ယူနိုက်တက် ထိုင်းနေရှင်းပါတီမှတစ်ဆင့် အမတ်နေရာ ဝင်ပြိုင်မည်မဟုတ်ဟု ထိုင်းဝန်ကြီးချုပ်ပြော

0
2120

လက်ရှိ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ အနေနှင့် လာမည့်ရွေးကောက်ပွဲတွင် ယူနိုက်တက် ထိုင်းနေရှင်း ပါတီ (ယူတီအန်)မှတစ်ဆင့် ပါလီမန်အမတ်အဖြစ် ဝင်ရောက်အရွေးခံမည် မဟုတ်ကြောင်း ပြောကြားလိုက်သည်။

သို့သော် ဤသို့ ဆုံးဖြတ်ရခြင်း အကြောင်းရင်းကိုမူ ကိုယ်ရေးကိုယ်တာ ကိစ္စဟုသာ ပြောပြီး အသေးစိတ် ထုတ်ဖော်ရန် ပရာယွတ်က ငြင်းဆိုခဲ့သည်။

ယူအန်တီ ပါတီသည် ၎င်း၏ ပါတီဝင်များ စာရင်းနှင့် မဲဆန္ဒနယ် အသီးသီးအတွက် ကိုယ်စားလှယ်လောင်းများကို အပြီးသတ် ရွေးချယ်လိုက်ကြောင်း အင်္ဂါနေ့တွင် ထုတ်ပြန်ခဲ့ပြီး ဗိုလ်ချုပ်ကြီး ပရာယွတ်သည် ၎င်းတို့စာရင်းတွင် မပါရှိကြောင်း ယူတီအန် ပါတီ အဖွဲ့ဝင် ထာနာခွန် ဝါန် – ဘွန်းကုန်ချနာ က ပြောကြားခဲ့သည်။

ပါတီဝင်တစ်ဦးလည်းဖြစ် ၊ နည်းဗျူဟာ အကြံပေးချုပ် လည်း ဖြစ်ပြီး လက်ရှိ မဲဆွယ်စည်းရုံးရေးလုပ်ငန်းစဉ်များကို ဦးဆောင်နေသော ဗိုလ်ချုပ်ကြီး ပရာယွတ်၏ ယခုလို ဆုံးဖြတ်ချက်သည် (ယူအန်တီ) ပါတီ၏ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကို အနည်းနှင့်အများ ထိခိုက်စေနိုင်ကြောင်း ယင်းပါတီဝင်က  မှတ်ချက်ပြုသည်။

ထိုင်းနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဝန်ကြီးချုပ်အဖြစ် ဝင်ရောက်ယှဉ်ပြိင်ရန်အတွက် လွှတ်တော်အမတ်ဖြစ်ရမည်ဟူ၍ ပြဋ္ဌာန်းထားခြင်းမရှိပေ။

ထွက်ပြေးတိမ်းရှောင်နေသော ၀န်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာသည် ထိုင်းနိုင်ငံသို့ ပြန်လာရန် အဆင်သင့်ဖြစ်နေပြီး လိုအပ်ပါက ၎င်း၏ မိသားစုနှင့် တစ်သက်လုံး ဖြတ်သန်းနိုင်မည်ဟု လွန်ခဲ့သည့် ရက်သတ္တပတ်က ကျိုတိုသတင်းဌာန ကို ပြောကြားခဲ့သည်။ ဤတွေ့ဆုံမေးမြန်းခန်းအပေါ် ဗိုလ်ချုပ်ကြီး ပရာယွတ်က မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။

၂၀၀၆ ခုနှစ်တွင် ထိုင်းစစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက် ထောင်ဒဏ်ကို ရှောင်ရှားဖို့ရာ သက်ဆင် သည်  ၂၀၀၈ ခုနှစ်တွင် ထိုင်းနိုင်ငံမှ ထွက်ခွာခဲ့ခြင်းဖြစ်သည်။

တိုကျိုခရီးစဉ်အတွင်း သက်ဆင်သည် ကျိုတိုသတင်းဌာနကို လက်ခံတွေ့ဆုံခဲ့သည်။

Reference

●       Bangkok Post