ယူကရိန်းပြည်သူတွေအတွက် ရန်သူကို လုံးဝလက်ဆွဲနှုတ်မဆက်ဘဲ ဥပက္ခာပြုမှုနဲ့ တော်လှန်တိုက်ပွဲဝင်နေသူ တင်းနစ်မယ်

0
2611

ယူကရိန်းကို ရုရှားကနေ ကျူးကျော်စစ် ဆင်နွှဲနေတဲ့အကြောင်းကို အားလုံး သိနေပြီးသားပါ။ ရုရှားရဲ့ကျူးကျော်မှုတွေကို ခေါင်းငုံ့မခံဘဲ တွန်းလှန်နေသူတွေထဲမှာ ကမ္ဘာနဲ့အတူ ယူကရိန်းနိုင်ငံသူ တင်းနစ်မယ်တစ်ယောက်လည်း ပါဝင်လို့နေပါတယ်။

သူမကတော့ မာတာ ကော့စ်ယတ်ခ် ပါပဲ။ ကော့စ်ယတ်ခ်ဟာ ရုရှားတင်မကဘဲ ရုရှားဘက်က အပေါင်းအပါတွေကိုပါ သူမ တတ်နိုင်စွမ်းတဲ့ စည်းဘောင်ထဲကနေ သူမလုပ်နိုင်တဲ့အရာကို လုပ်ပြပြီး ဆန့်ကျင်လို့နေပါတယ်။

ကော့စ်ယတ်ခ် ဟာ အမျိုးသမီးတစ်ယောက်ဖြစ်ပေမယ့် နိုင်ငံချစ်စိတ်ကို ရောက်ရှိရာနေရာကနေ တတ်နိုင်တဲ့ပုံစံနဲ့ ထုတ်ဖော်ပြသပြီး တော်လှန်တိုက်ပွဲကို ဆင်နွှဲနေသူပဲဖြစ်ပါတယ်။

ပြိုင်ဘက်တွေထဲက ရုရှားတင်းနစ်မယ်တွေ၊ ဘီလာရုစ်တင်းနစ်မယ်တွေကို လက်ဆွဲနှုတ်မဆက်ဘဲ ယူကရိန်းနိုင်ငံအပေါ်ကျူးကျော်မှုကို လက်မခံကြောင်း ထုတ်ဖော်ပြသနေတဲ့ ကော့စ်ယတ်ခ်ကို မီဒီယာတွေကလည်း သတင်းတွေ၊ ဆောင်းပါးတွေ ရေးသားဖော်ပြနေပြီပဲဖြစ်ပါတယ်။

ဒါကြောင့် ဒီတစ်ပတ်မှာ စိတ်ခွန်အား ပြင်းပြတဲ့ ကော့စ်ယတ်ခ် ကို Dawei Watch အမျိုးသမီးကဏ္ဍရဲ့ပုံရိပ်ရှင်အဖြစ် ရွေးချယ်ပေးလိုက်ပါတယ်။