မုဒုံ ကန်ကြီးရေကန်တွင် သားအဖနှစ်ဦး ရေနစ်သေဆုံး

0
2642

မွန်ပြည်နယ်၊ မုဒုံမြို့ ကန်ကြီးရေကန်တွင် ယနေ့ ဖေဖော်ဝါရီလ ၁၈ ရက် ညနေ ၅ နာရီကျော်က သားအဖနှစ်ဦး ရေနစ်သေဆုံးသွားကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။

မုဒုံမြို့ မြို့မ (၂) ရက်ကွက်၊ ကုက္ကိုတန်းရပ်တွင်နေထိုင်သည့် အသက် ၅၃ နှစ်အရွယ် ဦးရွှေမြင့်နှင့် အသက် ၁၂ အရွယ် မောင်သိန်းထူးဇော်တို့ သားအဖနှစ်ဦးသည် ကန်ကြီးကန်အတွင်း ရေဆင်းကူးရာမှ ရေနစ်မြုပ်ခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။

အဆိုပါသားအဖနှစ်ဦးကို မုဒုံမြို့အခြေစိုက် ပရဟိတလူမှုကူညီကယ်ဆယ်ရေးအဖွဲ့တို့ ပူးပေါင်းပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်ခဲ့ကြောင်း ယင်းအဖွဲ့များထံမှ သိရသည်။

“ရေနစ်နေတဲ့ သားအဖနှစ်ဦးရဲ့ ရုပ်အလောင်းကို ၅ နာရီခွဲလောက်မှာ ရှာဖွေတွေ့ရှိခဲ့တယ်” ဟု မုဒုံမြို့မှ လူမှုကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရုပ်အလောင်းများကို မုဒုံမြို့ရှိ လူမှုကူညီကယ်ဆယ်ရေးအသင်းအဖွဲ့တို့၏ အကူအညီဖြင့် မုဒုံမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။