အမေရိကန် ကုမ္ပဏီ Airbnb က မြန်မာနိုင်ငံတွင်း ဝန်ဆောင်မှုများ ကို ရပ်ဆိုင်း

0
2325

ကာလတို တည်းခိုနေထိုင်မှုများနှင့် ခရီးသွားအတွေ့အကြုံများဆိုင်ရာ ဝန်ဆောင်မှုပေးနေသည့် မေရိကန်နိုင်ငံ အခြေစိုက် Airbnb ကုမ္ပဏီက မြန်မာနိုင်ငံရှိ တည်းခိုခန်းများ ငှားရမ်းနိုင်ရန် စာရင်းပေးသွင်းထားမှုများကို ဆိုင်းငံ့ထားလိုက်ပြီဖြစ်သည်။

ထို့ကြောင့် (အဲဘီအန်ဘီ) Airbnb သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတွင်း ဝန်ဆောင်မှုများကို ရပ်ဆိုင်းလိုက်သည့် ပထမဆုံးသော နိုင်ငံတကာ ခရီးသွား ဘွတ်ကင်ဆိုက် ဖြစ်လာသည်။

ပြီးခဲ့သည့်အပတ်က Airbnb သည် နိုင်ငံတွင်း ဝန်ဆောင်မှု ရပ်ဆိုင်းလိုက်ပြီ ဖြစ်သောကြောင့် တည်းခိုနေရာ အတွက် စာရင်းတင်ထားမှု နှင့် သုံးစွဲသူများထံမှ ယင်းအခန်းများအပေါ် ကြိုတင်စာရင်းသွင်းမှုများသည် ၎င်းတို့၏ ဝက်ဘ်ဆိုဒ်တွင် ပေါ်လာတော့မည် မဟုတ်ကြောင်း ၎င်းတို့နှင့် လက်တွဲလျက် ရှိသည့် မြန်မာအိမ်ရှင်/ အခန်းရှင်များ ကို အီးမေးလ်မှတစ်ဆင့် အသိပေးခဲ့သည်။

သို့သော် အိမ်ရှင်များအနေနှင့် “ယခင်ကြိုတင်မှာယူမှုများနှင့် ငွေပေးချေမှုမှတ်တမ်း” ဆိုင်ရာ အသေးစိတ် အချက်အလက်များကို ရယူနိုင်ဦးမည် ဖြစ်သည်။

TTRW သတင်းဌာနမှ Airbnb ကို ဆက်သွယ်မေးမြန်းခဲ့ရာ “ Airbnb သည် မြန်မာနိုင်ငံတွင်း ဝန်ဆောင်မှုတွေကို ရပ်ဆိုင်းထားပါတယ်။ သုံးစွဲသူများအနေနဲ့ ထပ်မံကြေညာချက် မထုတ်သေးတဲ့ အချိန်တစ်ခုအထိ မြန်မာနိုင်ငံတွင်း တည်းခိုနေရာအတွက် ကြိုတင်စာရင်းပေးသွင်းမှုများကို လုပ်ဆောင်နိုင်မှာ မဟုတ်ပါဘူး။ Airbnb ရဲ့ လက်ရှိ မြန်မာနိုင်ငံတွင်း လုပ်ငန်းဆောင်ရွက်နိုင်မှုဟာ အားနည်းလာတဲ့ အနေအထားတစ်ခု ကိုသာ မြင်ရပါတော့တယ်” ဟု ဖြေကြားခဲ့သည်။

နိုင်ငံရေးအနေအထားအရ ဥပဒေများ ပိုမိုတင်းကျပ်လာသည့်အတွက် ဟိုတယ်များနှင့် တည်းခိုခန်းများသည် ပတ်စပို့အသေးစိတ်ပါရှိသော ပြည်ပဧည့်သည်များ၏ စာရင်းကို ညနေတိုင်း ဒေသန္တရ ရဲစခန်း သို့မဟုတ် လူဝင်မှုကြီးကြပ်ရေးရုံးများသို့တင်ပြရသည်။

နိုင်ငံခြားသားများအနေနှင့် တရားဝင်မှတ်ပုံတင်ထားသည့် ဟိုတယ်နှင့်တည်းခိုခန်းများမှအပ အခြားနေရာများတွင် ရေတိုငှားရမ်းနေထိုင်ခွင့် ကို တားမြစ်ဥပဒေရှိသည့် နိုင်ငံအနည်းငယ်တွင် မြန်မာနိုင်ငံသည် တစ်နိုင်ငံဖြစ်သည်။

၁၉၄၇ခုနှစ်တွင် ပြဌာန်းခဲ့သည့် လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေအရ ခရီးသွားဗီဇာဖြင့် ဝင်ရောက်လာသည့် နိုင်ငံခြားသားဧည့်သည်များကို ဟိုတယ် သို့မဟုတ် မှတ်ပုံတင်ထားသော တည်းခိုခန်းများတွင်သာ တည်းခိုနိုင်သည်။

Agoda၊ Expedia နှင့် Booking.com ကဲ့သို့သော အခြားသော တည်းခိုမှုဆိုင်ရာ ခရီးသွားဝန်ဆောင်မှုများသည် Visa သို့မဟုတ် Mastercard အစရှိသည့် နိုင်ငံတကာ ခရက်ဒစ်ကတ်များကို အသုံးပြု၍ အွန်လိုင်းငွေပေးချေနိုင်သော မြန်မာနိုင်ငံတွင်းဟိုတယ်များကို ဆက်လက်ပြသထားသည်။

မြန်မာနိုင်ငံ၏ ၁၉၄၇ ခုနှစ် လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေတွင် ရေးသားထားသော တည်ဆဲဥပဒေအရ ခရီးသွားဗီဇာဖြင့် ဝင်ရောက်လာသော ကမ္ဘာလှည့်ခရီးသည်များသည် ဟိုတယ်များ သို့မဟုတ် မှတ်ပုံတင်ထားသည့် တည်းခိုခန်းများတွင်သာ နေထိုင်ရမည်ဟု ပြဋ္ဌာန်းထားသည်။

သတ်မှတ်ထားသော လိုင်စင်မရှိပဲ နိုင်ငံခြားသား ဧည့်သည်များကို အခန်းငှားရမ်းပါက အဆိုပါအခန်းရှင်များကို ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်နိုင်သည်။

ခရီးသွားဗီဇာ ကိုင်ဆောင်ထားသူများအတွက် ကန့်သတ်မှုများသော်လည်း အမြဲတမ်းနေထိုင်သူများနှင့် စီးပွားရေးဗီဇာကိုင်ဆောင်ထားသည့်နိုင်ငံခြားသားများသာ တိုက်ခန်းများ သို့မဟုတ် အိမ်များ ငှားရမ်းနိုင်သည်။

Reference ● TTR Weekly