တရားမျှတမှုအစား လက်စားချေမှုကို ရင်ဆိုင်လိုက်ရတဲ့ တရားခံ

0
2037

တရားဥပဒေရဲ့အောက်မှာ တရားမျှတမှုဆိုတာ တကယ်ရှိပါရဲ့လား။

ဒီမိုကရေစီရဲ့ဘိုးအေနိုင်ငံလို့ တင်စားကြတဲ့ အမေရိကန်ပြည်ထောင်စုလို နေရာမှာတောင် တရားဥပဒေရဲ့အောက်မှာ တရားမျှတမှု ပျောက်ကွယ်သွားခဲ့ရတဲ့ အမှုတွဲတွေ အများကြီးရှိပါတယ်။

ဒီအမှုတွေထဲမှ နာမည်ကျော်အမှုတစ်ခုအကြောင်းကို ရိုက်ကူးတင်ဆက်ထားတဲ့ ဖြစ်ရပ်မှန် ဇာတ်ကားကောင်းတစ်ကားကို ဒီတစ်ပတ်မှာ Dawei Watch ပရိသတ်တွေအတွက် တင်ဆက်ပေးချင်မိပါတယ်။

တစ်ခါတလေ အမှန်တရားကို တန်ဖိုးထားပါ့မယ်၊ အမှန်တရားဘက်မှာ ရပ်တည်ပါ့မယ်၊ အမှန်တရားကို အလေးထား ရှာဖွေပေးပါ့မယ်၊ အမှန်တရား တည်မြဲအောင် ကာကွယ်စောင့်ရှောက်ပေးပါမယ် လို့ ကျိန်ဆိုထားသူတွေကိုယ်တိုင်က အမှန်တရားကို မျက်ကွယ်ပြုပြီး အော့နှလုံးနာစရာကောင်းလောက်အောင် သစ္စာဖောက်ပစ်လိုက်တာတွေ ရှိနေပါတယ်။

ဒီနေ့မှာ ညွှန်းဆိုပေးမယ့်ဇာတ်ကားကတော့ The Conspirator ပါပဲ။ သမ္မတ အေဗရာဟမ်လင်ကွန်း လုပ်ကြံခံရတဲ့အမှုတွဲထဲမှာ တရားခံအဖြစ် သတ်မှတ်ခံရသူတစ်ယောက်ရဲ့အကြောင်းကို ရိုက်ကူးတင်ဆက်ထားတဲ့ဇာတ်ကားဖြစ်ပါတယ်။