ဘန်းလမွတ်ကျေးရွာအုပ်စုတွင် မီးရှို့ဖျက်ဆီးခံရမှုအခြေအနေ

0
1398

တနင်္သာရီမြို့နယ် ဘန်းလမွတ်ကျေးရွာအုပ်စုသို့ စစ်ကောင်စီတပ်ခြေလျင်စစ်ကြာင်း မတ်လ ၁၆ ရက်က ဝင်ရောက်ပြီးနောက် မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ထို့ကြောင့် အိမ်သုံးလုံး၊ ကွမ်းသီးဂိုဒောင်တစ်လုံး၊ ဆိုင်ကယ်နှစ်စီးနှင့် ကွမ်းသီးခြံတို့ ပျက်စီးဆုံးရှုံးကြောင်း ၎င်းတို့က ဆိုသည်။

ယင်းနောက် ဘန်းလမွတ်ကျေးရွာအုပ်စုရှိ ငါးရံ့အင်း၊ ရွာဟောင်းနှင့် ရေခမ်းချောင်းတို့မှ ဒေသခံရာနှင့်ချီ တောအတွင်းသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဒေသခံတို့က ဆိုသည်။