ဆန်ဈေးငြိမ်ပြီး ဆီဈေးအနည်းငယ်တက်နေသည့်ထားဝယ်ဈေးကွက်

0
2575

ထားဝယ်တွင် ဆန်ဈေးမှာ ဖေဖော်ဝါရီ လလယ်ပိုင်းမှ မတ်လ ၁၀ ရက်အထိ လေးပတ်ဆက်တိုက်ငြိမ်နေသည်။

ဖေဖော်ဝါရီလ ၁၇ရက်က ထားဝယ်ဈေးကွက်တွင် အကယ်ဒမီဆန်ကြမ်း (ဆန်ဟောင်း) အိတ်ကြီးတစ်အိတ်ကို ၇၅၅၀ဝကျပ်၊ ရွှေဘိုပေါ်ဆန်းအောင်သီဟ (ဆန်ဟောင်း) ၂၄ ပြည်တစ်အိတ်ကို ၁၂၃၀၀ဝကျပ်၊ အကယ်ဒမီဆန် (ဆန်ဟောင်း) အစိမ်းရောင်တံဆိပ် ၂၄ပြည် တစ်အိတ်ကို ၈၉၀၀ဝကျပ်၊ အကယ်ဒမီဆန် (ဆန်ဟောင်း) အနီရောင်အမျိုးအစား ၂၄ပြည် တစ်အိတ်ကို ၈၃၀၀ဝကျပ် ရှိခဲ့သည်။

ယနေ့ မတ်လ ၁၀ ရက်အထိ ထားဝယ်ဈေးကွက်ရှိ ဆန်ဈေးမှာ အထက်ပါဈေးနှုန်းများအတိုင်း လေးပတ်ဆက်တိုက် တည်ငြိမ်နေခြင်းဖြစ်သည်။

ဖေဖော်ဝါရီလ တစ်လလုံးနီးပါးငြိမ်နေသည့် စားသုံးဆီဈေးမှာ မတ်လပထမပတ်ကစပြီး အနည်းဈေးတက်လာခဲ့သည်။

ဖေဖော်ဝါရီလက ဇွဲတံဆိပ် ပဲဆီတစ်ပိဿာလျှင် ၁၄၅၀ဝကျပ်ရှိရာမှ ယနေ့ မတ်လ ၁ဝရက်တွင် ၁၅၁၅ဝကျပ် ဖြစ်လာပြီး တစ်လအတွင်း ဆီတစ်ပိဿာ ၆၅ဝကျပ်ခန့် ဈေးတက်သွားသည်။

ထို့အတူ ဖေဖော်ဝါရီလက နေကြာဆီတစ်လီတာဘူးတစ်ဘူးကို ၆၁၀ဝကျပ် ရှိရာမှ ယနေ့မတ်လ ၁ဝရက်တွင် တစ်လီတာ ၈၁၀၀ ကျပ်ဖြစ်လာပြီး ၂၀၀ဝကျပ်ခန့် ဈေးတက်သွားခြင်းဖြစ်သည်။

ရွှေအပ်ငရုတ်သီးခြောက်မှာမူ ပြီးခဲ့သည့်ပတ်ကထက် ဈေးအနည်းငယ်ကျသွားသည်။

မတ်လ ပထမပတ်က ရွှေအပ်ငရုတ်သီးခြောက် တစ်ပိဿာလျှင် ၁၄၀၀ဝကျပ်မှ ယနေ့မတ်လ၁၀ ရက်တွင် ၁၃၅၀ဝကျပ်သာရှိသဖြင့် တစ်ပတ်အတွင်း တစ်ပိဿာ ငါးရာကျပ် ဈေးကျလာခြင်းဖြစ်သည်။