လောင်းလုံး၊ စစ်ပြဲရွာတွင် နေအိမ်နှစ်ဆောင်မီးလောင်

0
2426

လောင်းလုံးမြို့နယ်၊ စစ်ပြဲကျေးရွာအုပ်စု ရှေ့ဖက်ကားကျေးရွာတွင် နေအိမ်နှစ်ဆောင် ယနေ့(မတ် ၂၁) နံနက်ပိုင်းက မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

“ဝါယာ‌ရှော့ဖြစ်ပြီး မီးလောင်တာ။ အခုတော့ မီးငြိမ်းသွားပြီ” ဟု ဒေသခံတစ်ဦးက ယနေ့ နေ့လယ် ၂ နာရီခန့်တွင် ပြောသည်။

လောင်းလုံးမြို့နယ်အပါအဝင် ထားဝယ်ခရိုင်အတွင်း ‌ယခုနွေရာသီတွင် နေအိမ်မီးလောင်ခြင်း၊ တောမီးလောင်ခြင်းတို့ မကြာခဏဖြစ်ပေါ်လျက်ရှိသည်။