မြိတ်တွင် ပရိဘောဂအလုပ်ရုံ မီးလောင်

0
2243

မြိတ်မြို့ပေါ် ကလွင်ကျေးရွာအုပ်စုတွင် ပရိဘောဂအလုပ်ရုံတစ်ရုံသည် ယနေ့ မတ်လ ၂၇ ရက် နံနက် ၃နာရီခန့်က မီးလောင်ကျွမ်းကြောင်း ဒေသခံတို့ထံမှ သိရသည်။

တောရကျောင်းရပ်ကွက်၊ ဦးနီတိုးဈေးလမ်းရှိ ပရိဘောဂအလုပ်ရုံ မီးလောင်ခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။

ရပ်ကွက်နေသူအချို့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မီးသတ်ယာဉ်များဖြင့် မီးငြှိမ်းသတ်ခဲ့ပြီး လူနှင့် တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်း ရပ်‌ကွက်နေသူအချို့က ဆိုသည်။

“ပရိဘောဂရုံနားမှာ အိမ်တွေ ကပ်မနေလို့ တော်သေးတယ်။ မနက် ငါးနာရီခွဲလောက်မှာ မီးငြိမ်းသွားတာ” ဟု တောရကျောင်းရပ်နေသူတစ်ဦးက ပြောသည်။

အဆိုပါ မီးလောင်မှုအကြောင်းအရင်းအား သက်ဆိုင်ရာက စုံစမ်းနေဆဲဖြစ်ကြောင်း ဒေသခံတို့က ပြောဆိုသည်။