ရွှေတစ်ကျပ်သား ကျပ်တစ်သောင်းပြန်ကျ (ဖေဖော်ဝါရီ ၂)

0
469

ယ‌မန်နေ့နှင့် ယနေ့ဈေးနှုန်း နှိုင်းယှဉ်ချက်အရအခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ်တစ်သောင်း ပြန်ကျသွားသည်။

ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် (၃,၈၅၀,၀၀၀)သုံးဆယ့်ရှစ်သိန်း‌ငါးသောင်းကျပ် ဈေးဖွင့်ထားသည်။

ထိုင်းဘတ်ဈေးမှာ အနည်းငယ်တက်လာပြီး မြန်မာငွေတစ်သိန်းလျှင် ၁၀၀၇ ဘတ် ဈေးဖွင့်ထားသည်။

ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် အမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။