တနင်္သာရီနှင့် ပုလောတွင် ပြည်သူ့ကာကွယ်ရေး ရဲဘော်နှစ်ဦးကျဆုံး

0
4556

မြိတ်ခရိုင်၊ တနင်္သာရီနှင့် ပုလောမြို့နယ်တို့တွင် ပြည်သူ့ကာကွယ်ရေးတပ်သားနှစ်ဦး ကျဆုံးသွားကြောင်း သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့များထံမှ သိရသည်။

တနင်္သာရီမြို့နယ်၊ ဘန်လောရွာတွင် ဖေဖော်ဝါရီလ ၁၇ ရက်က နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်ကြီးကျည်စ ထိမှန်၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က ရဲဘော်တစ်ဦးကျဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။

ကျဆုံးသူမှာ ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်နေသူ အသက် ၃၃နှစ်အရွယ် ရဲဘော် မရင်းကြီး (၂) ဖြစ်ကြောင်း ၎င်းတို့က ပြောသည်။

ကျဆုံးခဲ့သည့် ရဲဘော်သည် အသက် ၃၃ နှစ်အရွယ်ရှိပြီး ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်နေသူ မရင်းကြီး (၂) ဖြစ်ကြောင်း ၎င်းတို့က ပြောသည်။

“ဒီနေ့ပဲ တကူရွာမှာ သင်္ဂြိုဟ်လိုက်ပါပြီ” ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) တာဝန်ရှိသူ ကပြောသည်။

ယင်းအပြင် ပုလောပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း (၁) က အသက် ၂၂ နှစ်ရှိ ရဲဘော် သားဖြိုးသည် လည်း ဖေဖော်ဝါရီ ၁၈ ရက်တွင် ကျဆုံးခဲ့ရကြောင်း တပ်ရင်း (၁) ပြန်ကြားရေးဌာနထံမှ သိရသည်။

ရဲဘော်သားဖြိုးသည် မိုင်းသယ်ရင်း မတော်တဆဖြစ်ကာ ကျဆုံးခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

တနင်္သာရီတိုင်းအတွင်း ပုလောနှင့် တနင်္သာရီမြို့နယ်တို့သည် စစ်ကောင်စီနှင့် တိုက်ပွဲအဖြစ်များဆုံးဒေသဖြစ်ပြီး စစ်ကောင်စီက ဖေဖော်ဝါရီ ၂ ရက်တွင် စစ်အုပ်ချုပ်ရေး ကြေညာခဲ့သည်။