ထားဝယ်၊ မြိတ်၊ ကော့သောင်းတို့မှ တစ်ပတ်အတွင်း လှုပ်ရှားမှုများကို ဖော်ပြလိုက်ပါသည်။
၁။ ကော့သောင်းမြို့နယ်၊ ရွှေဟင်္သာရပ်ကွက်အလယ်တန်းကျောင်း၌အသက် ၅ နှစ်မှ ၁၅ နှစ်အထိကျောင်းသား၊ ကျောင်းသူများအား ဇန်နဝါရီလ ၂၂ ရက်နေ့ကဝက်သက်နှင့် ဂျိုက်သိုးရောဂါ ကာကွယ်ဆေးအခမဲ့ထိုးပေးခဲ့သည်။ ဓာတ်ပုံ–မိုးအိ
၂။ ဗိုလ်ချုပ်နှစ် ၁၀၀ ပြည့်အထိမ်းအမှတ်အကြိုလှုံ့ဆော်မှုဖြင့်မြို့အတွင်း လှည့်လည်ဖျော်ဖြေပွဲကို မြိတ်ခရိုင်၊ ပုလော-ပုလောက်၌ ဇန်နဝါရီလ ၂၀ ရက်နေ့ကပြုလုပ်ခဲ့ကြသည်။ ဓာတ်ပုံ – ဇော်ဇော်
၃။ ကော့သောင်းမြို့နယ်၊ ရွှေဇင်ယော်ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံး၌ ဇန်နဝါရီလ ၂၂ ရက်နေ့က မိုးပွင့်အထူး စီမံချက်ဖြင့် မှတ်ပုံတင်အခမဲ့ကွင်းဆင်းပြုလုပ် ခဲ့သည်။ ဓာတ်ပုံ–မိုးအိ
၎။ ဆိုင်ကယ်တက္ကစီမောင်းသူများအား အကြမ်းဖက် လုယက်မှုလျော့နည်းပပျောက်ရေးအသိပညာပေး ဟောပြောခြင်းကို ကော့သောင်းမြို့၊ ပိတောက်ရွှေဝါရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ သက်ဆိုင်ရာရဲတပ်ဖွဲ့မှ ဇန်နဝါရီလ ၂၂ ရက်နေ့ကပြုလုပ်ခဲ့သည်။ ဓာတ်ပုံ–မိုးအိ
၅။ ၂၀၁၄–၂၀၁၅ ပညာသင်နှစ် ဘက်စုံထူးချွန်ဆုချီးမြှင့်ခြင်းနှင့် ပညာရေးစုံညီပွဲတော်ကို ကော့သောင်းမြို့၊ အ.ထ.က (၁) မြရတနာကျောင်းခန်းမ၌ ဇန်နဝါရီလ ၂၃ ရက်နေ့ကကျင်းပခဲ့သည်။
ဓာတ်ပုံ – နိုင်သစ်
၆။ နိုင်ငံသား၏ ကိုယ်ရေးမှတ်တမ်းပုံစံနိုင် -၂ ပါအကြောင်းအရာများ ရေးသွင်းခြင်းသင်တန်းကိုကော့သောင်းမြို့၊ ပိတ်တောက်ရွှေဝါရပ်ကွက်၊ အခြေခံပညာအလယ်တန်းကျောင်း၌ ဇန်နဝါရီလ ၂၄ ရက်နေ့ကပြုလုပ်ခဲ့သည်။ ဓာတ်ပုံ – နိုင်သစ်
၇။ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း(ကော့သောင်း)မှဦးဆောင်၍ တရားဥပဒေစိုးမိုးရေးဆိုင်ရာပညာပေး လေ့လာသုံးသပ်ဆွေးနွေးပွဲကို ကော့သောင်းမြို့ Golden Hotel ၌ ဇန်နဝါရီ ၂၄ရက်မှ ၂၅ ရက်အထိပြုလုပ်ခဲ့သည်။ ဓာတ်ပုံ – နိုင်သစ်
၈။ လောင်းလုံးမြို့နယ်၊ အ.မ.ကသောကြာပြင်ကျောင်း၌ဇန်နဝါရီလ ၂၀ ရက်နေ့ကပညာရည်ချွန်ဆုနှင့် ဘက်စုံထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကိုပြုလုပ်ခဲ့သည်။ ဓာတ်ပုံ – အမက သောကြာပြင်
၉။ ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တော တည်ထောင်ခွင့် လက်မှတ်ပေးအပ်ပွဲအခမ်းအနားကိုလောင်းလုံးမြို့နယ်၊ သကျက်တောကျေးရွာ၌ ဇန်နဝါရီ ၁၈ ရက်နေ့က ပြုလုပ်ရာ ရွှေရင်ရဲတောင်နှင့် တောင်စွယ်တောင်စုစုပေါင်း ဧက ၃၄၀ ကိုဒေသခံများအား သစ်တောတည်ထောင်ခွင့် လက်မှတ်ပေးအပ်ခဲ့သည်။ ဓာတ်ပုံ–ကိုလွှမ်း
၁၀။ ထားဝယ်တက္ကသိုလ် ၂၀၁၄-၂၀၁၅ ပညာသင်နှစ်ဘာသာရပ်ပေါင်းစုံဘောလီဘောပြိုင်ပွဲကို ဇန်နဝါရီလ ၂၀ ရက်နေ့မှ ၂၆ ရက်နေ့အထိအဆိုပါ တက္ကသိုလ်အားကစားရုံတွင် ကျင်းပခဲ့သည်။ ဓာတ်ပုံ–ဖိုးဇော်
၁၁။ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့တို့ ပူးပေါင်းကျင်းပသော မဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲကို ထားဝယ်မြို့၊ သာသနဗိမာန်တော်၌ ဇန်နဝါရီလ ၂၀ ရက်နေ့က ပြုလုပ်ခဲ့သည်။ ဓာတ်ပုံ–တင့်လွင်
၁၂။ ဝက်သက်နှင့် ဂျိုက်သိုးရောဂါ ကာကွယ်ဆေးထိုးပေးခြင်းကို ထားဝယ်မြို့၊ ရှမ္မလည်ဆွဲရပ်၊ အခြေခံပညာမူလတန်းကျောင်း၌ ဇန်နဝါရီလ ၂၁ ရက်နေ့က ပြုလုပ်ခဲ့သည်။ ဓာတ်ပုံ–ငြိမ်းငြိမ်း