တနင်္သာရီနေ့စဉ်သတင်း အစီအစဉ် (မတ်လ ၁၃ ရက်)

0
2172

Dawei Watch ရဲ့ နေ့စဉ်သတင်းအစီအစဉ်အတွက် ဒီနေ့တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • ကျောက်ဆင် ကျေးရွာ အုပ်စုကို စစ်ကောင်စီတပ် စစ်ကြောင်းထပ်ဝင်ပြီး နေအိမ်ဆယ်လုံးထက်မနည်းဖျက်ဆီးခံခဲ့ရ
  • ဖေဖော်ဝါရီလမှာ တနင်္သာရီတိုင်းအတွင်း စစ်ဘေးရှောင်တစ်သောင်းကျော်တိုးလာတဲ့အကြောင်း
  • ကျွန်းစုမှာ တိုက်ပွဲဖြစ်ထားလို့ ပြည်သူ‌တွေ ဂရုပြုသွားလာကြဖို့ တိုက်တွန်းထားတဲ့အကြောင်း
  • တနင်္သာရီမြို့နယ်ထဲမှာစစ်‌ကောင်စီတပ်ယာဥ်တန်းမိုင်းဆွဲခံရတဲ့ အခြေအနေ
  • ရေဖြူမြို့နယ် ဇာဒီရွာနားမှာ စစ်ကောင်စီတပ်က တောနင်းရှာဖွေနေတဲ့အကြောင်း
  • စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်လို့ ကလေးတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးအပါအဝင် ငါးဦးဒဏ်ရာရသွားတဲ့အကြောင်း
  • ကလိန်အောင်မြို့နဲ့ အနီးဝန်းကျင်ရှိ ရွာသုံးရွာက ဒေသခံအနည်းဆုံးလေးဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားတဲ့အကြောင်း
  • မြိတ်မြို့က နေအိမ်တွေမှာ ပုလောမြို့နယ်က စစ်ဘေးရှောင်လာသူ‌တွေကို စစ်ကောင်စီက စာရင်းလိုက်ကောက်နေတဲ့အကြောင်း
  • ထားဝယ်ဈေးကွက်ထဲ ရွှေဈေးအတက်အကျဖြစ်နေတဲ့အခြေအနေ စတဲ့ သတင်းတွေပဲဖြစ်ပါတယ်။