စစ်ကောင်စီက လုံခြုံရေးတင်းကျပ်ထားသည့် လောင်းလုံးတွင် လူထုသပိတ်လှုပ်ရှားမှုပြုလုပ်

0
1424
Photo - DDMSC

စစ်ကောင်စီက စစ်ကြောင်းထိုးမှုများ လုပ်ဆောင်နေပြီး လုံခြုံရေးတင်းကျပ်ထားသည့် လောင်းလုံးတွင် ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီက စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှု ယနေ့နေ့လယ်ပိုင်းက ပြုလုပ်ခဲ့သည်။

ယခုလအတွင်း စစ်ကောင်စီတပ်များက လောင်းလုံးမြို့နယ်သို့ စစ်ကြောင်းထိုးဝင်ရောက်ပြီး အရပ်သားပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ နေအိမ်များမီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်နေရာတွင် ယခုလဆန်းမှ ယနေ့အထိ နေအိမ် ၁၅၀ ခန့်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ယင်းသပိတ်ကော်မတီက ထုတ်ပြန်ထားသည်။