အမေရိကန် လက်ကြီးစီးပွားရေးသမားတွေ အခက်ကြုံနေချိန်မှာ ဂလေဇာတွေက မန်ယူကို ထိထိမိမိ အသုံးချပြီး အမြတ်ထုတ်တော့မှာလား

0
2013

မန်ယူကို ရောင်းချလိုက်ပြီဆိုပြီး တချို့သော Page တွေက သတင်းရေးသားလာလို့ ပရိသတ်တွေက ထင်ယောင်ထင်မှား ဖြစ်နေကြရပါတယ်။

တကယ်တော့ မန်ယူကို ဝယ်ယူဖို့အတွက် ကမ်းလှမ်းမှုတွေ တိုးမြှင့်ဆောင်ရွက်ထားဆဲအဆင့်မှာသာ ရှိသေးပြီး ပိုင်ဆိုင်မှုက ဂလေဇာညီအစ်ကိုရဲ့လက်ထဲမှာသာ ရှိနေတုန်းပါပဲ။

ဒီနေရာမှာ မန်ယူကို ဂလေဇာညီအစ်ကိုတွေ ဘာကြောင့် ရောင်းချင်လာသလဲဆိုတာက စိတ်ဝင်စားစရာဖြစ်နေပါတယ်။

အမေရိကန်စီးပွားရေးဂယက်၊ ဘဏ်ပြိုလဲမှု၊ Meta က ဝန်ထမ်းလျှော့ချမှုတွေဟာ အမေရိကန်ရဲ့လက်ကြီးစီးပွားရေးသမားတွေ ဘာတွေ ဘယ်လိုရင်ဆိုင်နေရသလဲဆိုတဲ့ ပြယုဂ်လက္ခဏာတွေပါပဲ။

ဂလေဇာတွေဟာ အတက်ဈေး ကြုံနေစဉ်အခိုက်၊ အမြတ်များများရဖို့ သေချာနေစဉ်အခိုက်မှာ မန်ယူကို ရောင်းထုတ်လိုက်မှာတော့ သေချာပါတယ်။

အမေရိကန်ရဲ့လက်ကြီးစီးပွားရေးသမားတွေထဲမှာ အပါအဝင်ဖြစ်တဲ့ ဂလေဇာတွေဟာ ဗိုက်နာဈေးမျိုးနဲ့ မန်ယူကို သူတစ်ပါးလက်ထဲ ထိုးမထည့်ချင်လို့ သေချာချိန်မှာ သေချာတာကို ရွေးချယ်လုပ်ဆောင်သွားမှာပါ။

မန်ယူပိုင်ရှင်သစ်က ဘယ်သူဖြစ်လာလေမလဲ။