မဲဆောက်တွင် တော်လှန်ရေးအဖွဲ့များ နေထိုင်ရာအဆောက်အအုံ ဝင်စီးခံရ

0
3384
Ref: Matichon Online, Khaosod Online

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်နေသော တော်လှန်ရေးအင်အားစုများနေထိုင်ရာ လေးထပ်အဆောက်အအုံကို ထိုင်းစစ်သားများက ယနေ့(မတ် ၂၁)တွင် ဝင်ရောက်စီးနင်းခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံမှတစ်ဆင့် တာခ့်ခရိုင်အတွင်းသို့ နယ်စပ်ဖြတ်ကျော်လာသော တော်လှန်ရေးအင်အားစုများသည် ယင်းအဆောက်အအုံများတွင် နေထိုင်နေကြောင်း စုံစမ်းတွေ့ရှိခဲ့ရာမှ ထိုင်းစစ်သားများက ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

စီးနင်းရာတွင် ကျည်ဆန်များ၊ ကျန်းမာရေးထောက်ပံ့ပစ္စည်းများ၊ PDF အမှတ်တံဆိပ်ပါ ယူနီဖောင်းများနှင့် စစ်သုံးပစ္စည်းများစွာ သိမ်းဆည်းရမိခဲ့ကြောင်း ဖော်ပြထားသည်။

ထိုင်းစစ်တပ်၏ သတင်းအရင်းအမြစ်များအရ ၎င်းနေရာရှိ အဆောက်အအုံများတွင် တော်လှန်ရေးအင်အားစု ၂၀၀ ခန့် နေထိုင်နေသည်ကို တွေ့ရှိခဲ့ရပြီး အချို့မှာ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြကြောင်း သတင်းတွင်ဖော်ပြထားသည်။

တော်လှန်ရေးအင်အားစုများသည် နိုင်ငံတကာအဖွဲ့အစည်းများထံမှ အထောက်အပံ့အချို့လည်း ရရှိနေကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

ဖြည့်စွက်ချက်
—————-
မြေပြင်အခြေအနေမှာ ရှုပ်ထွေးမှုများရှိနေပြီး ထိုင်းသတင်းဌာနများတွင် ဖော်ပြထားချက်များနှင့် ကွဲလွဲသည့် အခြေအနေများကို ထပ်မံသိရှိရသဖြင့် အသေးစိတ် အခြေအနေကို ဆက်လက်ဖော်ပြသွားပါမည်။