ကုန်စည်များဈေးတက်လာသည့် မြိတ်ဈေးကွက်

0
1870

မြိတ်မြို့ရှိ ကုန်စည်ဈေးကွက်တွင် စားသောက်ကုန်များ ဈေးတက်နေသည်။

ပြီးခဲ့သည့်အပတ်က ဆန်ကြမ်းတစ်အိတ်လျှင် ၇၀၀၀၀ ကျပ်ဈေးရှိရာမှ ယခုအပတ်တွင် ၄၀၀၀ ကျပ် ဈေးတက်သဖြင့် ၇၄၀၀၀ ကျပ်ဖြစ်နေသည်။

ရွှေဘိုပေါ်ဆန်းမွှေး တစ်အိတ်လျှင် ယခင်အပတ်က ၁၁၉၀၀၀ ကျပ်ဈေးရှိရာမှ ၆၀၀၀ ကျပ် ဈေးတက်သဖြင့် ၁၂၅၀၀၀ ကျပ် ဖြစ်လာသည်။

ထို့အပြင် ပေါ်ဆန်းမွှေး အကယ်ဒမီ အစိမ်းတံဆိပ် တစ်အိတ်လျှင် ယခင်အပတ်က ၉၅၀၀၀ ကျပ်မှ ယခုအပတ်တွင် ၉၈၀၀၀ ကျပ်ဖြစ်လာသည်။ အနီတံဆိပ်ဆိုလျှင် ၈၉၀၀၀ ကျပ်ဈေးရှိရာမှ ၉၀၀၀၀ ကျပ် ဖြစ်လာသည်။

ဆန်ဈေးနှုန်းတို့အပြင် ဆယ်ပိဿာဆံ့ စားအုန်းဆီပုံးဝါတစ်ပုံးလျှင် ယခင်အပတ်က ၆၅၅၀၀ ကျပ်မှ ယခုအပတ်တွင် ၆၇၀၀၀ ကျပ်ဖြစ်လာသည်။

တစ်လီတာဆံ့ စားအုန်းဆီအချို့လည်း ၂၀၀ ကျပ်မှ ၁၀၀၀ ကျပ်အကြားအထိ မြင့်တက်လာသည်။

ကြက်သွန်နီတစ်ပိဿာလျှင် ယခင်အပတ်က ၂၄၀၀ ကျပ်မှ ယခုအပတ်တွင် ၂၆၀၀ ကျပ်၊ ကြက်သွန်ဖြူ တစ်ပိဿာလျှင် ၅၅၀၀ ကျပ်မှ ၆၀၀၀ ကျပ်အထိ မြင့်တက်လာသည်။

ကျန် ကြက်၊ ဝက်၊ အမဲဈေးတို့ တည်ငြိမ်နေပြီး ငါးဈေးအချို့ အနည်းငယ် မြင့်တက်လာသည်။

စားသောက်ကုန်တို့အနက် ဆန်ထွက်ရာ ဧရာဝတီတိုင်းအတွင်းတွင် ဈေးနှုန်းမြင့်မားနေသည့်အတွက် ဆန်အပြင် အခြားကုန်စည်အချို့လည်း ဈေးမြင့်လာခြင်းဖြစ်ကြောင်း ကုန်စုံအရောင်းဆိုင်အချို့က ပြောဆိုသည်။

ယခုနှစ် မိုးတွင်းကာလမရောက်မီ အချိန်အထိ ကုန်စည်ဈေးနှုန်းများ ထပ်မံမြင့်တက်လာဖွယ်ရှိနေကြောင်း ကုန်စုံအရောင်းဆိုင်အချို့က ခန့်မှန်းထားကြသည်။