ပေါင် ၄ ဒသမ ၅ ဘီလီယံဖြင့် မန်ယူကိုဝယ်ရန် ကာတာ၏အင်အားအကြီးဆုံး ဘဏ်ပိုင်ရှင် ဥက္ကဋ္ဌ ကမ်းလှမ်း

0
2948
Photos - Financial Time

ကာတာနိုင်ငံ၏အင်အားအကြီးဆုံး ဘဏ်ဥက္ကဋ္ဌဖြစ်သူ ဟာမတ်ဒ် ဘင်ဂျတ်စ်ဆင်း ဘင်ဂျတ်ဘ်ဘား အယ်လ်သာနီသည် မန်ယူအသင်းကို အကြွေးမထားဘဲ ငွေသားသီးသန့် ပေါင် ၄ ဒသမ ၅ သန်း တိုက်ရိုက်ပေးချေမည့်ပုံစံဖြင့် ဝယ်ယူရန် ကမ်းလှမ်းထားပြီဖြစ်ကြောင်း အတည်ပြုချက် ထွက်ပေါ်လာခဲ့သည်။

မန်ယူကို ကာတာရင်းနှီးမြှုပ်နှံသူများက ဝယ်ယူရန် ပေါင် ၄ ဒသမ ၁ ဘီလီယံမှနေ၍ ပေါင် ၄ ဒသမ ၅ ဘီလီယံရှိသော ငွေပမာဏဖြင့် ကမ်းလှမ်းထားပြီဟူသော သတင်းများသည် လွန်ခဲ့သည့်သီတင်းပတ်ကတည်းက ထွက်ပေါ်နေခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ကမ်းလှမ်းသော လုပ်ငန်းစဉ်၊ ဝယ်ယူရန် ကမ်းလှမ်းထားသူ၏အမည်နှင့် ငွေပေးချေရန် ကမ်းလှမ်းထားသောပုံစံတို့ အတည်ပြုချက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

ကာတာနိုင်ငံ၏အင်အားအကြီးဆုံး ဘဏ်ဥက္ကဋ္ဌဖြစ်သူ ဟာမတ်ဒ် ဘင် ဂျတ်စ်ဆင်း ဘင် ဂျတ်ဘ်ဘား အယ်လ်သာနီသည် ကာတာဝန်ကြီးချုပ်ဟောင်း၏သားဖြစ်ပြီး ဗြိတိန်နိုင်ငံတွင် ပညာသင်ကြားကာ ဘွဲ့ရရှိသူလည်းဖြစ်သည်။

ဘဏ်ဥက္ကဋ္ဌ ဟာမတ်ဒ် ဘင် ဂျတ်စ်ဆင်း ဘင် ဂျတ်ဘ်ဘား အယ်လ်သာနီသည် မန်ယူကို ဝယ်ယူရန်အတွက် ရာနှုန်းပြည့် စိတ်အားထက်သန်နေသူဖြစ်ကာ မန်ယူအသင်း၏ကွင်းတွင်းနှင့် ကွင်းပြင်ပ ဂုဏ်ကျက်သရေများ အားလုံး ၎င်း၏လက်ထက်တွေ ပြန်လည်ရရှိစေရမည်ဟုလည်း ဟာမတ်ဒ် ဘင် ဂျတ်စ်ဆင်း ဘင် ဂျတ်ဘ်ဘား အယ်လ်သာနီက ထုတ်ပြန်ကြေညာထားပြီဖြစ်သည်။

မန်ယူအသင်းပိုင်ရှင် ဂလေဇာမိသားစုသည် မန်ယူ၏တန်ကြေးကို ပေါင် ၆ ဘီလီယံ သတ်မှတ်ဈေးခေါ်ထားပြီး ဟာမတ်ဒ် ဘင် ဂျတ်စ်ဆင်း ဘင် ဂျတ်ဘ်ဘား အယ်လ်သာနီဘက်ကမူ ဝယ်ယူရန်အတွက် ပေါင် ၄ ဒသမ ၅ ဘီလီယံ၊ အသင်းအနာဂတ်အတွက် ရင်းနှီးမြှုပ်နှံရန် ပေါင် ၂ ဘီလီယံဟု ရည်မှန်းထားကြောင်း သိရှိရသည်။

ဟာမတ်ဒ် ဘင် ဂျတ်စ်ဆင်း ဘင် ဂျတ်ဘ်ဘား အယ်လ်သာနီသည် ကာတာနိုင်ငံခြားရေးဝန်ကြီးအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကာ ၂၀၀၀ ပြည့်နှစ်လွန်ကာလများတွင် ကာတာရင်းနှီးမြှုပ်နှံမှု အာဏာပိုင်(QIA)အဖွဲ့အစည်းကိုလည်း ၎င်းက ဦးစီးဦးရွက်ပြုပေးခဲ့ဖူးသည်။