‘ယှဉ်တွဲတော်လှန် လူထုတိုက်ပွဲအသံ’ လူငယ်စကားဝိုင်း လုပ်မည်

0
672

‘ယှဉ်တွဲတော်လှန် လူထုတိုက်ပွဲအသံ’ လူငယ်စကားဝိုင်းကို နိုဝင်ဘာလ ၁၇ ရက်နေ့ညတွင် ပြုလုပ်မည်ဖြစ်ကြောင်း ဦးဆောင်စီစဉ်သူအချို့ထံမှ သိရသည်။

‘ထုဆစ်မျှော်ရည် တနင်္သာရီ’ လူငယ်စကားဝိုင်းအစီအစဉ်၏ ပဉ္စမအကြိမ်မြောက်စကားဝိုင်းဖြစ်ပြီး  ည ၇ နာရီတွင် ပြုလုပ်မည်ဖြစ်သည်။

ယင်းစကားဝိုင်းတွင် တနင်္သာရီလူမျိုးပေါင်းစုံကွန်ဂရက်၊ CDM တနင်္သာရီကျန်းမာရေးအင်အားစု၊ ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှုကော်မတီ၊ ထားဝယ်ခရိုင်အမှတ် ၂ တပ်ရင်းတို့တွင် ဦးဆောင်ပါဝင်နေသည့် လူငယ်များက ပါဝင်ဆွေးနွေးမည်ဖြစ်သည်။

လွတ်လပ်မှု၊ တရားမျှတမှု၊ သာတူညီမျှမှုနှင့်  ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိသည့် အနာဂတ်ဖယ်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်လာရေးအတွက် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းဆွေးနွေးပွဲကို Dawei Watch သတင်းဌာနအပါအဝင် အခြားသတင်းဌာနများက တိုက်ရိုက်ထုတ်လွှင့်သွားမည်ဖြစ်ပါသည်။

‘ထုဆစ်မျှော်ရည် တနင်္သာရီ’ အစီအစဉ်အား ယခုနှစ်ဇူလိုင်လမှစကာ စကားဝိုင်း လေးကြိမ်ပြုလုပ်ခဲ့ပြီးဖြစ်သည်။

ယင်းစကားဝိုင်းများကို တနင်္သာရီဒေသအခြေစိုက်  Tenasserim Student Unions’ Network – TSUN, Tanintharyi Nationalities Congress – TNC ၊  Inlihtan Peninsula Tenasserim – IPTနှင့်  MAGGA Initiative – MI တို့က ပူးပေါင်းပြုလုပ်ခဲ့ခြင်းဖြစ်သည်။