ထားဝယ်တွင် လမ်းဘေးရေမြောင်းအတွင်း အမျိုးသားအလောင်းတွေ့

0
2205

ထားဝယ်မြို့ပေါ် ဥဿာရံရပ်ကွက်၊ ဆိပ်ကမ်းသာမင်္ဂလာခန်းမအနီးရှိ လမ်းဘေးရေမြောင်းထဲတွင် မတ်လ ၃၀ ရက် ညက အမျိုးသားတစ်ဦး၏ ရုပ်အလောင်းတွေ့ရကြောင်း ဇမ္ဗူသီရိအရေးပေါ် လူနာကူညီသယ်ဆောင်ရေးအဖွဲ့ထံမှ သိရသည်။

သေဆုံးသူမှာ ဥဿာရံရပ်ကွက်‌တွင် နေထိုင်သည့် အသက် ၃၂ နှစ်အရွယ်ရှိ ကိုသန့်ဇင်ဆိုသူဖြစ်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

“ပြင်ပဒဏ်ရာမျိုးတော့ မရှိဘူး” ဟု ဇမ္ဗူသီရိအရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်မျိုးသွင်က ပြောသည်။

ကိုသန့်ဇင်သည် ‌အရက်သေစာ သောက်စားတက်သူဖြစ်ပြီး အရက်မူးပြီးတံတားပေါ်အိပ်နေရင်းစဉ် ရေမြောင်းထဲ ပြုတ်ကျသွားခြင်းဖြစ်ဖွယ်ရှိကြောင်း ရပ်ကွက်သူ၊ ရပ်ကွက်သားအချို့က ပြောဆိုသည်။

၎င်း၏ ရုပ်အလောင်းကိုမူ ဇမ္ဗူသီရိ အရေးပေါ်အလောင်းတင်ယာဉ်ဖြင့် ထားဝယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။