လာမည့်မိုးရာသီကာလတွင် ပူ‌နွေးခြောက်သွေ့သည့် အယ်နီညိုဖြစ်စဉ်ကျရောက်နိုင်

0
2117

နိုင်ငံတကာမိုးလေဝသဌာနများ၏ ခန့်မှန်းချက်များအရ ယခုနှစ် မေ၊ ဇွန်၊ဇူလိုင်လများတွင် အားအနည်းငယ်ရှိသော အယ်လ်နီညိုဖြစ်ပေါ်နိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဧပြီလ ၂၈ ရက်နေ့က ထုတ်ပြန်ထားသည်။

အယ်နီညိုဆိုသည်မှာ အစွန်းရောက်သဘာဝဘေးတစ်ခုဖြစ်ပြီး အလွန် ပူနွေးခြောက်သွေ့သည့် ဖြစ်စဉ်တစ်ခုဟု ယေဘုယျအားဖြင့်ပြောဆိုကြသည်။

အယ်လ်နီညိုဖြစ်စဉ်၏ အကျိုးသက်ရောက်မှုကြောင့် မိုးရွာသွန်းမှုပုံစံမူမမှန်ခြင်း၊ အပူချိန်မြင့်မားခြင်း၊ မုန်တိုင်းဖြစ်ပေါ်မှု မူမမှန်ခြင်းစသည့် ရာသီဥတုဖြစ်စဉ်များ ဖြစ်ပေါ်နိုင်သည်ဟု အထက်ပါဌာန၏ ထုတ်ပြန်ချက်က ဆိုသည်။

အယ်နီညိုဖြစ်စဉ်ကြောင့် မိုးရာသီမှာ ပိုပူနိုင်သလို အစွန်းရောက် ရာသီဥတုလည်းဖြစ်ပေါ်နိုင်သည်ဟု ထုတ်ပြန်ချက်ကဆိုသည်။

ယခုနှစ် နွေရာသီမှာလည်း မြန်မာနိုင်ငံတွင် အပူချိန်များ စံချိန်တင်မြင့်တက်ခဲ့ပြီး ပိုပူလာခြင်းကြောင့် လူသေဆုံးမှုများလည်း ရှိခဲ့သည်။

မြန်မာနိုင်ငံတွင် မေလ ၁၃ ရက်မှ ၃၁ ရက်အတွင်း မုတ်သုန်စတင်ဝင်ရောက်ဖွယ်ရာရှိပြီး အောက်တိုဘာ ပထမအပတ်တွင် မြန်မာနိုင်ငံက ပြန်လည်ထွက်ခွာဖွယ်ရာရှိသည်ဟု မိုးဇလဌာနက ထုတ်ပြန်ထားသည်။

မုတ်သုံကာလတွင် လေဖိအားနည်းရပ်ဝန်း ၁၁ ကြိမ်ဖြစ်ပေါ်နိုင်ပြီး ၅ ကြိမ်မှာ ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်ကို ရောက်ရှိနိူင်သည်ဟု မိုးဇလကဆိုသည်။