုန်းလျှော့ချထားကြောင်း တနင်္သာရီတိုင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။ ယခင်က မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ တစ်နှစ်အတိုးနှုန်းကို ၈ ရာခိုင်နှုန်းသတ်မှတ်ထားရာ ယခုနှစ်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားမှုကြောင့် စီးပွားရေးထိခိုက်မှုလျော့နည်းစေရန်...

မြိတ်တွင်ရေငန်တား တမံကျိုးပြီး လယ်ဧက ရာချီ ရေမြုပ်

မြိတ်မြို့၏ မြောက်ဘက်ပင်လယ်ကမ်းနဘေးရှိ ကလွင်ကျေးရွာတွင် ရေငန်တားတမံရိုးကျိုးသဖြင့် ပြီးခဲ့သည့်နှစ်ကတည်းက လယ်ဧကသုံးရာခန့်နှင့် ကျေးရွာနေအိမ်အချို့ ရေနစ်မြုပ်လျက် ရှိသည်။ ယမန်နှင့် စပါးရိတ်ရာသီမတိုင်မီ တာရိုးကျိုးသဖြင့် လယ်ဧကရာချီရှိ စပါးများဆုံးရှုံးခဲ့သေးသည်။ ယင်းနောက် တာရိုးကျိုးမှု တဖြည်းဖြည်းများလာပြီး မေလဆန်း၌ လယ်ဧက...

သုံးစွဲရန်မသင့်သော ဆေးထိုးအပ်

သုံးစွဲရန်မသင့်သော ဆေးထိုးအပ်တစ်မျိုးကို မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက(FDA) ဧပြီလ ၂၇ ရက်က ထုတ်ပြန်လိုက်သည်။ IV Cannula အမည်ရှိ ဆေးထိုးအပ်ကို အိန္ဒိယနိုင်ငံမှ Bio-Med Healthcare ကုမ္ပဏီက ထုတ်လုပ်သည်။