လိုင်းလင်းပီမြို့ကို ချင်းတော်လှန်ရေးတပ်ဖွဲ့များ သိမ်းယူ

0
694

ချင်းပြည်နယ် လိုင်းလင်းပီမြို့ကို ချင်းတော်လှန်ရေးအဖွဲ့များက ယနေ့ နိုဝင်ဘာလ ၂၄ ရက်တွင် သိမ်းယူလိုက်ကြောင်း ချင်းတော်လှန်ရေးအဖွဲ့များက အတည်ပြုထားသည်။

အိန္ဒိယ-မြန်မာနယ်စပ်ရှိ ရိခေါဒါရ်မြို့ကို သိမ်းယူပြီးနောက် ဒုတိယမြောက်မြို့အဖြစ် မတူပီမြို့နယ်ရှိ လိုင်းလင်းပီမြို့ကို ချင်းတော်လှန်ရေးအဖွဲ့တို့က သိမ်းယူလိုက်ခြင်းဖြစ်သည်။

လိုင်လင်းပီမြို့ရှိ (ခလရ) ၃၀၄ စစ်တပ်စခန်းကို ချင်းတော်လှန်ရေးတပ်ဖွဲ့များက ခြောက်ရက်ကြာ တိုက်ခိုက်ပြီးနောက် မြို့ကိုသိမ်းယူထိန်ချုပ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ချင်းအမျိုးသားတပ်မတော် CAN ပြောရေးဆို ခွင့်ရှိသူ ဆလိုင်းထက်နီက မီဒီယာများသို့ အတည်ပြုပြောဆိုထားသည်။

လေယာဉ်ကွင်း တည်ဆောက်နေသည့် လိုင်းလင်းပီမြို့ကို CNA ၊ CDF-Mara၊ CDF-Matupi၊ CDF-Lautu၊ CDF-Zophei တို့ပူးပေါင်းကာ နိုဝင်ဘာလ ၁၉ရက်တွင် စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်ဘက်က လေကြောင်းဖြင့် ပြန်လည်တိုက်ခိုက်ခဲ့သေးကြောင်း ဒေသတွင်း သတင်းတို့တွင် ဖော်ပြသည်။

မြို့ကို သိမ်းယူပြီးနောက် စစ်ကောင်စီတပ်စခန်းတွင် ချင်းအမျိုးသားအလံကို လွှင့်ထူလိုက်ကြောင်း ဒေသတွင်းသတင်းတို့တွင် ဖော်ပြသည်။

အလားတူ ဖလမ်းမြို့နယ်၊ ရိဒ်ခေါဒါရ်မြို့ကိုလည်း ချင်းတော်လှန်ရေးတပ်ဖွဲ့တို့က နိုဝင်ဘာလ ၁၃ ရက်တွင် သိမ်းယူထိန်းချုပ်ထားခဲ့သည်။