ထိပ်တန်းသတင်း
လောင်းလုံးတွင် ယနေ့မနက် ပေါက်ကွဲ၊ ပစ်ခတ်မှုဖြစ်
လောင်းလုံးမြို့နယ်၊သာယာကုန်းကျေးရွာအနီးတွင် ယနေ့(မတ် ၂၉) မနက်က ပေါက်ကွဲပစ်ခတ်မှု မိနစ်အနည်းငယ်ခန့် ဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံများထံမှသိရသည်။ လောင်းလုံးထားဝယ် လမ်းမကြီးပေါ်တွင် ယနေ့ နံနက် ၆ နာရီဝန်းကျင်ခန့်က မြေတင်ကားတစ်စီး မောင်းနှင်လာစဉ် သာယာကုန်းကျေးရွာအကျော်၌ ပေါက်ကွဲပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း...
မတ်လ ၂၉ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ ရေး - ထားဝယ်လမ်းပိုင်းကို စစ်ကောင်စီတပ်က လေကြောင်းက တိုက်ခိုက်တဲ့အကြောင်း
ကြက်သွန်ဈေးကျလာသည့် ထားဝယ်ဈေးကွက်
ထားဝယ်ဈေးကွက်တွင် ယခုအပတ် ကြက်သွန်နီ နှင့် ကြက်သွန်ဖြူဈေးနှုန်းများ ကျဆင်းလာသည်။ ယခင်အပတ်က ကြက်သွန်နီတစ်ပိဿာ ၃၂၀၀ကျပ်မှ ယနေ ၃၀၀၀ကျပ်၊ မြစ်သားကြက်သွန်နီတစ်ပိဿာ ၃၈၀၀ကျပ်မှ ၃၅၀၀ကျပ်သို ဈေးကျလာခြင်းဖြစ်သည်။ တစ်ပတ်အတွင်းကြက်သွန်နီတစ်ပိဿာလျှင်...
ဒေသတွင်းသတင်း
လောင်းလုံးတွင် ယနေ့မနက် ပေါက်ကွဲ၊ ပစ်ခတ်မှုဖြစ်
လောင်းလုံးမြို့နယ်၊သာယာကုန်းကျေးရွာအနီးတွင် ယနေ့(မတ် ၂၉) မနက်က ပေါက်ကွဲပစ်ခတ်မှု မိနစ်အနည်းငယ်ခန့် ဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံများထံမှသိရသည်။ လောင်းလုံးထားဝယ် လမ်းမကြီးပေါ်တွင် ယနေ့ နံနက် ၆ နာရီဝန်းကျင်ခန့်က မြေတင်ကားတစ်စီး မောင်းနှင်လာစဉ် သာယာကုန်းကျေးရွာအကျော်၌ ပေါက်ကွဲပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း...
သရက်ချောင်းမြို့နယ် NLD အမတ်ဟောင်း ဦးဝေဝေလွင်ကို ထောင်သုံးနှစ်ချ
ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် NLD လွှတ်တော်အမတ်ဟောင်း တစ်ဦးဖြစ်သည့် ဦးဝေဝေလွင်ကို စစ်ကောင်စီက ထောင်ဒဏ်သုံးနှစ်ချလိုက်သည်။ ဖေဖော်ဝါရီလအကုန် မတ်လဆန်းပိုင်းတွင် ဦးဝေဝေလွင်ကို ထောင်ဒဏ်သုံးနှစ် ချလိုက်ခြင်းဖြစ်ကြောင်း သိရသော်လည်း မည်သည့်ပုဒ်မဖြင့် တရားစွဲဆိုခဲ့သည်ကိုမူ အတိအကျမသိရပေ။
ထားဝယ်နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ကွယ်လွန်
ထားဝယ်နာရေးကူညီမှုအသင်း၏ဥက္ကဋ္ဌဖြစ်သူ ဦးအောင်စိန်သည် ယနေ့ မတ်လ ၂၉ ရက် မွန်းလွဲပိုင်းတွင် ကွယ်လွန်သွားကြောင်း ထားဝယ်နာရေးကူညီမှုအသင်းထံမှသိရသည်။ အဆုတ်ကင်ဆာရောဂါဖြင့် ကွယ်လွန်ခြင်းဖြစ်ပြီး ကွယ်လွန်ချိန်တွင် အသက် ၇၆ နှစ်ရှိပြီဖြစ်ကြောင်း အထက်ပါအသင်းထံမှ သိရသည်။
ရွှေ့ပြောင်းလုပ်သား
မဲဆောက်တွင် မြန်မာသို့ပို့မည့် ဒရုန်းဖျက်လက်နက်တွေ့၍ မြန်မာနှစ်ဦး ဖမ်းဆီးခံရ
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် ဒရုန်းဖျက်လက်နက်တစ်လက်ကို မြန်မာနိုင်ငံသား နှစ်ဦးထံမှ စစ်ဆေးတွေ့ရှိ၍ ဖမ်းဆီးထားကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ မတ်လ ၂၈ ရက်နေ့က မြန်မာနိုင်ငံသို့ ပါဆယ်ပို့မည့် အထုပ်တွင် လက်နက်များပါကြောင်း သတင်းရရှိသဖြင့် ရဲတပ်ဖွဲ့က အမျိုးသား၊...
ထိုင်း ကော့စမွေနှင့် ကော့ဖငန်းကျွန်းများတွင် မြန်မာလုပ်သားများ အခန်းရှာရခက်လာ
ထိုင်းနိုင်ငံတောင်ပိုင်း ခရီးသွားကျွန်းများဖြစ်သော ကော့စမွေနှင့် ကော့ဖငန်းကျွန်းများတွင် ယခုသီတင်းပတ်များ အတွင်း မြန်မာအလုပ်သမားများ နေထိုင်ရေးအတွက် အခန်းများ ရှာရခက်ခဲလာကြောင်း ကျွန်းတွင်နေထိုင်သည့် မြန်မာအလုပ်သမားများက ပြောသည်။ ခရီးသွားကျွန်းများဖြစ်ပြီး လုပ်ခလစာကောင်းမွန်သောကြောင့် မြန်မာအလုပ်သမားများ ကျွန်းသို့ အခြေချ လုပ်ကိုင်မှု...
တရားမဝင် ဝင်လာသော မြန်မာနိုင်ငံသားများ ကန်ချနဘူရီတွင် ဆက်တိုက် ဖမ်းဆီးခံနေရ
မြန်မာနိုင်ငံ ဘုရားသုံးဆူမြို့နှင့် ထိစပ်နေသော ကန်ချနဘူရီခရိုင်အတွင်း တရားမဝင်လမ်းကြောင်းဖြင့် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသော မြန်မာနိုင်ငံသား ဆက်တိုက်ဖမ်းဆီးခံနေရပြီး ယခုရက်ပိုင်းအတွင်း အဖမ်းခံရသူ ၇၇ ဦးရှိပြီဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ကန်ချနဘူရီခရိုင် စန်ခရာဘူရီဒေသတွင် မတ်လ ၂၂...
ပြည်တွင်းသတင်း
သံဖြူဇရပ်တွင် လူငယ် ၇ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဝါခရူကျေးရွာမှ လူငယ် ၇ ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအား ငွေကြေးထောက်ပံ့သည်ဟုဆိုကာ စစ်ကောင်စီတပ်က ဖမ်းဆီးသွားကြောင်း သိရသည်။ ပြီးခဲ့သည့် မတ်လ ၂၅ ရက်နေ့က သံဖြူဇရပ်မြို့နယ်၊ ဝါခရုကျေးရွာနေ အသက် ၂၀...
စစ်ကောင်စီ ကြည်း၊ ရေ၊ လေ ပစ်ခတ်မှုကြောင့် ဂျိုင်းမြစ်ဒေသက ပြည်သူ ၆၀၀၀ ကျော် ထွက်ပြေးရ
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်နှင့် မွန်-ကရင်အစပ် ဂျိုင်းမြစ်ဒေသတွင် စစ်ကောင်စီတပ်က ကြည်း၊ ရေ၊ လေဖြင့် တိုက်ခိုက် နေခြင်းကြောင့် ပြည်သူ ၆၀၀၀ ကျော် ထွက်ပြေးနေရပြီး အတိဒုက္ခရောက်နေကြရကြောင်း မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC က ထုတ်ပြန်သည်။
မန္တလေးတွင် ရွှေပန်းတိမ်ဆိုင်ကို ရဲယူနီဖောင်းဝတ်သူအပါအဝင် လူလေးဦး ဓားပြတိုက်
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်တွင် ရွှေပန်းတိမ်ဆိုင်တစ်ခုကို ရဲယူနီဖောင်းဝတ်ထားသူတစ်ဦးအပါအဝင် အမျိုးသားလေးဦး ဝင်ရောက်ဓားပြတိုက်ကြောင်း မြို့ခံတို့ထံမှ သိရသည်။ ရဲယူနီဖောင်းဝတ်ထားသူတစ်ဦးနှင့် သေနတ်ကိုင်ဆောင်ထားသူ နှစ်ဦး ပါဝင်သည့် အဆိုလူတစ်စုသည် မတ်လ ၂၈ ရက် ညနေပိုင်းက အိမ်စီးကားဖြင့်လာရောက်ကာ သီရိမာလာအရှေ့ရပ်ကွက်က...
နိုင်ငံတကာသတင်း
ထိုင်းနိုင်ငံက အရှေ့တောင်အာရှတွင် လိင်တူထိမ်းမြားခွင့်ပြုသော ပထမဆုံးနိုင်ငံ ဖြစ်လာတော့မည်
ထိုင်းနိုင်ငံက အရှေ့တောင်အာရှနိုင်ငံများတွင် ပထမဆုံး လိင်တူထိမ်းမြားခွင့်ပြုသောနိုင်ငံ ဖြစ်လာမည်ဟု မျှော်လင့်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ထိုင်းနိုင်ငံတွင် လိင်တူချင်း ထိမ်းမြားခွင့်ဥပဒေကို အောက်လွှတ်တော်က ယမန်နေ့ (မတ် ၂၇) တွင် တခဲနက် ထောက်ခံအတည်ပြုခဲ့ပြီးနောက် ယခုနှစ်ကုန်ပိုင်းတွင်...
ထိုင်းဆုန်ခရမ်ပွဲတော်ကာလ ဧပြီ ၁၂ မှ ၁၆ ရက်နေ့အထိ ရုံးပိတ်မည်
ထိုင်းနှစ်သစ်ကူးပွဲတော်ဖြစ်သော ဆုန်ခရမ်ရေကစားပွဲတော်ကာလအတွင်း လာမည့် ဧပြီလ ၁၂ ရက်နေ့မှ ၁၆ ရက်နေ့အထိ လဝကရုံးများအပါအဝင် တစ်နိုင်ငံလုံး ရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားကြောင်း ချင်းမိုင်လဝကရုံးက ထုတ်ပြန်ထားသည်။ ဧပြီလ ၁၃ ရက်နေ့မှ ၁၅ ရက်နေ့အထိ...
ထိုင်းမြောက်ပိုင်းနှင့် အလယ်ပိုင်းတွင် ဧပြီလအစောပိုင်းအထိ အပူချိန်တိုးနေဦးမည်
ထိုင်းနိုင်ငံ မြောက်ပိုင်းခရိုင်များနှင့် အလယ်ပိုင်းခရိုင်များတွင် ယခုမတ်လနှောင်းပိုင်းနှင့် ဧပြီလအစောပိုင်းရက်များ အထိ အပူချိန်များထက်တိုးနေဦးမည်ဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ အပူချိန်မတိုးမီ ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း၊ အလယ်ပိုင်းနှင့် အရှေ့ပိုင်းများတွင် တောင်ဘက်က တိုက်ခတ်လာနေသော လေများကြောင့် မိုးရွာသွန်းမည်ဖြစ်ကြောင်း ထိုင်းမိုးလေဝသ ညွှန်ကြားရေးမှူး...