ဖူးခက်တွင် ကားတိုက်မှုကြောင့် မြန်မာလုပ်သားတစ်ဦးသေဆုံး၊ ရှစ်ဦးဒဏ်ရာရ

0
2781

ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်ခရိုင်တွင် မြန်မာအလုပ်သမား ကိုးဦးကို တင်ဆောင်လာသော ကားသည် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ရှိ အရှိန်သတိပေးချက်ဆိုင်းဘုတ်ကို ဝင်တိုက်ခဲ့မိကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

ဖေဖော်ဝါရီလ ၂ဝရက် နံနက် ၈နာရီခွဲခန့်တွင် ထလာင်းဒေသ ထေ့ပ်ကစပ်ရီလမ်းမပေါ်တွင် ယင်းသို့ဖြစ်ပွားခြင်းဖြစ်ပြီး
မြန်မာအလုပ်သမား နှစ်ဦး ဒဏ်ရာအပြင်းအထန်ရကာ ခုနစ်ဦး ဒဏ်ရာအနည်းငယ်ရရှိကြောင်း ဖော်ပြသည်။

ရဲတပ်ဖွဲ့များ၊ ထလာင်းဆေးရုံနှင့် ကယ်ဆယ်ရေးအဖွဲ့များက ဒဏ်ရာရရှိသည်သူများကို ရှေးဦးသူနာပြုစုနည်းဖြင့် ကုသပေးခဲ့ပြီး ဒဏ်ရာပြင်းထန်သူ နှစ်ဦးကို ဆေးရုံသို့ ပို့ဆောင်ပေးခဲကြောင်း ရေးသားထားသည်။

ဒဏ်ရာပြင်းထန်သူ နှစ်ဦးအနက် တစ်ဦးမှာ ဆေးရုံတွင် သေဆုံးသွားကြောင်း ဖော်ပြသည်။

ကားတိုက်မှုကြောင့် သေဆုံး ဒဏ်ရာရကြခဲ့သည် မြန်မာအလုပ်သမားများ၏ ကိုယ်ရေးအချက်အလက်များကို သတင်းများတွင် ဖော်ပြထားခြင်း မရှိပေ။

သေဆုံးသူ၏ အချက်အလက်များကို ရဲတပ်ဖွဲ့ဝင်များက ဆက်လက်စုံစမ်းနေဆဲဖြစ်ပြီး ယာဉ်တိုက်မှုဖြစ်ခဲ့ခြင်း၏ သက်သေအထောက်အထားများကို ဆက်လက်ရှာဖွေစုဆောင်းနေဆဲဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။

Ref: Phuket News, FM 91