ရေဇွာမြို့ကို ချင်းတော်လှန်ရေးတပ်ဖွဲ့များ သိမ်းယူ

0
1018

ချင်းပြည်နယ် မတူပီမြို့နယ်ထဲရှိ ရေဇွာမြို့ကို ချင်းတော်လှန်ရေးတပ်ဖွဲ့များက ယနေ့ နံနက်ပိုင်းတွင် သိမ်းယူလိုက်ကြောင်း ချင်းတော်လှန်ရေးတပ်ဖွဲ့တို့ထံမှ သိရသည်။

ZZLMS Operation အမည်ပေးထားသည့် ရေဇွာမြို့သိမ်းတိုက်ပွဲကို နိုဝင်ဘာလ ၂၆ ရက်တွင် စတင်ခဲ့ပြီး ယနေ့ နိုဝင်ဘာလ ၂၉ရက် နံနက် ၁၀နာရီတွင် စစ်ကောင်စီတပ်စခန်းကို သိမ်းယူနိုင်ကာ မြို့ကိုသိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ကြောင်း CDF- Zotung က ထုတ်ပြန်သည်။

ရေဇွာမြို့သိမ်းတိုက်ပွဲကို ချင်းအမျိုးသားတပ်မတော် CAN နှင့် ချင်းကာကွယ်ရေးတပ်များဖြစ်သည့် CDF Zotung၊ CDF Zophei ၊ CDF Lautu ၊ CDF Mara ၊ CDF Sengthang တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ရေဇွာတွင် တိုက်ပွဲပြင်းထန်နေချိန် စစ်ကောင်စီဘက်က လေကြောင်း တိုက်ခိုက်ခဲ့ကြောင်းလည်း ဒေသတွင်း သတင်းများတွင် ဖော်ပြသည်။

ယင်းအပြင် နိုဝင်ဘာလ ၁၃ ရက်တွင် ဖလမ်းမြို့နယ်ရှိ အိန္ဒိယ-မြန်မာနယ်စပ်မြို့ ရိဒ်ခေါဒါရ်၊ နိုဝင်ဘာလ ၂၄ ရက်တွင် မတူပီမြို့နယ်ထဲရှိ လိုင်းလင်းပီမြို့တို့ကို ချင်းတော်လှန်ရေးအဖွဲ့များက သိမ်းယူခဲ့သေးသည်။