စစ်ဒဏ်သင့် ကလေးငယ်လေးရဲ့ပြောစကားမှာ မျက်ရည်တွေကျခဲ့ရတဲ့ MMA လူကြမ်းကြီး ခမ်းဇတ်

0
2012

ခမ်းဇတ်ဆိုတာ ကြမ်းမှကြမ်း၊ ရမ်းမှရမ်းဆိုတဲ့ ဖိုက်တာကြီးပါ။ ကိုယ်ခံပညာစုံတိုက်ခိုက်ရေးလောကထဲမှာ အထိုးအကြိတ်၊ အသတ်အပုတ် အရမ်းကောင်းတဲ့ ဆွီဒင်သားကြီး ဖြစ်ပါတယ်။ အခု ခမ်းဇတ် မျက်ရည်တွေ ကျဆင်းနေပါတယ်။

ကလေးငယ်ကောင်မလေးတစ်ယောက်ရဲ့ပြောစကားတွေကြောင့် ခမ်းဇတ် မျက်ရည်တွေ ကျဆင်းလို့နေပါတယ်။ ကလေးမလေးက ချေချင်းညှာစစ်ပွဲမှာ မိဘတွေ ကွယ်လွန်သွားခဲ့လို့ မောင်နှမနှစ်ယောက်တည်း ဘဝကို ဖြတ်သန်းနေရသူပါ။ သူတို့ မောင်နှမနှစ်ယောက်ဟာ အနိုင်ကျင့်တာတွေကိုလည်း မကြာခဏ ခံစားရလေ့ရှိပါတယ်။

ဒါကြောင့် ကလေးမလေးက ခမ်းဇတ်နဲ့ဆုံခွင့်ရချိန်မှာ စကားတစ်ခွန်းပဲ ပြောခဲ့ပါတယ်။ “သမီးတို့ အနိုင်ကျင့်မခံရအောင် သမီးရဲ့အစ်ကို ကို သိုင်းသင်ပေးပါလားဟင်” ဆိုတာက ခမ်းဇတ်ကို ကလေးမလေး ပြောခဲ့တဲ့စကားပါပဲ။ ဒီစကားကို ကြားရချိန် ခမ်းဇတ်ဘာကြောင့် မျက်ရည်ကျရတာပါလဲ။