ရွှေတစ်ကျပ်သား ကျပ်တစ်သောင်း ထပ်ကျ (ဖေဖော်ဝါရီ ၂၇ )

0
2491

ဖေဖော်ဝါရီလ ၂၄ ရက်နှင့် ယနေ့ ဈေးနှုန်းနှိုင်းယှဉ်ချက်အရ အခေါက်ရွှေဈေးမှာ တစ်ကျပ်သားလျှင် ငွေကျပ်တစ်သောင်း ဈေးထပ်ကျသွားသည်။

ထားဝယ်ဈေးကွက်အတွင်း ရွှေတစ်ကျပ်သားလျှင် နှစ်ဆယ့်ရှစ်သိန်း‌သုံးသောင်း (2830000 ကျပ်) ဖြင့် ဈေးဖွင့်ထားသည်။

ထိုင်းဘတ်ဈေးမှာ အနည်းငယ်ထပ်ကျသွားပြီး ဓာတ်ဆီဈေးမှာ တက်ရိပ်ပြနေသည်။

ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် လူအများအမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။