ဒီဇင်ဘာလ ၇ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

0
491

Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • ထောင်အသစ်နဲ့တိုးဂိတ်မီးရှို့ခံရတဲ့ ရေဖြူမြို့နယ် ဇီးကျရွာသားတွေစစ်ကောင်စီတပ်ရဲ့ ရိုက်နှက်စစ်ဆေးခဲ့တဲ့အကြောင်း
  • ထီးခီးနယ်စပ်ဂိတ်ဟာ စစ်ကောင်စီကို နယ်စပ်ဝင်ငွေအများဆုံးရှာပေးနေတဲ့ဂိတ်ဖြစ်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်လိုက်တာ
  • ကော့သောင်းခရိုင်မှာ စစ်ရေးအရှိန်မြှင့်တင်တော့မယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတိပေးထုတ်ပြန်လိုက်တဲ့အကြောင်း
  • သရက်ချောင်းက တောက်ထိန်တောင်နားမှာ စစ်ကောင်စီကား
    မိုင်းဆွဲတိုက်ခိုက်ခံရတဲ့အခြေအနေ
  • အခေါက်ရွှေတစ်ကျပ်သား ၃၇ သိန်းကျော်အထိ ထိုးတက်သွားတဲ့အကြောင်း
  • ကိုးကန့်ဒေသတစ်ခုလုံးမှာ စစ်ကောင်စီတပ်စခန်း လေးခုပဲကျန်ပြီလို့ MNDAA ကထုတ်ပြန်လိုက်တာ
  • မွန်ပြည်နယ်မှာ စက်သုံးဆီတွေပြတ်လပ်နေလို့ တစ်လီတာကို လေးထောင်ကျပ်အထိပေးဝယ်နေရတဲ့အခြေအနေ
  • ထိုင်းနိုင်ငံရဲ့ နှစ်သစ်ကူးရေကစားပွဲတော်ဖြစ်တဲ့ ဆုန်ခရမ်ပွဲတော်ကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်လိုက်တဲ့အကြောင်း

စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။